“VUI-202012/01” ဟု ခေါ်သော အလွန် ကူးစက်မြန် မျိုးဗီဇကွဲ ကိုရိုဗိုင်းရပ်စ်သစ် ကူးစက်မှုတွေ ယူကေ တွင် ရှိလာ
ဗြိတိန် နိုင်ငံက သိပ္ပံပ ညာရှင်တွေ ဟာ နိုင်ငံေ တာင်ပိုင်း မှာ လျင်မြန်စွာ ကူးစက်နေ တဲ့ COVID-19 နဲ့ ဆက်စပ်နေ တဲ့ ဗိုင်းရပ်စ် အမျိုး အစားသစ် တမျိုး အကြောင်း ကို အဖြေရှာေ နတယ်လို့ ထုတ်ဖော်ပြောဆို လိုက်ပါ တယ်။
ဗြိတိန်ကျန်း မာရေး ဝန်ကြီးဌာန ရဲ့ ပြောဆိုချက် အရ COVID-19 ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ် မျိုးဗီဇကွဲ ကူးစက်မှု ကို နိုင်ငံတွင်းက လူပေါင်း ၁,၀၀၀ ကျော်လောက် မှာ တွေ့ရှိထား တယ်လို့ ဆိုပါ တယ်။
ပညာရှင်ေ တွက ပြောင်းလဲနေ တဲ့ မျိုးဗီဇကွဲ ကူးစက်မှု အကြောင်း ကို ခြေရာခံစုံစမ်းနေပြီး လက်ရှိ ဗိုင်းရပ်စ်ထက် ရောဂါပိုမို ပြင်းထန်ခြင်း ရှိ၊မရှိ ၊ ထိုးနှံပေးနေတဲ့ ကာကွယ်ေ ဆး အလုပ်ဖြစ်၊ မဖြစ်ဆိုတာတွေပါ အသေးစိတ် လေ့လာနေဆဲဖြစ်လို့ အတိအကျ မသိရှိရသေးဘူး လို့ ဆိုပါတယ်။
“VUI-202012/01” ဟု ခေါ်သော အလွန် ကူးစက်မြန် မျိုးဗီဇကွဲ ကိုရိုဗိုင်းရပ်စ်သစ် ကူးစက်မှုတွေ ယူကေ တွင် ရှိလာ
လက်ရှိ မှာတော့ ယူကေ သိပ္ပံပညာ ရှင်တွေဟာ ဗိုင်းရပ်စ် အမျိုးအစားသစ်ကို “VUI-202012/01” လို့ နာမည်ပေးထားပြီး လေ့လာနေဆဲ ရလဒ်တွေအရ လက်ရှိ ကူးစက်နေတဲ့ ကိုရိုနာ ဗိုင်းရပ်စ် ထက် လူတွေကြား ကူးစက်မှု ပိုမိုမြန်ဆန်တယ် လို့ ဆိုပါတယ်။
ဗြိတိန် အစိုးရ ကလည်း ဗိုင်းရပ်စ် အမျိုးအစားသစ်နဲ့ ဆက်စပ်နေတဲ့ ကူးစက်မှုသစ်တွေကြောင့် လန်ဒန်မြို့တော် အပါအဝင် နေရာအများအပြားကို COVID-19 ကန့်သတ်ချက် အမြင့်ဆုံးအဆ င့်ကို ဒီဇင်ဘာ ၁၄ ရက်မှာပဲ ထပ်မံတိုးမြင့်လိုက် ပါတယ်။
အင်္ဂလန်ပြည်သူ့ကျန်း မာရေးဘက် က ပြောကြားချက် အရ ဒီဇင်ဘာ ၁၃ ရက်မှာ COVID-19 ကူးစက်မှုတွေထဲက အင်္ဂလန်နိုင်ငံ တောင်ပို င်းနဲ့ အရှေ့ပိုင်းနေရာတွေမှာ မျိုးဗီဇကွဲကူးစက်မှု ၁,၁၀၈ ခု တွေ့ရှိခဲ့တယ်လို့ ဆိုပါ တယ်။
