စိုးရိမ်စွာနဲ့ လတ်တလော အခြေအနေတွေကို ကြားသိရပြီး ညီမဖြစ်သူ မအေးသောင်း ရဲ့ အကြောင်း ပြောပြလာ တဲ့ နှင်းဝတ်ရည်သောင်း…

ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီး အေးဝတ် ရည်သောင်း ကတော့ မြန်မာ နိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေတဲ့ လူထု လှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့ အတူ တက်ကြွစွာ ပါဝင် လှုပ်ရှားခဲ့သူတစ်ဦး ဖြစ်ပါတယ်။

ဒီကာလ အတွင်း စားဝတ်နေ ရေးခက်ခဲနေတဲ့ ပြည်သူများသာမက စစ်ဘေးရှောင် ပြည်သူတွေအတွက်လည်း တတ်နိုင် သလောက် ကူညီ ထောက်ပံ့ ပေးခဲ့သူလည်း ဖြစ်ပါတယ်။ အခုလိုမျိုး အမှန် တရားဘက်ကနေ မားမား မတ်မတ် ရပ်တည်ပေးခဲ့တဲ့ မအေးသောင်းကိုတော့ ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆို ထားကြတာ ဖြစ်ပါတယ်။

ဒီနေ့ ကတော့ မအေးသောင်းရဲ့ မွေး နေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ မွေးနေ့မှာတောင် မိသားစုနဲ့ အတူ ရှိမနေရဘဲ ဘေးကင်း ရာသို့ တိမ်းရှောင် နေကြရတဲ့ သူမကို ပရိသတ် တွေက စိတ်မကောင်း ဖြစ်နေ ကြတာ ဖြစ်ပါတယ်။

မအေးသောင်းကို ချစ်ခင် ကြတဲ့ မိတ်ဆွေ အပေါင်းအသင်းများလည်း သူတို့ရဲ့ လူမှု ကွန်ယက်များတွင် မွေးနေ့ ဆုတောင်းများ ရေးသားထားကြတာ ဖြစ်ပါတယ်။ မကြ ာသေးခင် နာရီပိုင်းလောက်က နှင်းဝတ်ရည်သောင်းရဲ့Facebook အကောင့်တွင် မအေးသောင်းရဲ့လတ်တလော အခြေအနေတွေကို ကြားသိရ သလောက် ပြောပြလာတာဖြစ်ပါတယ်။

မအေးသောင်း တစ်ယော​က် သူမရဲ့ မွေးနေ့ရက်မြတ်တွင် တတ်နိုင် သလောက် အလှူလေးတွေ ပြုလုပ်ခဲ့ ကြောင်းကိုလည်း အေးဝတ်ရည်သောင်းက အခုလို ရေးသားပြော ပြထားတာ ဖြစ်ပါတယ်။ ” စစ်ဘေးရှောင်တွေ အတွက်မွေးနေ့အလှူသိန်း 50 လှူခဲ့ပါတယ် လို့သတင်းကြားပါတယ်။ ဓာတ်ပုံတွေ ကတော့ရတဲ့ အချိန်တင်ပေးပါ့မယ်။

သူ့ပရိသတ် နဲ့ သူငယ်ချင်းအမျိုးတွေရဲ့ အလှူပါလို့ပြောပါတယ်။ တစ်ယောက်တည်းအားမငယ် ဘူးလားမေးတော့ သူ့ထက်အားနည်းတဲ့သူတွေ အများကြီးကြောင့် သူအားမငယ် ပါဘူးလို့ပြောပါတယ်။💪 ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

ပရိသတ် များကလည်း သူမ အဆင်ပြေ ကျန်းမာပါစေလို့ ဒီပို့စ် အောက်တွင် comment ရေးသားထားကြပါတယ်။ မအေးသောင်းတစ်ယောက် ဒီနေ့မှာ ကျရောက် တဲ့မွေးနေ့မှ စပြီး ဘေးအန္တရာယ် ကင်းရှင်းပါစေလို့ ဆုတောင်းပေးလိုက် ရပါတယ်။

Source and Photo Crd-Hnin Thaung’s and Aye Thaung’s Facebook Account

Add a Comment

Your email address will not be published. Required fields are marked *