ပြင်ဦးလွင် ကန်တော်ကြီး လက်ရှိ အခြေ အနေ

ပြင်ဦးလွင် အမျိုးသား ကန်တော်ကြီး ဥယျာဉ် အတွင်း ရေခမ်း ခြောက်ပြီး မြေကြီး များ ကွဲ အက်( 16.3.2021 )

ပြင်ဦး လွင်မြို့ ၏ အထင် ကရ တခု ဖြစ်သည့် အမျိုးသား ကန်တော်ကြီး ဥယျာဉ် အတွင်း ရေများ ခမ်း ခြောက်ပြီး မြေသား များအထိ ကွဲ အက်နေ ကြောင်း သိ ရသည်။

အမျိုးသား ကန်တော်ကြီး ဥယျာဉ် အတွင်း ရေခမ်း ခြောက် မှုများ အဖြစ် ၁၉၆၂ ခုနှစ် မတိုင်မီက (၂)ကြိမ် ဖြစ်ပွား ခဲ့သလို ၂၀၀၀ ပြည့်နှစ်နောက် ပိုင်းတွင် လည်း (၁)ကြိမ်ဖြစ်ပေါ်ခဲ့ဖူး ကြောင်းကို ရေစတင် ခမ်းလာ မှုများနှင့် ပတ်သက်၍ အမျိုးသား ကန်တော် ကြီးယျာဉ်က ဇန်နဝါရီလ (၁၄)ရက် နေ့က သတင်း ထုတ်ပြန် ထားရှိ သည်။

အဆိုပါ ကန်အတွင်း ယနေ့ ၂၀၂၁ခုနှစ် မတ်လ(၁၆)ရက်နေ့အထိ ရေများခမ်းခြောက်ပြီး မြေသားများ ကွဲအက်မှုများ ဖြစ်ပေါ်နေလျှက်သည်။

၁၉၂၄ခုနှစ်က စတင်ကာ တည်ဆောက်ခဲ့သည့် အမျိုးသားကန်တော်ကြီးဥယျာဉ်၏ ဧရိယာသည် ၄၃၆ ဒသမ ၉၆ဧက ကျယ်ဝန်းပြီး ရေပြင်ဧရိယာမှာ ဧက(၇၀)ဝန်းကျင်ရှိကြောင်း သိရသည်။

Photo Crd:Yuwn Minn

Unicode

Add a Comment

Your email address will not be published. Required fields are marked *