မွန်မြတ်တဲ့ အလှူလေး ပြုလုပ် ခဲ့တဲ့ ရေဗက္ကာဝင်း… သူရဲကောင်းများအတွက်..

ချစ်ပရိသတ်ကြီးရေ မြန်မာ့ လူထု လှုပ်ရှားမှု ကြီးဟာအခုချိန် ထိအသက် ဝင်ကာ အင်အားကောင်းနေ ဆဲပါပဲ။

နေရာတိုင်းမှာ လည်းပြင်းပြင်းထန်ထန် ဖြိုခွင်းခံရမှုတွေလည်းရှိ နေရာဒဏ်ရာရ ပြည်သူတွေ အများမပြားနဲ့ တကယ့်ကို နှမျောတသဝမ်းနည်း စရာပါပဲ။

ယောင်္ကျားလေး တွေကလည်း ရှေ့တန်းက နေရဲရဲဝင့်ဝင့် ပါဝင်ရင်းကာကွယ်သလို မိန်းကလေးတွေ ကလည်း ရရာ နေရာတွေကနေ ပါဝင်ကူညီအား ဖြည့်ပေးရင်း စည်းစည်းလုံးလုံးနဲ့ ပူးပေါင်းပါဝင်နေကြတာပါ။

ဒါ့အပြင် အနုပညာရှင် တွေကလည်း ပြည်သူတွေ နဲ့တစ်သားထဲ ပါဝင်ရပ်တည် ပေးခဲ့တာကြောင့် ပြည်သူ လူထုက အားအင်ပြည့်ဝကာ ပိုမိုစိတ်အားထက်သန် ခဲ့ကြတာလည်းဖြစ်ပါတယ်။

ရေဗက္ကာဝင်းက လည်းကြက်သားပလာတာ ပွဲ ၁၅၀ စာကို ကိုယ်တိုင် ပြင်ဆင်ချက်ပြုတ်ကာ လှုပ်ရှားမှုပြု လုပ်နေတဲ့ပြည်သူတွေအတွက်လှူဒါန်းခဲ့တဲ့အပြင် ညကင်း စောင့်တဲ့

လူကြီးလူငယ် တွေအတွက်လည်း လိုအပ်တဲ့ပစ္စည်းများ စုပေါင်း လှူဒါန်းခဲ့ကြောင်း ပုံလေးတွေနဲ့တကွ “ဒီနေ့လဲ စေတနာရှင်များပေါင်းပြီး ကြက်သားပလာတာ ပွဲ ၁၅၀ အိမ်မှာချက်

မြို့နယ်အလိုက် ညဘက် ကင်းစောင့်ကြတဲ့ လူကြီးလူငယ် တွေအတွက် လိုအပ်မယ့် ပစ္စည်းတွေကို စုပေါင်းလှူဒါန်းကြပါတယ်

မြန်မာပြည်သားအပေါင်း ဘေးဘယာကင်းကွာ ကြံစည် သမျှအောင် မြင်ပြီးမြောက်ကြပါစေရှင် “ဆိုတဲ့စာလေးကိုဝေမျှ ထားရာပြန်လည်ဖော်ပြပေး လိုက်ပါတယ်။

RELATED POSTS

Add a Comment

Your email address will not be published.