ငါးမွေးမြူရေးငါး စားခြင်းက ကျန်းမာရေးကို ပိုထိခိုက် စေနိုင်…

လက်ရှိအချိန်မှာ တီလားပီးယား (Tilapia) ငါးမျိုးဟာ ကမ္ဘာပေါ်မှာ ဝယ်ယူရ အလွယ်ဆုံးနဲ့ စျေးချိုသလောက် ကင်စားရင် အရသာရှိတဲ့ ငါးအဖြစ် ပြောချင်လွန်းလို့တို့ ပတ်ဝန်းကျင်မှာ ကြုံတွေ့နေရမှာပါ။

ဒီငါးတွေဟာ ဟိုးရှေးရှေးထဲက ကမ္ဘာမြေပေါ်မှာ ရှင်သန်ခဲ့ကြပြီး လူကြိုက်များတဲ့ ပင်လယ်စာလည်း ဖြစ်ပါတယ်။

တီလားပီးယားငါးတွေကို အာဖရိကမှာ စတင်တွေ့ရှိ စားသုံးခဲ့ကြပေမယ့် နောက်ပိုင်းမှာ အပူပိုင်းရာသီဥတုရှိတဲ့

အင်ဒို၊ ဖိလစ်ပိုင်၊ ထိုင်းနဲ့ မလေးတို့လို နိုင်ငံတွေမှာ အကြီးအကျယ်မွေးမြူစားသုံးလာခဲ့ကြပါတယ်။

ဖိလစ်ပိုင်မှာ မွေးမြူတဲ့ တီးလားပီးယားတွေကို နိုင်ငံအတွင်းမှာသာ စားသောက် လေ့ရှိပြီး အလည်လာတဲ့ နိုင်ငံခြားသားတွေကလည်း ဒါကို အဖြူရောင်အသားဆိုပြီး နှစ်သက်ကြပါတယ်။

တစ်ချို့နိုင်ငံတွေက နာမည်ကြီး စားဖိုမှူးတွေကတော့ ဒီငါးရဲ့ နူးညံ့တဲ့ အသားအရသာကြောင့် ဟင်းပွဲအဖြစ် ဖန်တီးလိုကြတယ်။

ပြောချင်လွန်းလို့ တို့ ငယ်ငယ်တည်းက သိခဲ့တာက ငါးစားရင် ကျန်းမာတယ်လို့ ဖြစ်ပြီး တီလားပီးယားလဲ အတူတူဖြစ်သင့်ပေမယ့် အခုနောက်ဆုံးထွက်ပေါ်လာတဲ့ သုတေသနရလဒ်ကတော့ ပြောင်းပြန်ဖြစ်နေပါတယ်။

စားလို့ရတဲ့ ငါးတိုင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်တာ မဟုတ်ပါဘူး။

တီလားပီးယား တွေကိုလည်း မှန်ကန်စွာ ကြီးပြင်းလာတဲ့ ငါးဆိုရင် အကျိုးရှိနိုင်ပေမယ့် မဟုတ်ရင်တော့ အန္တရာယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

အစောပိုင်းမှာတော့ ကျွမ်းကျင်သူတွေကပါ မွေးမြူရေးကန်ထဲကနေ ထွက်လာတဲ့ တီလားပီးယားတွေက ပုံမှန်သဘာဝအတိုင်းဖမ်းမိတဲ့ အကောင်တွေထက် ကျန်းမာရေးနဲ့ညီညွတ်တယ်လို့ ယူဆခဲ့ကြပါတယ်။

ဒါပေမယ့် SF Globe ရဲ့ရှာဖွေတွေ့ရှိချက်အရတော့ မွေးမြူရေးကန်ထဲက တီလားပီးယားတွေဟာ

ရေညှိ၊ ပြောင်းဖူးစေ့နဲ့ ပဲလုံး တို့လို ကျန်းမာရေးကို အထောက်အကူမပြုတဲ့ အစားအစာများဖြင့်သာ ကြီးပြင်းလာရပြီး

လူသားတွေရဲ့ ကျန်းမာရေးအတွက် လိုအပ်တဲ့ အိုမီဂါသရီး ဖက်တီးအက်စစ် ပါဝင်မှုလည်း အလွန်နည်းပါးလေ့ရှိတယ်လို့ ဆိုပါတယ်။

ပိုဆိုးတာက ကင်ဆာရောဂါကို ဖြစ်ပွားစေနိုင်တဲ့ ကာဆီနိုဂျင်ဓါတ်ကို သဘာဝအတိုင်းကြီးပြင်းတဲ့ နေရာမှ ငါးတွေထက် ဆယ်ဆပိုမိုပါဝင်တယ် ဆိုတာပါပဲ။

ဝိတ်ဖောရက်စ် ကျန်းမာရေးဌာနမှ ပရော်ဖက်ဆာ ဒေါက်တာဖလွိုက်ချီလ်တန်ကတော့ ဒီတီလားပီးယား တွေဟာ ငါးနဲ့တူပြီး ငါးအရသာပဲ ထွက်လိမ့်မယ်၊

ဒါပေမယ့် ငါးကပေးတဲ့ ကျန်းမာရေးကောင်းကျိုးတော့ ရမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အခုချိန်မှာ သဘာဝအတိုင်း ဖမ်းဆီးရမိတဲ့ တီလားပီးယားတွေကို စားသုံးခြင်းက ကျန်းမာရေးအတွက် ပိုစိတ်ချရမှာဖြစ်ပေမယ့်

မွေးမြူရေးကန်ထဲက မဟုတ်တဲ့ အကောင်ကို ရှာရတာလည်း တစ်နေ့တစ်ခြား ပိုပိုခက်လာပြီပဲ ဖြစ်ပါတယ်။

Credit:Nanmalgyi

Add a Comment

Your email address will not be published. Required fields are marked *