စိတ်ချမ်းသာအောင် ပျော်အောင် လူတိုင်း လူတိုင်း နေနိုင်ဖို့ မလွယ် ကြောင်းကို ရင်ဖွင့် ပြောကြားလာတဲ့ ဘေဘီမောင်…

သရုပ်ဆောင် ဘေဘီမောင် ကတော့ ဆယ်စုနှစ် ကျော်တိုင်အောင် အနုပညာ လောကမှာ ရပ်တည် အောင်မြင်နေတဲ့ မင်းသမီးတစ်ယောက်ပဲဖြစ်ပါတယ်။ အနုပညာ အလုပ်အပြင် ကိုယ်ပိုင် ဆိုင်လေးလည်း ဖွင့်ထားကာ မိဘကို ရှာဖွေ ကျွေးမွေး ပြုစုနေတဲ့ သမီး အလိမ္မာလေး ဖြစ်တာကြောင့်

ပရိသတ် တွေကတော့ လေးစား ချစ်ခင်နေရတာပါ ။မိသားစုကို လည်း အကောင်းမွန်ဆုံး ထားနိုင်အောင် အလုပ် တွေကြိုးစားသလို အလှူအတန်းဆိုလည်း လက်မနှေးခဲ့ သူတစ်ယောက်ပါ ။ ဒါ့အပြင် လတ်တလော နိုင်ငံ အတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေ တွေနဲ့ ပတ်သက်ပြီး ဘေဘီမောင်က ပြည်သူ တွေနဲ့အတူ အပြည့်အဝ ရပ်တည်ခဲ့သူ တစ်ယောက်ပါ ။

မြန်မာပြည်ကြီး အမြန်ဆုံး အေးချမ်အောင် လည်း မြတ်စွာ ဘုရားထံတွင် မေတ္တာပို့ ဆုတောင်းမှုတွေ ကိုလည်း ပြုလုပ်လျက်ရှိပါတယ်။ ဒီရက်ပိုင်းမှာ ဆိုရင်လည်း တောက်လျှောက် တရား စခန်းဝင်ကာ ကောင်းမှု ကုသိုလ်တွေ များစွာ ပြုလုပ် နေတာလည်းတွေ့ရပါတယ်။

ဒီနေ့မှာ တော့ သူမရဲ့ လူမှုကွန်ယက် စာမျက်နှာ ကနေ လူတိုင်းရဲ့ စိတ်အလို ကျအတိုင်း နေနိုင်ဖို့ မလွယ်ကြောင်းကို ရင်ဖွင့် ပြောကြားလာပါတယ်။ ” လူတွေ အလိုကျ အတိုင်း လိုက်လုပ်မနေနဲ့၊ လမ်းပျောက်သွားလိမ့်မယ်။

လူတွေ ဝေဖန်တိုင်းလည်း လိုက်ခံစားမနေနဲ့၊ စိတ်ညစ် ရလိမ့်မယ်။ လူတွေကဲ့ရဲ့ တိုင်းလည်း ဒေါသထွက်မနေနဲ့၊ စိတ်ပူ လောင်ရလိမ့်မယ် လူတွေ အကောင်းမမြင် တိုင်းလည်း အားငယ်မနေပါနဲ့၊ စိတ်ဓာတ် ကျတတ်တယ်။

လူတွေ မလိုအပ်ဘဲ ဘာမှ ပေးချင်မနေပါနဲ့၊ တန်ဖိုးကျ တတ်တယ်။ လူတွေရဲ့အမှိုက် တစ်စလို စွန့်ပစ်ခံ ရလည်း အထီးကျန်တယ်လို့ တွေးမနေပါနဲ့၊ ဘဝအမှောင် ကျတတ်တယ်။ လူတိုင်းက မင်းနဲ့ အတွေး မတူနိုင်ဘူး၊ လူတိုင်းက မင်း စိတ်ချမ်း သာအောင် လုပ်ပေးနေမှာ မဟုတ်ဘူး၊ လူတိုင်းက မင်းကို ကိုယ်ချင်း စာပေးနေမှာ မဟုတ်ဘူး။

လူတိုင်းက မင်းကို စိတ်ဝင်စား နေကြမှာ မဟုတ်ဘူး။ လူတိုင်း ကြိုက်အောင် မင်းနေနိုင်မှာ မဟုတ်ဘူး။ လူတိုင်းရဲ့ နှလုံးသားထဲ မှာလည်း မင်း နေရာ မယူ နိုင်ဘူး။ မင်းဘဝကို မင်းပိုင်တယ်၊ မင်း အတွေး တွေကို မင်းပဲ ထိန်းချုပ်ပါ၊

မင်း လျှောက်မယ့် လမ်းကို မင်းပဲ ရွေးချယ်ပါ။ မင်းကိုယ်မင်း ယုံကြည်မှု ရှိပါ။ မင်း စိတ်တွေ ပျော်အောင် လုပ်နိုင်တာ မင်းပဲ ရှိတယ်၊ ဒါကြောင့် မင်းအနာဂတ်ကို မင်း ကိုယ်တိုင်ပဲ ပုံဖော် ထုဆစ်ပါ။” ဆိုတဲ့ အကြောင်းလေးပဲ ဖြစ်ရာ ပရိသတ်ကြီး အတွက် ဝေမျှပေးလိုက်ပါတယ်။

Source & Photo Credit : Baby Maung Facebook Account

zawgyi

Add a Comment

Your email address will not be published. Required fields are marked *