တောင်ထိပ်ပေါ်ကအမိုက်စား လှပလွန်းတဲ့ သဘာဝ ရှုခင်းတွေ ကို နောက်ခံ ထားကာ အမိုက်စား ပုံလေး ဖြစ်နေတဲ့ အိန်ဂျယ်လမုန်……

ပရိသတ်ကြီးရေ.. နိုင်ငံခြားသူလေး တစ်ယောက်လို ဆွဲဆောင်မှု ရှိပြီး ကျော့ရှင်းတဲ့ အလှတရားတွေ ကို ပိုင်ဆိုင် ထားသူလေး ကတော့ ပြည်သူချစ် မင်းသမီးချောလေး တစ်ယောက် ဖြစ်တဲ့ မော်လ်ဒယ် သရုပ်ဆောင် အိန်ဂျယ် လမုန်ပဲ ဖြစ်ပါတယ်နော်..။

ချောမောပြီး ချစ်စရာကောင်းတဲ့ မျက်နှာလေး အပြင် ဖြူဖွေး ဝင်းဥတဲ့ အသား အရည်၊ ရှည်လျားတဲ့ အရပ် အမောင်းနဲ့ အေးချမ်းတဲ့ အပြုံးလှလှ လေးတွေကလည်း သူမရဲ့ ဆွဲဆောင်မှု လေးတွေ ဖြစ်ပြီး ပရိသတ်တွေကို အချစ်ပို စေတာလည်း ဖြစ်ပါတယ်..။

ပရိသတ် အချစ်တော်လေး အိန်ဂျယ်လမုန် ကတော့ ခရီးတွေ မကြာခဏထွက် ရှိနေတာဖြစ်ပြီး လတ်တလော မှာလည်း ကရင်ပြည်နယ်၊ ဘားအံ မှာရှိတဲ့ တောင်ဝိုင်းတောင်ကို အလည်အပတ် ရောက်ရှိနေကာ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေနဲ့လည်း ပရိသတ်တွေကို အလွမ်းပြေ စေပြန်ပါတယ်နော်..။

မြင်သူတိုင်း အရောက် သွားချင်လောက်အောင် လှပ လွန်းတဲ့ သဘာဝရှုခင်းတွေနဲ့ ပြည့်နှက် နေတဲ့ တောင်ဝိုင်း တောင် ရဲ့ တောင်ထိပ်လေး မှာ လွတ်လပ် ပေါ့ပါးစွာ အလွင့်လေး ဓာတ်ဖမ်းနေတဲ့ အိန်ဂျယ်လေးရဲ့ ပုံရိပ် လေးတွေကတော့ တကယ်ကို အမိုက်စားလေးပါပဲနော်..။

“တောင်ဝိုင်းပေါ်ရောက် အားရှောင်..” ဆိုပြီး တောင်ပေါ်မှာ လွတ်လပ် ပျော်ရွှင်စွာ အမိုက်စား ဓာတ်ဖမ်းထားတဲ့ ပုံရိပ် လေးတွေကို အိန်ဂျယ်က ချစ်ပရိသတ်တွေကိုလည်း ပြန်လည်မျှ ဝေထားတာပဲ ဖြစ်ပါတယ်..။

အဲ့ဒီပို့စ်ရဲ့ အောက်မှာတော့ ပရိသတ်တွေကလည်း အလွင့်လေး ရိုက်ကူးထားတဲ့ သူမရဲ့ ချစ်စရာ ပုံရိပ်လေးတွေကို သဘောကျ အချစ်ပိုနေကြပြီး အပျော်လေးတွေ ကူးစက်စေတဲ့ အကြောင်းလေးတွေ ပြောထားကြတာ တွေ့ရပါတယ်နော်..။

Source & Photo Credit – Angel Lamung’s Fb Page

Add a Comment

Your email address will not be published. Required fields are marked *