ယှဉ်ပြိုင် ကစားဖို့ အတွက် မင်းအုပ်စိုး အား လက်ဝှေ့ ကြိုးဝိုင်းထဲ လာရန် စိန်ခေါ်လိုက်တဲ့ မော်ဒယ်လ် HU GO….

ပရိသတ်တွေရဲ့ အားပေးချစ် ခင်မှုတွေ အခိုင်အမာ ရရှိထားတဲ့ မော်ဒယ်လ် သရုပ်ဆောင် Hu Go ကတော့ ဖေဖော်ဝါရီလ အစပိုင်းတည်းကပြည်သူတွေနဲ့ အတူ အရေးတော်ပုံ ကြီးအောင်မြင်ရေးမှာ ပါ၀င်ခဲ့တဲ့သူတစ်ယောက် ဖြစ်ပါတယ်။

သူဟာ မော်ဒယ်လ်သရုပ်ဆောင် တစ်ယောက်အနေနဲ့ ရပ်တည် နေရုံသာမက ဝါသနာပါတဲ့ လက်ဝှေ့ကစား နည်းကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ကစားလေ့ရှိပြီး ဆုတံဆိပ်တွေ လည်းရရှိထားတဲ့ သူတစ်ယောက်ပါ…..။

မကြာသေးခင် ကတော့ Hu Goက သူ့ရဲ့ Facebook စာမျက်နှာမှာ မင်းအုပ်စိုးအား လက်ဝှေ့ ယှဉ်ပြိုင်ကစားဖို့အတွက် စိန်ခေါ်ထားခဲ့တာဖြစ်ပါတယ်။

“ဦးမင်းအုပ်စိုးအားစိန်ခေါ်ခြင်း…. ကျနော်တနှစ်တခါ ဝါသနာ တူညီကိုတွေနဲ့ စင်ပေါ်စိန်ခေါ်ပီး သတ်ပုတ်တမ်းကစားပါတယ်! ဒီနှစ်က စပီးအလုပ် ကိစ္စတွေကြောင့် မထိုးတော့ဘူးလို့ ဆုံးဖြတ်ထားပေမဲ့လဲ အသစ် ပေါ်လာသော ထောင်ထွက် လူမိုက်ကြီး ဦးမင်းအုပ်စိုးကို စိတ်ဝင်စားလို့ ဒီကနေစိန် ခေါ်လိုက်ပါတယ် ခင်ဗျား!…..။

“MMA Rule နဲ့စိန်ခေါ်တာ ဖြစ်ပီး

Weight နဲ့အသက် အရွယ်အရ သရေအရှုံး

အကြောပေးပါတယ်💪ကျနော် ကတော့ ကျနော့ ကြိုးဝိုင်းထဲမှာပဲ 1 By 1 လူမိုက်လုပ်တယ်

ခင်ဗျားက လူမိုက်ဆိုတော့ ကစား ချင်လို့ပါ!

အကယ်လို့ လူကြီးမင်း ဘက်က လက်ခံရင်

BSB (Burmes Street Boxing) ကို စာရင်းပေး သွင်းပီး လာမဲ့ BSB Batch 3 မှာကျနော်နဲ့ ကစားနိုင်ပါတယ်ခင်ဗျ!အားကစားစိတ်ဓာတ်ဖြင့် 🤟…..” ဆိုပြီးရေးသားခဲ့ တာဖြစ်ပါတယ်။ ပရိသတ်တွေ အတွက် ပြန်လည်မျှ ဝေပေးလိုက်ရပါတယ်နော်။

Photo credit-Hu Go’s Facebook page

Add a Comment

Your email address will not be published.