အစဥ် အမြဲ သိထားသင့်တဲ့ ဓမ္မတာလာစဉ် အချက်(၆)ချက်…
|မိန်းကလေး တွေရဲ့ ဓမ္မတာလာတာ နဲ့ပတ်သက်လို့ အစဉ်အဆက် ကယုံကြည် ထားခဲ့ကြတဲ့ အချက် အလက် တွေနဲ့ အမှန် တကယ်လိုက်နာသင့် တဲ့အချက် တွေမှာ ကွဲလွဲမှု လေးတွေရှိ နေပါတယ်။
ဓမ္မတာလာ တာနဲ့ ပတ်သက်လို့ ပွင့်လင်းမှု မရှိကြ တုန်းက ပြောခဲ့ ကြတဲ့အရာ တွေက အားလုံးအမှန် မဟုတ်ဘူးဆိုတာ သိလာ ကြပြီဆိုပေမယ့် သေသေချာချာ မသိကြသေးတဲ့ သူတွေ လည်းရှိ ပါတယ်။
ဒါကြောင့် ဓမ္မတာလာ တာနဲ့ ပတ်သက်လို့ အရင်က တည်းကယူဆခဲ့ ကြတဲ့ အယူအဆတွေ နဲ့ အမှန်တကယ် လက်ခံသင့်တဲ့ အယူအဆလေးတွေကို ဖော်ပြပေး လိုက်ပါတယ်။
(၁) ရေချိုးလို့မရဘူး (မှား)
ဓမ္မတာလာ စဉ်မှာ ရေချိုးလို့ မရဘူးဆိုတာ မဟုတ်ပါဘူး။
တစ်ကိုယ်ရည် သန့်ရှင်းမှုရှိဖို့ ရေချိုးဖို့ပို တောင်လိုအပ် ပါသေးတယ်။ ဒါပေမယ့် ညဘက် ချိုးတာထက် မနက်နဲ့ နေ့လည်တွေမှာချိုးတာ ပိုကောင်းပါတယ်။
(၂) တချို့အစားအစာ တွေရှောင်ရမယ် (မှန်)
ဒါကတော့ မှန်ပါတယ်။ ကော်ဖီ၊ နို့နဲ့နို့ထွက် ပစ္စည်းများ၊ အဆီများတဲ့အစားအစာများ၊
စပ်လွန်း၊ ချိုလွန်းတဲ့အစားအစာ တွေကို ရှောင်သင့်ပါတယ်။
(၃) အားကစားလုပ်လို့မရဘူး (မှား)
အားကစားလုပ် လို့မရဘူးဆိုတာလည်း မဟုတ်ပါဘူး။ သင့်တင့်တဲ့ ကိုယ်လက် လှုပ်ရှားမှုတွေက ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲတာကို လျှော့ချပေးပြီး ကျန်းမာရေး အတွက် အများကြီးအထောက်အကူ ဖြစ်စေပါတယ်။
ဒါကြောင့် ကိုယ်လက် လှုပ်ရှားမှု၊ လေ့ကျင့်ခန်းတွေကို လုပ်လို့ရပါတယ်။
ဒါပေမယ့် အရမ်းပြင်းပြင်း ထန်ထန်ပြေးတာ၊ ဝိတ်မတာ တွေကိုတော့မလုပ်ပါနဲ့။
(၄) ဆေးစစ်လို့မရဘူး (မှန်)
ဓမ္မတာလာနေစဉ်မှာ သွေးထဲက သွေးနီဥပမာဏ ပြောင်းလဲတာမျိုးနဲ့ တခြားအခြေအနေ အပြောင်းအလဲတွေရှိနိုင်တာကြောင့် ဒီအချိန်မှာဆေးမစစ်သင့်ပါဘူး။
မဖြစ်မနေစစ်ဖို့ လိုနေတယ်ဆိုရင်တော့ စစချင်းနေ့နဲ့ နောက်ဆုံးနေ့ကို ရှောင်ပြီး အလယ်ရက် တွေမှာ စစ်နိုင်ပါတယ်။
(၅) ရေကူးလို့မရဘူး (မှား)
ဒီအချိန်မှာ ရေကူးလို့ မရဘူးဆိုတာ အရင်ခေတ် Tampons တွေမပေါ်ခင် တုန်းကတော့မှန် ကောင်းမှန်နိုင်ပေမယ့် အခုတော့ မမှန်တော့ပါဘူး။
ဘာလို့လဲဆိုတော့ ရေကူးတာက ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲမှု တွေကိုတောင် အတန်အသင့် သက်သာစေတာကြောင့် စိတ်ချလက်ချကူးနိုင်ပါတယ်။ Tampons တော့ သုံးဖို့လိုပါလိမ့်မယ်။
(၆) ဓမ္မတာလာစဉ် တလျှောက်လုံးနာကျင် ကိုက်ခဲနေရင်ဆရာဝန် ပြသင့်တယ် (မှန်)
ဓမ္မတာလာချိန် နာကျင်ကိုက်ခဲတာဟာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ အခြေအနေတစ်ခုပါ။
ဒါပေမယ့် ပုံမှန်ဆို ပထမ တစ်ရက်နဲ့ ဒုတိယနေ့တစ်ဝက်လောက် အထိပဲဖြစ်တတ်ပြီး ကျန်တဲ့ အချိန်တွေမှာ အထိုက်အလျောက်သက်သာသွားပါတယ်။
အဲ့လို မဟုတ်ဘဲ ပထမဆုံးရက်ကနေ နောက်ဆုံးရက် အထိ မခံမရပ်နိုင် အောင် တောက်လျှောက် နာကျင်ကိုက်ခဲနေရင် တော့ သားအိမ်မှာ ပြဿနာတစ်ခုခု ရှိနေတာဖြစ် နိုင်တာကြောင့် ဆရာဝန်နဲ့မဖြစ်မနေ ပြသင့်ပါတယ်။
Zawgyi
မိန်းကလေး တွေရဲ့ ဓမ္မတာလာတာ နဲ့ပတ်သက်လို့ အစဉ်အဆက် ကယုံကြည် ထားခဲ့ကြတဲ့ အချက် အလက် တွေနဲ့ အမှန် တကယ်လိုက်နာသင့် တဲ့အချက် တွေမှာ ကွဲလွဲမှု လေးတွေရှိ နေပါတယ်။