ရင်ဖိုစရာ ကောက်ကြောင်းအလှတရားတွေနဲ့ ဆွဲဆောင်အားပြင်းပြင်း ညို့ယူဖမ်းစား ထားတဲ့ သဇင်ထူးမြင့်ရဲ့ အမိုက်စား ဗီဒီယိုလေး…..

ယခုမှာလည်း သဇင်ထူးမြင့်က ခါတိုင်းနဲ့မတူပဲ အသစ်အဆန်းအနေနဲ့ ဖေ့ဘွတ်စာမျက်နှာထက်မှာ ပိုစ့်တစ်ခုတင်ပေးလာခဲ့ ပါတယ်။

ဆောင်းဦးလှိုင်ရဲ့ ” ကျွန်တော့်အသည်း ” သီချင်းလေးနဲ့ ရိုးရှင်းလှပတဲ့ မြန်မာဝတ်စုံလေးတွေနဲ့ ကျက်သရေရှိရှိ လှရက်လွန်းနေတဲ့ ဗီဒီ ယိုဖိုင်လေးကို တင်ပေးလာတာဖြစ်ပြီး”

ဦးဆောင်းဦးလှိုင်ရဲ့ ‘ကျွန်တော့်အသည်း’ဒီသီချင်းလေးကို စပြီးနားထောင်တည်းက အရမ်းသ ဘောကျခဲ့မိလို့ အမှတ်တရလေးပါ ” ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာကြောင့် ပြန်လည်တင်ဆက် ပေးလိုက်ပါတယ် နော်။

။ကာရိုက်တာပေါင်းစုံကို ပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တဲ့ မင်းသားကြီးခင်လှိုင်ကတော့ သူရဲ့ အနုပညာမျိုးဆက်ဖြစ်တဲ့ သမီးချော လေး သဇင်ထူးမြင့်ကို အနုပညာလမ်းကြောင်းထက်ကို ချပြပေးခဲ့ပြီလည်း ဖြစ်ပါတယ်။

သဇင်ထူးမြင့်က ရိုးရှင်းအေးချမ်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားပြီး အသားအရည်လေးကလည်း ဝင်းလဲ့တောက်ပလွန်းတာကြောင့် ပုရိသပရိသတ်တွေသာမကပဲ မိန်းကလေးအချင်းချင်းကပါ အားကျချစ်ခင်နေတာကိုလည်း တွေ့ရပါတယ်နေ်။

ရွှေကြိုမယ် တစ် ယောက်အဖြစ် အနုပညာလှုပ်ရှားမှုတွေကို စတင်လုပ်ကိုင်ခဲ့တဲ့ သဇင်ထူးမြင့်က နောက်ပိုင်းမှာတော့ သီချင်း MTVတွေနဲ့ ကြော်ငြာတွေ ကိုလည်း လက်ခံရိုက်ကူးလာတာကို တွေ့ရပါတယ်။

သဇင်ထူးမြင့်က သူမရဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်လေးတွေနဲ့ တစ်နေ့တာလှုပ်ရှား မှုလေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်မှာ မျှဝေလေ့ရှိသူတစ်ယောက်ပါ။

Source – Thazin Htoo Myint’s facebook page

Posted in Celebrity

Add a Comment

Your email address will not be published.