“VUI-202012/01” ဟု ခေါ်သော အလွန် ကူးစက်မြန် မျိုးဗီဇကွဲ ကိုရိုဗိုင်းရပ်စ်သစ် ကူးစက်မှုတွေ ယူကေ တွင် ရှိလာ
ဗိုင်းရပ်စ်ေ တာ်တော် များများ ဟာ သဘာဝအရ မျိုးဗီဇ ကွဲတာမျိုးတွေ ဖြစ်လေ့ရှိပြီး SARS-CoV-2 ဗိုင်းရပ်စ်ဆိုရင် တလ မှာ တကြိမ်ကနေ နှစ်ကြိမ်လောက် သန္ဓေပြောင်းလဲမှုတွေ ဖြစ်ပေါ်လေ့ရှိတယ် လို့ ဆိုပါတယ်။ “လေ့လာနေဆဲ ရလဒ်တွေအ ရဆိုရင် ၂၀၁၉ မှာ စတင်ပေါ်ပေါက်လာ တဲ့ SARS-CoV-2 ဗိုင်းရပ်စ်အမျိုးအစား ဟာ မျိုးဗီဇကွဲ ထောင်ေ သာင်းချီလောက် ပြောင်းလဲခဲ့တာပါ ” လို့ COG-UK မျိုးဗီဇကျွမ်းကျင်သူ အဖွဲ့က ဆိုပါတယ်။
မျိုးဇီကွဲ အများစု က ဗိုင်းရပ်စ် ကူးစက်မှုအပေါ် အကျိုးသက်ရောက်မှု ကြီးကြီးမားမားမရှိခဲ့ဘဲ အနည်းစုလောက်သာ ကူးစက်မှု ပိုပြင်းထန်တာမျိုး၊ ကူးစက်မှု ပိုများလာတာမျိုးတွေ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ PHE ဆေးပညာ အကြံပေး Susan Hopkins က “ဗိုင်းရပ်စ်က ပြောင်းလဲသွားမယ် ဆိုတာ မျှော်လင့်ထားပြီးသား ပါ။ အရေးကြီးဆုံးက မျိုးဗီဇကွဲသွားတဲ့ အတွက် ဖြစ်လာနိုင်မယ့် အန္တရာယ်တွေ ကို အမြန်ဆုံး နားလည်အောင် ကြိုးစားဖို့ပါပဲ ” လို့ ဆိုပါတယ်။
“VUI-202012/01” ဟု ခေါ်သော အလွန် ကူးစက်မြန် မျိုးဗီဇကွဲ ကိုရိုဗိုင်းရပ်စ်သစ် ကူးစက်မှုတွေ ယူကေ တွင် ရှိလာ
ဗြိတိန်လွှတ်တော် မှာလည်း COVID-19 ရောဂါနဲ့ ဆက်စပ်ေ နတဲ့ မျိုးဗီဇကွဲကြောင့် ကူးစက်မှုတွေ ကို အမြန်ဆုံး ကာကွယ်ဖြေရှင်းဖို့ လိုအပ်တဲ့အကြောင်း ကို ဆွေးနွေးခဲ့ပါတယ်။ ကျန်းမာရေး ဝန်ကြီး Matt Hancock က နိုင်ငံတွင်း က ဒေသ ၆၀ ကျော်က တာဝန်ရှိသူတွေဟာ မျိုးဗီဇကွဲကူးစက်မှု အကြောင်း ကို တွေ့ရှိထားပြီး၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ကိုလည်း အဆိုပါကိ စ္စနဲ့ ပတ်သက်ပြီး အစီရင်ခံ အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။
Source; BBC
Source; BBC
Add a Comment
Your email address will not be published. Required fields are marked *