သူမ၏ Instagram ပရိုဖိုင်းအားလုံးကိုဖျက်ခြင်းအားဖြင့် နှစ်သစ်ကို ကြိုဆိုခဲ့တဲ့ ဘောလီးဝုဒ်စူပါစတား ‘Deepika Padukone’

ဘောလီးဝုဒ် စူပါစတား’ Deepika Padukone’ သည်သူမ၏ တွစ်တာနှင့် ‘Instagram’ ပို့စ်များကိုဒီဇင်ဘာ (၃၁) ညတွင်ဖျက်သိမ်းခဲ့သဖြင့် သူမ၏ပရိသတ်များကို အံ့အားသင့်စေခဲ့သည်။

လူမှုမီဒီယာ အကောင့်တွင် ပရိသတ် (၅၂ )သန်းကျော်ရှိသည့် သရုပ်ဆောင်သည် အင်တာနက် ပေါ်တွင်ပုံမှန်ဖြစ်သည်။

‘Deepika’ က (၂၀၂၀) သည်လူတိုင်းအတွက် မသေချာမရေရာသည့် အချိန် ဖြစ်သော်လည်း ၎င်းသည်သူမအတွက် ‘ကျေးဇူးတင်လေးမြတ်ရန်အချိန်’ လည်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

သူမသည် (၂၀၂၁) ခုနှစ်တွင် လူတိုင်း အတွက် ကျန်းမာရေးနှင့် စိတ်ငြိမ်းချမ်းမှုရရှိရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ဤအတောအတွင်း ‘Padukone’ နှင့် သူမ၏ ခင်ပွန်း ‘Ranveer Singh’ တို့သည် ‘Rajasthan’ တွင်အပန်းဖြေနေကြသည်။

စနေနေ့က ‘Singh’ သည် ကျော်ကြားသောစုံတွဲ နေထိုင်နေသော ‘Rajasthan’s Ranthambore’ မှဓာတ်ပုံကိုမျှဝေခဲ့သည်။

သူမ၏ ပို့စ်အားလုံးကို ဖျက်ပြီး သည့်နောက် (၂၀၂၁) ခုနှစ်နှစ်သစ်ကူး အခမ်းအနားတွင် ဗွီဒီယိုဝေမျှခြင်းဖြင့် သူမ၏’ Instagram ‘ပရိုဖိုင်းကိုအသစ်တစ်ခု စတင်ခဲ့သည်။

source:HT

Zawgyi Version…








source:HT

Add a Comment

Your email address will not be published. Required fields are marked *