ပူအိုက်လို့ ညည်းမိမယ် ကြံတိုင်း ဖမ်းဆီး ထိန်းသိမ်း ခံထားရ သူတွေ ကို အားနာပြီး မျက်ရည် ကျရတဲ့ အကြောင်း ပြောလာတဲ့ အေးသီတာ….

ဇာတ်ပို့သရုပ်ဆောင် တစ်ယောက် အဖြစ် ပရိသတ် အသိအမှတ်ပြု ချစ်ခင် အားပေးမှုတွေကို အခိုင်အမာ ရရှိထားတဲ့ အေးသီတာကတော့ စီး ပွား ရေးတွေ ကြပ်တည်းနေတဲ့

လက်ရှိ အခြေနေတွေမှာလည်း စေတနာရှင်တွေနဲ့အတူ အခက်အခဲ ဖြစ်နေတဲ့ ပြည်သူတွေအတွက်လည်း လှူဒါန်း မှုတွေ တတ်နိုင်သလောက် ပြုလုပ်နေသူပဲ ဖြစ်ပါတယ်..။

အေးသီတာကတော့ ရက်ပိုင်း အတွင်းမှာ ရာသီဥတု ပူပြင်းနေတဲ့အပြင် မီးပျက်တဲ့ အချိန်ပူအိုက်လို့ ညည်းမိမယ်ကြံတိုင်း ဖမ်းဆီး ထိန်းသိမ်းခံ ထားရတဲ့ သူတွေကို အားနာစိတ် ဖြစ်မိတဲ့အကြောင်း ပြောပြလာပါတယ်..။

တစ်ည လုံးမီးပျက်ပြီး ပူအိုက်လို့ ညည်းချင်တဲ့ အချိန်တိုင်း သူမထက် အဆပေါင်း များစွာ နုဖက်ပေမယ့် ပင်ပန်းခက်ခဲ နေကြရတဲ့ လုပ်ဖော်ကိုင် ဖက် အနုပညာရှင် တွေရဲ့ မျက်နှာတွေကို မြင်ယောင်ကာ အားနာစိတ်နဲ့အတူ စိုးရိမ်မိပြီး ဝမ်းနည်း မျက်ရည်ကျတဲ့ အကြောင်းတွေကို ပြောပြ ထား တာပါ..။

အားလုံးကို သတိရလွမ်းဆွတ်မိသလို အားနာ သနားမိကာ မျက်ရည်ကျရင်း အမြန်ဆုံးပြန်လာ နိုင်ကြဖို့ကိုလည်း အေးသီတာက ဆုတော င်းပေးထားပါသေးတယ်..။

“မနေ့ညက တညလုံးမီးပျက် တိုက်ခန်းတို့ သဘာဝ မီးပျက် ရင် အဲယားကွန်းမရ ပြုတ် ထားသလိုဖြစ် ဒါပေမယ့် မညည်းခဲ့ မိဘူး အမလေးပူ လို က် တာ လို့ညည်းမိမယ်ကြံတိုင်း

ကိုယ့်ထက် အဆပေါင်းများစွာ ချမ်းသာနုဖက်အုအက်နေသော ကျမချစ်သော လုပ်ဖော်ကိုင်ဘက်တွေရဲ့ မျက် နှာ ဘယ်လိုနေ ဘယ်လိုစားရပါ့ဆိုတဲ့အတွေး နဲ့ညီးချင်စိတ်ပျောက် မျက်ရည်တွေရောက်ခဲ့ရတယ်

အားလုံးကိုသတိရ လွမ်းဆွတ်အားနာသနား😔အမြန်ပြန် လာနိုင်ပါစေ..” ဆိုပြီး စိတ်မကောင်းစွာ ရေးသားထားတာ ဖြစ်ပါတယ်..။

ပရိသတ်တွေ အားလုံးကလည်း ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ပြည်သူ တွေနဲ့ အနုပညာရှင်ဆွေ အမြန်ဆုံးပြန်လည်လွတ်မြောက်စေဖို့ ကို လည်း ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်..။

သတင်းအရင်းမြစ်: Aye Thida’s Fb Acc

Add a Comment

Your email address will not be published. Required fields are marked *