ရှေ့သွားနောက်လိုက်ညီနေ ပြီး အနုပညာမောင်နှမ တွေဖြစ်တဲ့ မြင့်မြတ် နဲ့ မအေးဝတ်ရည်သောင်း တို့ရဲ့ ချစ်စရာ ရိုက်ကွင်းက ပုံရိပ်လေးများ

ချစ်ပရိသတ်ကြီးရေ ပြည်သူချစ် အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ အေးဝတ်ရည်သောင်းကတော့ တစ်ချိန်တုန်းကဆိုရင် အလှမယ် တစ်ယောက် အဖြစ်လည်း ဆုတွေရရှိခဲ့တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

နှင်းဝတ်ရည်သောင်း၊ အေးဝတ်ရည်သောင်းတို့ ညီအစ်မ နှစ်ယောက်က အနုပညာ လောကထဲမှာ နေရာ တစ်နေရာကနေရပ်တည်လာပြီး ပရိသတ် များစွာကိုပိုင်ဆိုင် ခဲ့ပါတယ်။

ယနေ့ ခေတ်မှာတော့ အေးဝတ်ရည်သောင်းပဲ အနုပညာ အလုပ်တွေကို ဆက်လက် လုပ်ကိုင်နေပြီး ပြည်သူ့မေတ္တာကိုခံယူနေဆဲ ဖြစ်ပါတယ်နော်။

အေးသောင်းက အသက်(၃၀)ကျော်အရွယ် ဖြစ်ပေမယ့်လည်း နုငယ်ပျိုမျစ်ပြီး လူငယ်လေး တစ်ယောက်လို လှပနေဆဲဖြစ်ပါတယ်။

အေးသောင်းကတော့ လက်ရှိမှာဆိုရင် အလုပ်လေး တွေပြန်လက်ခံနေပြီး ရှုတင် တွေသွားနေရတာဖြစ်ပါတယ်နော်။

အခုဆိုရင်တော့ အေးဝတ်ရည်သောင်းက မင်းသားချော မြင့်မြတ်နဲ့အတူ ရိုက်ကွင်း တစ်ခုမှာ စုံတွဲပုံလေးတွေရိုက်ကူးပြီး ရှေ့သွားနောက် လိုက်ညီနေတာဖြစ်ပါတယ်။

အေးသောင်းနဲ့မြင့်မြတ်တို့ အနုပညာမောင်နှမနှစ်ယောက်က ဇာတ်ကားတွေလည်း အတူတူတွဲရိုက်ဖူးပါတယ်နော်။

အေးဝတ်ရည်သောင်းကတော့ အဖြူရောင်သတို့သမီးဝတ်စုံလေးနဲ့ အရမ်းလှနေပြီး မြင့်မြတ်ကလည်း တည်ကြည်ခန့်ညားနေတာဖြစ်ပါတယ်။

အေးဝတ်ရည်သောင်းက မြင့်မြတ်ကိုငေးကြည့် နေတဲ့ပုံစံလေးနဲ့ အိုက်တင် ထုတ်ပြီး နှစ်ယောက်သားက အတွဲညီညီနဲ့ရိုက်ကူး ရေးလုပ် နေကြတာဖြစ်ပါတယ်။

အေးသောင်းနဲ့ မြင့်မြတ်တို့ အနုပညာ မောင်နှမ နှစ်ယောက်က ရိုက်ကွင်းပေါ်မှာ အရမ်း ချစ်စရာ ကောင်း နေကြလို့ သူတို့ရဲ့ ပုံရိပ်လေး တွေကို ပြန်လည်မျှ ဝေပေးလိုက် ပါရစေနော်။ခရက်ဒစ်

Add a Comment

Your email address will not be published. Required fields are marked *