သတင်းမီဒီယာ တွေရှေ့မှာ မြန်မာ ပြည်က အဖြစ်အပျက် အမှန်တွေကို ရဲရဲဝင့်ဝင့် ရပ်တည် ပေးခဲ့တဲ့ MISS MYANMAR မလေး နှင်းသွေးယုအောင် (ဗီဒီယိုဖိုင်)

ချစ် ပရိသတ်ကြီးရေ မြန်မာပြည်က အဖြစ်အပျက် အမှန်တွေကို သတင်းမီဒီယာ တွေရှေ့မှာ ရဲရဲဝင့်ဝင့် ရပ်တည် ပေးခဲ့တဲ့ Miss Myanmar မလေး နှင်းသွေးယုအောင် (ဗီဒီယိုဖိုင်)

တစ်ချို့တွေ နေနိုင် လွန်းချိန် ဒီ miss လေးကိုတော့ တစ်ကယ် လေးစားတယ် ….နှင်းသွေးယုအောင် နိုင်ငံ တစ်ကာ Media ရှေ့မှာ ထွက်ပီး speak.out လုပ်ရဲတယ်…Thai-BPS Interview မေးဖြေ အကျဉ်းချုပ်

မေး-ဒီအချိန်မှာ ဘာကို အစိုးရိမ်ဆုံးလဲ

ဖြေ-ဒီချိန်မှာ ကျွန်မ အစိုးရိမ်ဆုံး အရာကတော့ ဒီတိုက်ပွဲကိုရှုံးမှာ အစိုးရိမ်ဆုံးပါ ဘာလို့လဲဆိုတော့ ကျွန်မတို့ဒါကို ရှုံးလို့ကိုမဖြစ်လို့ပါ ဒီနေ့ Feb 22 ရက်နေ့မှာ ပြည်လုံးကျွတ် သပိတ် အတွက်လည်း အရမ်းဝမ်းသာရပါတယ်

ကျွန်မတို့ဒါကြီးကို လွန်ခဲ့တဲ့ နှစ်၅၀ ကျော်က တည်းက ခံစားခဲ့ရလို့ ဒါကိုထပ်ပြီးလက်မခံနိုင် တော့လို့ဒီလိုတွေ အားကြိုးမာန်တက်လုပ်နေကြရတာပါ

မေး- သင်သာခုချိန် မြန်မာနိုင်ငံမှာ ဆိုရင် ဒီသပိတ်မှာ ပါဝင်နေမှာပေါ့

ဖြေ- အသေအချာပါပဲ

မေး – ဒီတိုက်ပွဲကိုနိုင်ဖို့ အဓိကသော့ချက်က ဘာဖြစ်မလဲ

ဖြေ- ကျွန်မတို့ လိုချင်တာ မရမချင်း သည်းခံရမယ်စောင့်ရမယ် ပြီးတော့ ဒီပွဲကို အကြမ်းမဖက်ပဲ ငြိမ်းချမ်းစွာ အောင်နိုင်ဖို့ အထိရောက်ဆုံးလုပ်နိုင်တာကတော့ CDM ပါပဲ

မေး- စစ်တပ်က ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးပြောကြားချက် တွေကို ယုံကြည်ပါသလား

ဖြေ- မယုံပါဘူးရှင့် ဘာလို့လဲ ဆိုတော့ ကျွန်မတို့ ဘာကို vote ခဲ့တယ်ဆိုတာ ကျွန်မတို့ သိလို့ပါ

မေး- Miss Universe Myanmar တစ်ယောက်အနေနဲ့ မြန်မာနိုင်ငံအကြောင်းဘာပြောချင်သလဲ

ဖြေ- ကျွန်မတို့ နိုင်ငံကြီးက ခုဆိုရင် အန္တရာယ် ကျရောက်နေတာပါ ကျွန်မတို့ ပြည်သူတွေ အပြစ်မဲ့စွာ သေနတ်နဲ့အပစ်ခံနေရပါတယ်တစ်ချို့ဆိုပုန်းနေရင်း အပစ်ခံရတယ် ,

တစ်ချို့ဆို ဆန္ဒထုတ် ပွဲချိန်အပစ်ခံရ တဲ့သူကို ကယ်ရင်းအပစ်ခံရတယ်, တစ်ချို့ဆို ညဖက် ကင်းစောင့်ရင်းအပစ်ခံရတယ် စတာတွေက ကျွန်မတို့ ဘယ်လိုမှ လက်သင့်မခံနိုင်တဲ့အကြောင်းအရာတွေပါ

မေး- သင့်အနေနဲ့ ဒီအကြောင်းအရာတွေကို တစ်ကမ္ဘာလုံးကို သိစေနိုင်မယ်လို့ထင်ပါသလား

ဖြေ- ကျွန်မအနေနဲ့ တစ်ကမ္ဘာလုံးစီရောက် ဖို့လွှမ်းမိုးမှုမရှိပေမယ့် ကျွန်မတတ်နိုင်သလောက် လုပ်နေတာပါ ဒါကြောင့်လည်း မီဒီယာတွေ တီဗီ channel တွေနဲ့ဆက်သွယ်ခဲ့တာပါ

မေး- အနုပညာလောကထဲက သူတွေဘာကြောင့် ဒီလိုမျိုး မိမိအသံကိုအသုံး ပြုပြီး အားကြိုးမာန်တက် ဆန္ဒထုတ်ဖော်နေကြတယ်လို့ သင့်အနေနဲ့မြင်ပါသလဲ

ဖြေ – ကျွန်မရဲ့တစ်ဦးတစ်ယောက် တည်းအမြင်နဲ့ပြောရမယ် ဆိုရင် ကျွန်မတို့ ပြည်သူတွေအားလုံးကဒ ါကို လက်ကိုမခံနိုင်တာပါ

ပြည်သူတွေက human right နဲ့ democracy ကိုသာပြန်လိုချင်တာပါဒါကြောင့် လည်း ဒီလိုအားကြိုးမာန်တက် တိုက်ပွဲ ဝင်နေကြတာပါ

မေး- ထိုင်းလူမျိုးတွေရဲ့ မြန်မာလူမျိုးတွေ အပေါ် အားပေးထောက်ခံ မှုကိုရော ဘာပြောချင်သေးလဲ

ဖြေ- ကျွန်မတို့ ပြည်သူ တွေအတွက် ထိုင်းအပါအဝင် နိုင်ငံ တကာက မိတ်ဆွေတွေရဲ့

အမြင်လေး တစ်ခု ,post လေးတစ်ခု ကတောင် ခွန်အားဖြစ် စေပါတယ်

မေး- ထိုင်းလိုလေးပြောပေးနိုင်မလား

ဖြေ – ဟုတ်ကဲ့ မြန်မာပြညါသူ တွေကို အားပေးထောက်ခံ ပေးကြတဲ့ထိုင်းသူငယ်ချင်းတွေ အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်

celeupdatenews(crd)

Unicode Version

Add a Comment

Your email address will not be published. Required fields are marked *