ရင်ဖိုစရာ ကောက်ကြောင်းအလှအပလေးနဲ့ ဆွဲဆောင်အားပြင်းပြင်း ညို့ယူဖမ်းစား ထားတဲ့ မေမြင့်မိုရ်ရဲ့ အမိုက်စား ပုံရိပ်လေးများ………

MRTV -4 ရဲ့ ဒိတ်ဒိတ်ကြဲ မင်းသမီး တစ်လက် ဖြစ် တဲ့ သရုပ်ဆောင် မေမြင့်မိုရ် ကတော့ ပန်းနုသွေး ကာရိုက် တာ လေး နဲ့ ပရိသတ် ရင်ထဲ ဝင်ရောက် လာ ခဲ့ သူ ပါ။

အနု ပညာ လောက ထဲ ကို စတင် လျှောက်လှမ်း လာခဲ့ စဉ် က ရိုးယဉ် လှတဲ့ ဝတ်စားပုံ တွေ နဲ့ ချိုသာ တဲ့ အပြော လေးတွေ ကြောင့် လူကြီး လူငယ်မရွေး ပရိသတ် တွေ ရဲ့ အားပေး ဝန်းရံမှု ကို တစ်ခဲနက် ရရှိ သူ လည်း ဖြစ် ပါ တယ်။

အခု နောက်ပိုင်း မှာ တော့ ခေတ်နဲ့ အညီ ဝတ်စား ရတာ ဖြစ်ပြီး ပွဲတက် ဖက်ရှင် တွေ ဆို လည်း အများ နဲ့ မတူ တမူ ကွဲပြားအောင် ဝတ်ဆင်တတ်သူ ဖြစ်ပြီး လိုက်ဖက် လွန်းတာ ကို တွေ့ရ ပါ တယ်။

အနု ပညာ အလုပ် တွေ ကို ဆက်တိုက် ဆိုသလို ကြိုးစား လုပ်ကိုင် နေတဲ့ မေမြင့်မိုရ် တစ်ယောက် ရှုတင် မရှိ တဲ့ အားလပ် ရက်လေးတွေ မှာ ဆို ပြည်တွင်း ခရီးစဉ် တွေ ကို အပန်းဖြေ အဖြစ် သွား ရောက် လည်ပတ် လေ့ရှိ တာ ပါ။

ယခုမှာ ဆိုရင် လည်း အေးချမ်း တိတ်ဆိတ် ပြီး စိမ်းစိမ်း စိုစို နဲ့ လှပလွန်း တဲ့ သဘာဝ ပတ်ဝန်းကျင် တွေ ဆီ လည်ပတ် နေခဲ့ တာ ပဲ ဖြစ်ပါတယ်။

လှတဲ့ ရှုခင်းတွေ ကို နောက်ခံ ထားကာ ရိုက်ကူး ထား တဲ့ မေမြင့်မိုရ် ရဲ့ ပုံလေးတွေ က ပရိသတ် တွေ ကို အချစ် ပို မိ စေမှာ ပါ။

ဦးထုပ် လေး စောင်းကာ ဘောင်းဘီတို လေး နဲ့ အထာကျ နေ တဲ့ မေမြင့်မိုရ် ရဲ့ ပုံလေး တွေ ကို ပရိသတ် တွေ ထံ ပြန်လည် တင်ဆက်ပေးလိုက် ပါ တယ် နော်။

Photo credit – May Myint Mo’s Facebook Account

Add a Comment

Your email address will not be published.