ရန်ကုန် ဘက်မှ  မန္တလေးဘက်သို့  သွားတဲ့ အမြန်လမ်း မိုင်တိုင်(၂၃၀) မှာ အန္တရာယ် ဖြစ်စေနိုင်တဲ့ ကားအက်ဆီးဒင့် တစ်ခုနဲ့ ကြုံခဲ့ရတဲ့ အဆိုတော် သရုပ်ဆောင် ထွန်းထွန်း

ရန်ကုန် ဘက်မှ မန္တလေး ဘက်သို့ နာမည်ကြီး အဆိုတော် သရုပ်ဆောင် ထွန်းထွန်း နှင့် အမျိုးသား တစ်ဦးမောင်းနှင်လာသော (Alphard) အဖြူရောင်ယာဥ် သည်အမြန်လမ်း မိုင်တိုင် (226)အရောက် အတက်အဆင်း လမ်းပျောက်သည့်နေရာတွင်(​ခန့်မှန်း) အရှည် ခြောက်ပေ အချင်း ငါးလက်မခြောက် လက်မ ရှိသော သစ်လုံးတစ်လုံးအားအမြန်လမ်း လမ်းအလယ်တွင် ကန့်လန့် ပိတ်ထားမှုအား ရုတ်တစ်ရပ်တွေ့ရှိလိုက် ရသဖြင့်

ကီလို ၁၀၀အရှိန်ဖြင့် မောင်းနှင်လာ သောယာဥ်မှာ သစ်လုံးကိုရသလောက်ရှောင် တိန်းရင်းကားဘယ်ဘက်ဘီး ကားဝမ်းဗိုက်တို့နှင့်တိုက်မိသဖြင့် ကားဘီးပေါက် ဂီယာဘောက်ကွဲတိုက်လောက်ကွေး ကားအောက်ပိုင်းတစ်ခုလုံး သစ်လုံးဖြင့် ပွတ်တိုက်မိ ခဲ့ပါသည်။

ထိုအချိန် ကားမရပ်ဘဲ ရှေ့ဘီးအပေါက်ဖြင့်လေးဖာလုံလောက် ဆက်မောင်းနှင်ပြီးမှကားရပ်ကာ ရှေ့ဘီး မြန်မြန်လဲပြီးကားဆက်မောင်းလာခဲ့ပါတယ်ကားပေါ်စီးနင်းလိုက်ပါလာတဲ့ အမျိုးသား(၂)ယောက်လုံး ဒဏ်ရာရရှိမှု မရှိခဲ့ပေမဲ့အမြန်လမ်း မိုင်တိုင် (230) အရောက်တွင်ကားမှာ မောင်းမရတော့ပဲ စက်သေသွားခဲ့ပါသည်။

ည(10.55)မိနစ်တွင် ကျွန်တော်တို့ထံ ဖုန်းဝင်လာပြီး မနက်အရေးကြီးအလုပ် ကိစ္စတစ်ခုရှိကြောင်းနှင့်လမ်းမှသစ်လုံးအား အရှိန်နှင့် တက်နင်းမိကြောင်း ဖုန်းဆက်အကူအညီတောင်းလာပါသဖြင့်အသင်းမှ အရေးပေါ် ကယ်ဆယ် ရေးယာဥ်တစ်စီးဖြင့် ချက်ချင်း ထွက်ခွါ၍ အရေးပေါ်သွားရောက် ကူညီခဲ့ရပါသည်။

ည(12:00)နာရီအချိန်တွင် ကားပျက်နေသည့်အမြန်လမ်း မိုင်တိုင်(230)သို့ရောက်ရှိပြီးမောင်းမရတော့သည့်ယာဥ်အား ကရိန်းဖြင့် ရွှေ့ပြောင်းသယ်ဆောင်ပြီး အမျိုးသားနှစ်ဦး ကိုတော့ မျိုးဆက်သစ်မြတ်ပါရမီ အသင်းမှကယ်ဆယ်ရေးယာဥ်ဖြင့် မန္တလေးသို့ ပို့ဆောင် ကူညီပေးခဲ့ရပါသည်။

လူကြီး မိဘများအနေဖြင့်လည်းအမြန်လမ်းပေါ်တွင် လူသားချင်းကိုယ်ချင်းစာစိတ်မရှိပဲ ဝမ်းတစ်ထွာအတွက်အစုလိုက် အပြုံလိုက် မိသားစုလိုက် သတ်ဖို့ ဝန်မလေးတဲ့သူတွေ အသင့်ရှိနေကြတယ်ဆိုတာ သတိပေးရင်းအမြန်လမ်းပေါ်မှ ခရီးသွားလာနေကြသောမိဘပြည်သူများအားလုံး အန္တရာယ်ကင်းစွာဖြင့်လိုရာခရီးကို ချောချောမွန်မွန် ရောက်ရှိကြပါစေလို့ ဆုတောင်းမေတ္တာပို့ သလိုက်ရပါသည်။

Credit:မျိုးဆက်သစ်မြတ်ပါရမီအသင်း

Add a Comment

Your email address will not be published. Required fields are marked *