စာသား တွေက ရေးထားတာ ကြမ်း ထော်နေတာပဲ မိုက် တယ် ရေးချက် ကို ကြိုက်လို့ ကူးပြီး ပြန်တင် တာပါ …
|သိန်း၈၀၀၀တန် ကားလက် ဆောင်ပေးတဲ့ ယောကျ်ားကိုလိုချင်ရင် …..ကိုယ် ကိုယ်တိုင် ၌က ရုပ်ပိုင်းဆိုင်ရာရော …. စိတ်ပိုင်းဆိုင်ရာပါ အနည်းဆုံး တော့သိန်း ၄၀၀၀လောက် တန်အောင် ကြိုးစားကြပါ ..
ကိုယ်တိုင်က ၁၀တန်းလည်း မအောင် ဝင်ငွေက တလ ၂သိန်းမပြည့် ၊ ရုပ်ရည်ကရွက်ကြမ်း ရည်ကြို ….
မိဘကလည်း လက်လုပ် လက်စား ဘဝသမားအဲ့လို လူမျိုးတွေက သိန်း ၈၀၀၀ တန် ကားလက်ဆောင် ပေးတဲ့postကို ….
သူတို့ရည်းစား ကောင်လေးတွေဝေါမှာ လာလာ Tag ကြတာမြင်တော့ ငါ့တပည့်တွေအစားရင်နာမိတယ်
Ro ခွင့်ရှိတယ် Overtine ခွင့်မရှိဘူး။လက်ချင်းချိတ်ပြီး 200 တန် YBS တူတူစီးရဲတဲ့ လက်တွဲဖော် အစစ်ကိုသာရှာကြပါ သားတို့။
မင်းဆီမှာငွေတသောင်းပဲရှိမှန်းသိရက်နဲ့ ငွေ၈၀၀၀သုံးရက်တဲ့မိန်းမဟာ မင်းသိန်း၁၀၀ရှိရင် သူ သိန်း၈၀ဖြုန်းဖို့ ဝန်လေးမှာမဟုတ်ဘူး …..
မင်းမှာရှိတဲ့ငွေ၁၀၀၀၀ ကို မုန့်၂၀၀၀ဖိုးလောက်စားပြီး ကျန်တဲ့ပိုက်ဆံကို မင်းအဆင်ပြေဖို့ အလိုက်တသိ ချန်ထားပေးတဲ့မိန်းမမျိုးသာ လက်တွဲဖော်ဖြစ်သင့်တာပေါ့။
ဘူဖေးအဝစားဘယ်လောက် ဟိုဆိုင်မှာ စားရင် ဘယ်လောက် ဒါတွေ Share ပြီး “လိုက်ကျွေးကိုကို” ဆိုတာမျိုးထက်
ကို့ကို သဲဒါမျိုးလေးချက်ကျွေးမယ်” “ကို ဒါမျိုးလေးကြိုက်လား သဲချက်ပေးမယ်” ဆိုတာပဲ ရေးသင့်တယ် …. တင်သင့်တယ် ….. Ro သင့်တယ် …
မိန်းကလေးဖိနပ်ကို ဒူးထောက်ပြီးစီးပေးတဲ့ postတွေကို ထိုင် Share ပြီး ဒါမျိုးမှ Ro တယ်ထင် နေတာမျိုးထက်ရွှေတိဂုံဘုရားကို ဖိနပ်လေးကိုယ်စီကိုင်ပြီး
လှေကားထစ် တွေပေါ်တက်တိုင်း မင်းမျက်နှာလေးကို တစိမ့်စိမ့်ကြည့် ပြီး ပီတိဖြစ်မယ့်မိန်းကလေးမျိုးကိုသာရှာသင့်တယ် ….
ကားသိပ်မက်တဲ့မိန်းမမျိုးဟာကားရှိတဲ့လူတွေ့ရင်ပါသွားမှာပဲ….. ကားစုတ် ရှိတဲ့သူဆီကနေ နောက်ဆုံးပေါ် ကားကောင်းရှိတဲ့သူဆီပါသွားမှာပဲ …..
မင်းကိုတော့ ကျော်သူ့ ကားပေါ်တင်ရင် တင်ပေးလိမ့်မယ် ……သူကတော့ ဇိမ်ခံကားပေါ်ကနေမင်းကိုတာ့တာပြသွား မှာအသေချာဘဲလေ …..
စည်းစိမ်ချမ်းသာတာကိုမက်တဲ့မိန်းမဟာ …. မင်းထက်ချမ်းသာတဲ့သူနဲ့တွေ့ရင်ပါသွားမှာ … Six pack ကိုမှကြိုက်တဲ့မိန်းမဟာ ….. မင်းဗိုက်ပူလာ တဲ့အချိန်ထားခဲ့မှာပဲ …
ရုပ်ချောတာကြိုက်တဲ့မိန်းမဟာ မင်းအိုမင်းလာချိန်….မင်းထက်ပိုမိုချောမောတဲ့သူနဲ့ တွေ့ရင်ပါသွားမှာပဲ …မင်းမှမင်းဘဲဖြစ်နေလို့ မင်းကို ချစ်နေတဲ့မိန်းမမျိုးကသာမင်းကိုတသက်လုံးချစ်နေမှာ သေချာတယ်။
မင်းဆီမှာရှိတဲ့ မင်းမလုပ်နိုင်တဲ့အရာတွေကို အပြစ်မြင် ငြူစူစောင်းမြောင်းပီးသောကတွေပေနေမယ့်အစား
မင်းမလုပ်နိုင်တာတွေကိုသူဝိုင်းကူပြီးမင်းလုပ်နိုင်စွမ်း ရှိတာတွေကိုအပြုံးတွေနဲ့ချီးကျူးနေမယ့်မိန်းမမျိုးကသာလျှင်မင်းကိုတဘဝလုံးစာလက်တွဲထားနိုင်မှာပါ …..
ချောကလတ်နဲ့ပန်းစည်းမျှော်နေတာထက် မင်းစာမေးပွဲ မင်းအလုပ် မင်းရဲ့ဘဝနောင်ရေးတွေအတွက်
ဘုရား ဆွမ်းတော်ကပ် ပန်းပူဇော်ပြီး မင်းကွယ်ရာမှာ မင်းတဦး တည်းအတွက် သစစာ ရှိရှိ ဆုတောင်းပေးနေမယ့်မိန်းမမျိုး ကသာ အမိနဲ့တူသောမိန်းမ ….
ညီမနှင့်တူသောမိန်းမ … ကျွန်နဲ့တူသောမိန်းမ မျိုးပါ။အဲတော့ ၃သောင်းတန် ပီဇာတစ်ပြားစားရဖို့အငတ်ခံငွေ စုရဦးမယ့်အစား …. ၁၀၀ ကျပ်တန် ဆမူစာလေးစားပြီး အပိုငွေကိုစုကြပါ …
သားတို့ရဲ့ဆရာစွာ