ပရိတ်ရွတ်၊ မေတ္တာပို့ နေပြီး တက္ကသိုလ် ရိပ်သာ လမ်းပေါ်မှာ ရှိတဲ့ ဒေါ်အောင် ဆန်းစုကြည် ရဲ့ နေအိမ်ရှေ့ ကိုသွားပြီး သင်ဇာဝင့်ကျော်ရဲ့ ဆုတောင်း..

ချစ်ပရိသတ်ကြီးရေ ပြည်သူ ချစ် မင်းသမီးချော လေးဖြစ်တဲ့ သင်ဇာဝင့်ကျော် ကတော့ ပရိသတ်တွေ အားပေး ရကျိုးနပ် လောက်အောင်ယခုလိုအချိန် မျိုးမှာ ပြည်သူနဲ့ အတူ တစ်ဘက်တည်း ရပ်တည်နေတာ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော် က အခုလို အခြေအနေမှာ တော့ နေ့တိုင်းလမ်း ပေါ်ထွက်ပြီး လူထု လှုပ်ရှားမှုတွေမှာ အားတက် သရော ပါဝင်နေတာဖြစ် ပါတယ်။

ဒါ့အပြင် သူမကို ချစ်တဲ့ပရိသတ် တွေ နဲ့ လမ်းပေါ် တွေတဲ့အခါမှာ လည်း ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး ဖော်ရွေစွာ ပြုံးပြတာဖြစ်ပါတယ်နော်။

သင်ဇာ ကတော့ ပြည်သူ တွေနဲ့ တစ်စိတ် တစ်ဝမ်းတည်းရှိပြီး တတ်နိုင်တဲ့ ဘက်ကနေပါဝင် နေတာ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်တို့ အုပ်စုကလည်း ပြည်သူ လူထု အတွက် စားစရာတွေနဲ့ ရေသန့်ဘူး တွေကို တစ်နိုင် တစ်ပိုင် လှူဒါန်းလိုက် သေးတာဖြစ်ပါတယ်။

သင်ဇာဝင့်ကျော် ကတော့ ဆိုင်းဘုတ် ကြီးကိုင်ပြီး လူအုပ်ကြားထဲမှာ ရဲရင့် ပြတ်သားစွာနဲ့ သူမခံ ယူချက်ကို နေ့စဉ်ရက် ဆက်ထုတ်ဖော်နေတာဖြစ် ပါတယ်နော်။

ပြည်သူ လူထုက လည်း အနုပညာရှင် တွေကအခုလို မျိုးတက်တက် ကြွကြွနဲ့ ရှေ့ဆုံးက နေဦးဆောင်နေ ကြလို့ ပိုပြီးအားတက် နေကြတာဖြစ်ပါတယ်။

အနုပညာရှင် တွေကတော့ ပြည်သူ လူထုနဲ့ အတူ မမောမ ပန်းနိုင်ဘဲ နေ့တိုင်းလမ်းပေါ် ထွက်ပြီးလှုပ်ရှားနေကြ တာဖြစ်ပါ တယ်နော်။

ဒီနေ့ ဖေဖော်ဝါရီလ(၂၆)ရက်နေ့ မနက် ပိုင်းမှာတော့ သင်ဇာဝင့်ကျော်က မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့အတူ

ရန်ကုန်မြို့၊တက္ကသိုလ် ရိပ်သာလမ်းပေါ်မှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် ရှေ့သို့ သွားရောက်ပြီး ပရိတ်ရွတ်၊မေတ္တာပို့နေကြတာဖြစ်ပါတယ်။

သင်ဇာတို့ ကတော့ မိမိတတ်နိုင်တဲ့ ဘက်ကနေ အကူအညီ လေးတစ်ခုခု ရလိုရငြားနဲ့ကြိုးစား အားထုတ် နေကြတာဖြစ်ပါတယ်။

မနက် စောစောမှာ တည်ငြိမ် အေးချမ်းစွာနဲ့ ကုသိုလ်၊ကောင်းမှူ တွေပြုလုပ်နေတဲ့ သင်ဇာဝင့်ကျော်ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေ ပေးလိုက်ပါ တယ်နော်။

Source&Photo Credit:Myanmarload TV

Add a Comment

Your email address will not be published. Required fields are marked *