ပူလောင် မှုတွေ ပြည့်နှက် နေလို့ စိတ်မောရတဲ့ အကြောင်း ရင်ဖွင့် ပြော ပြလာတဲ့ ခင်သဇင်….

သရုပ်ဆောင် ကောင်းတာ တွေကြောင့် ဇာတ်လမ်းတွဲတွေ များစွာ ရိုက်ကူးထားပြီး အောင်မြင်တဲ့ အနုပညာရှင် အဖြစ် လျှောက်လှမ်းနေတဲ့ မင်းသမီးချော ခင်သဇင် ကတော့ အားလုံးနဲ့ အတူ ရပ်တည် နေသူပါပဲ..။

ခင်သဇင်ကတော့ လတ်တလော အခြေအနေ တွေကြောင့် စားဝတ်နေရေး ခက်ခဲနေတဲ့ ပြည်သူတွေ အတွက်လည်း တတ်နိုင်သလောက် ဖေးမကူညီနေတာလည်း ဖြစ်ပါတယ်..။

ခင်သဇင်ကတော့ လက်ရှိမှာ ရာသီဥတုရော ရင်ထဲမှာပါ ပူလောင်မှုတွေ ပြည့်နှက် နေလို့ စိတ်မောရတဲ့အကြောင်း ရင်ဖွင့် ပြောပြလာတာ တွေ့ရပါတယ်..။

ပူပြင်းလွန်းတဲ့ ရာသီဥတုအပြင် လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူ တွေရင်ထဲ ပူပင်နေရတဲ့ သောကတွေကြောင့် စိတ်မောနေရတဲ့အကြောင်းတွေကို ပြောပြထားတာဖြစ်ပါတယ်..။

“ရင်တွင်းလည်းပူ … အပြင်မှာ လည်းပူ … နေရာတကာပူ…. အရာအားလုံးပူ…. အားလုံး စုတ်ပြတ် သတ်နေအောင်ပူ… ရစရာ မရှိအောင်ပူ… တွေးရင်း တွေးရင်းလည်း ပူ 🔥🔥 ငါတို့ ဘယ် အချိန်ထိ ဆက်ပူ နေရမလဲ🔥..” ဆိုပြီး ရေးသား ထားတာ ဖြစ်ပါတယ်..။

ခင်သဇင်ရဲ့ အဲ့ဒီ ပို့စ်အောက် မှာတော့ ပရိသတ် တွေကလည်း ပြည်သူအချင်းချင်း ဖေးမကူညီ ကြရမယ့် အကြောင်းတွေနဲ့ သူမကိုလည်း အားပေးစကားတွေ ပြောထားကြတာ တွေ့ ရပါတယ်..။

သတင်းအရင်းမြစ်: Khin Thazin’s Fb Acc

Add a Comment

Your email address will not be published. Required fields are marked *