ဝမ်းနည်းရတယ် သူချစ်ရတဲ့ ပရိတ်သတ် တွေကို အသက် (၅၃)နှစ် အရွယ်မှာ နှုတ်ဆက် သွားရတော့မယ့် အကြောင်း ပြောပြလာတဲ့ လူရွှင်တော် ဦးအုန်းသီး..

အုန်းသီးဟာ ဘုရားမှာ အမြဲတောင်းနေကြဆု ဖြစ်တဲ့ “သတ္တဝါတွေ ကို ကယ်ပြီးတော့ မရှိသူ ဆင်းရဲတွေကို

ပေးကမ်းတဲ့သူဖြစ်ရပါလို၏” ဆိုတဲ့ ဆုတောင်းကြောင့် သတ္တဝါ တွေရဲ့ အသက် ကို ကယ်တင် နေတယ်လို့ ဆိုပါတယ်။

ပရိသတ်တွေကို ရယ်မောစရာ ပြက်လုံးတွေနဲ့ အမြဲတမ်း ဖျော်ဖြေ လေ့ရှိတဲ့ အုန်းသီး ကတော့

အခုချိန်မှာ လူတွေ ရဲ့ အသက်ကို ကယ်တင် ပေးနေတယ်လို့ ဆိုပါတယ်။

ဒါဟာ ဇာလီတောင် ဆရာတော်ကြီး ရဲ့ မေတ္တာ ကြောင့် အခုလို ကယ်ခွင့်ရေ နတာ လို့လည်း သူက ပြောပါတယ်။

ဇာလီတောင် ဆိုတာ ရှိတယ် အဲဒီက ဆရာတော် ဘုရားကြီးက လူတွေ အများကြီး ကြားထဲမှ

ာ တစ်ယောက် တည်းကို ခေါ်ပြီးတော့ မင်းကို ဒီနေ့က စပြီးတော့ ပျောက်စေ “ စေ” တစ်လုံးပိုင် ပေးမယ် ဆိုပြီးတော့

မိုးကြိုးသွား တွေနဲ့ ကျောကုန်းကို ထုတယ်၊ ပျောက်စေ အော်စမ်း ဆိုပြီးတော့ပေါ့။

ပြီးလည်း ပြီးသွားရော ပရိတ်စိလေး တစ်ခု ပေးတယ်။မင်း သတ္တဝါတွေကို ကယ်တော့ ဆိုပြီးတော့

ဆရာတော် ကြီးရဲ့ မေတ္တာတွေနဲ့ သတ္တဝါ တွေကို လိုက်ကယ်ပါတယ်။

အခုချိန်ထိ ကိုယ် ကယ်လိုက်တဲ့ သူတွေဆီက ပိုက်ဆံ တစ်ပြားမှ လည်း မစားခဲ့ဖူးဘူး

အဲဒီ သစ္စာ နဲ့ အလုပ် လုပ်ပါတယ်” ပြောခဲ့ပါတယ်။ အုန်းသီးဟာ အခုဆိုရင်

သူ့ရဲ့ အနုပညာ ညီအစ်ကို တွေသာမက ရပ်ကွက်မှာ အတူတူ နေထိုင်တဲ့ ပတ်ဝန်းကျင်က

လူတွေရဲ့ အသက်ကိုပါ ကယ်ပေးခဲ့ ဖူးတယ်လို့ သိရပါတယ်။

ဒါ့အပြင် သူကိုယ်တိုင် ကလည်း အသက်(၅၃) နှစ် အရွယ်မှာ

ပရိသတ်တွေကို နှုတ်ဆက် သွားရမှာ လို့လည်း ပြောခဲ့ပါသေး တယ်။

“ ဦး အုန်းသီး လူတော်တော် များများကို ကယ်ဖူးပါတယ်။ ကိုယ်နေတဲ့ ရပ်ကွက် မှာရော၊

ဦးနဲ့ ပတ်သက်တဲ့ လူတော်တော် များများ ကိုရော ကယ်ဖူးတယ်။

မှတ်မှတ်ရရ ဆေးရုံမှာ အသက်ကယ် ဆေး(၂) လုံး ထိုးထားတဲ့ အမေကြီး တစ်ယောက်ပေါ့

အဲဒါက ဦးရဲ့ တပည့် အရင်းရဲ့ အမေပါ။ မင်းအမေ ကို အိမ်ခေါ်သွားလို့ရတယ်

လမ်းမှာ သေသွားရင် ငါ့ကို ဓားနဲ့ ခုတ်သတ် ဆိုပြီးပြောတာ။

ဒါပေမယ့် ငါပြောတဲ့ ယတြာ အတိုင်းလုပ်၊ ငါပြောတဲ့ လမ်းကြောင်း အတိုင်းသွားပြီ။

အဲဒီလိုနဲ့ အခုဆိုရင် အဲဒီ အမေကြီးက အသက်(၆၆) နှစ်ကနေ အသက်(၆၉) နှစ်ရှိပြီ။

ဦး ကယ် ထားတာ အခုဆို (၃) နှစ်ရှိပြီ။ လွန်ခဲ့တဲ့ ၃ နှစ်က သူ လုံးဝ

လမ်းမ လျှောက်နိုင်ဘူး အခုကျတော့ လမ်းတောင် လျှောက်နေပြီ။

ဦး အုန်းသီး ကိုယ်တိုင် ကလည်း ဘုရားမှာ ဆု တစ်ဆုပဲ တောင်းတယ်

သတ္တဝါတွေကို ကယ်ပြီးတော့ မရှိသူ ဆင်းရဲတွေကို ပေးကမ်းတဲ့ သူဖြစ်ရပါလို၏

လို့ဆုတောင်းတယ်။ အခု အသက်(၅၀) ထဲဝင် တော့မယ် ဘယ်အချိန် ကိုယ်တွေ သွားရတော့မလဲ

မသိဘူး ဒါပေမယ့် ဦး မှန်းထားတယ်။ အသက်(၅၃) နှစ်ရောက်ရင် ဦးအုန်းသီး သေလိမ့်မယ်။

ကိုယ့်ဘာသာ ကိုယ် တွက်ပြီးသားပါ။ နေရာတကာ တိုင်းလည်း မမှန် တတ်ဘူးကွာ” လို့

ဆက်လက် ပြောပြ လာပါတယ်။

လက်ရှိ မှာတော့ လူရွှင်တော် အုန်းသီးဟာ လူရွှင်တော် အသင်းရဲ့

ဒုဥက္ကဌ ရာထူးနဲ့ တာဝန် ထမ်းဆောင် နေတာဖြစ်ပါတယ်။

ဒါ့အပြင် သက်ကြီးလူ ရွှင်တော်တွေ အတွက် ဘိုးဘွားရိပ်သာ ဆောက်လုပ်ရေး

လုပ်ငန်းတွေ အပြင် နောက်ထပ် ပရဟိတ လုပ်ငန်း တွေမှာလည်း

လူရွှင်တော်အသင်း အဖွဲ့သား တွေနဲ့ အတူ အလှူ အတန်းတွေကို

တက်တက် ကြွကြွ လုပ်ဆောင် နေတာ တွေ့ရပါတယ်။

လက်ရှိမှာတော့ သူ့ရဲ့ အနုပညာ သက်တမ်းဟာ (၁၀) စုနှစ်

တစ်စုကို ကျော်လွန် လာခဲ့ပါပြီ။

Crd – Duwun

Add a Comment

Your email address will not be published. Required fields are marked *