‌ထိုးရတော့မဲ အိန္ဒိယ ကိုဗစ် ကာကွယ် ဆေးထိုးရင်ခံစား ရနိုင်တဲ့ အချက်များ….

အိန္ဒိယ COVISHIELD (Oxford-AstraZeneca) ကာကွယ်ဆေးထိုးရင် ခံစားရနိုင်တာ လေးတွေကို ပြန်လည် မျှဝေပေး လိုက်ပါတယ်နော်။

ဆေးအရှိန်ပြတာကို ၂ ရက်လောက် ခံစားရနိုင်ပါတယ်။

(၁)ဆေးထိုးထားသောနေရာမှာနာခြင်း (၆၇%)

(၂) ဖျားခြင်း (၁၈%)

(၃) ချမ်းစိမ့်စိမ့်ဖြစ်ခြင်း (၅၁%)

(၄) ကြွက်သားနာကျင်ခြင်း (၆၀%)

(၅) ပင်ပန်းနွမ်းလျှခြင်း (၇၀%)

(၆) ခေါင်းကိုက်ခြင်း (၆၈%)

(၇) အဆစ်နာကျင်ခြင်း (၃၁%) စတာတွေဖြစ်ပေါ်တတ်ပါတယ်။

ချစ်ပရိသတ်ကြီးရေ ဆေးထိုးပြီး ဒီလိုခံစား ရတာဟာ ကိုယ်ခံအား တွေထွက်လာဖို့ ကိုယ်ခန္ဓာက တုန့်ပြန်တဲ့ လက္ခဏာတွေပါပဲ၊

အများကြီးစိတ်ပူမနေပါနဲ။ ၁-၂ ရက်နေပျောက်ပါတယ်။နာကျင်တာ ဖျားတာ ခေါင်းကိုက်တာတွေအတွက် ပါရာစီတီမောဆေး တစ်လုံးနှစ်လုံးကို ၆ နာရီခြားသောက်လို့ရပါတယ်၊ဆေးထိုးပြီးတဲ့ ရက်တွေမှာ အနားသေချာယူပေးပါ။

(၃ )ရက်ကျော်လို့ ခံစားရတာတွေ မပျောက် သေးရင်တော့ ဆရာဝန် ပြန်ကို ဆက်သွယ် ပြီး ဆွေးနွေးပေးရပါမယ်။

တခါတလေ မှာ ဆေးကို ကိုယ်ခန္ဓာက တုန့်ပြန်ချက် ကြောင့် လည်ပင်းနဲ့ ဂျိုင်းကြားမှာ အကြိတ်ဖုလေးထွက် လာတတ်ပါတယ်။ တစ်ပတ်လောက်ကြာရင် ပျောက်သွားပါလိမ့်မယ်။

မကြောက်နဲ့ နော် ဖြစ်တတ်တာ လေး တွေကိုယ် ကြိုတင်သိစေရန် ပြောပြပေး သွားတာ မလို့ ပြန်လည်ပြီး တော့  Like & share လေးလုပ်ဖို့ တော့ မမေ့ ပါနဲ့ နော်။ အဆုံးထိ ဖတ်ရှု ပေးသော ချစ်ပရိသတ်ကြီး လည်း သာယာ ပျော်ရွှင် သော နေ့လေးပိုင် ဆိုင်နိုင်ကြပါစေ လို့ ဆုတောင်း ပေးလိုက်ပါတယ်။

Crd

Add a Comment

Your email address will not be published. Required fields are marked *