ဦးကျော်သူတို့ဇနီးမောင်နှံကို ဘေးရန်ကင်းဖို့အတွက် ဆုတောင်းပေးလိုက်တဲ့ချစ်ချစ်ဇော်

သရုပ်ဆောင် လင်းဇာနည်ဇော်နဲ့ ချစ်ချစ်ဇော်တို့ ညီအစ်မနှစ်ယောက် ကတော့ လူထုလှုပ်ရှားမှု တွေမှာလည်းတက်တက် ကြွကြွပါဝင်ရင်း အလှူအတန်းတွေ ပါလုပ်ဆောင်နေတာဖြစ်ပါတယ်။

လင်းဇာနည်ဇော်တို့ ညီအစ်မနှစ်ယောက်က စားစရာတွေကို ကိုယ်တိုင် ပြင်ဆင်ပြီး ပြည်သူတွေ အဟာရပြည့်ဖို့အတွက် လှူဒါန်းပေးနေတာဖြစ်ပါတယ်။

လင်းဇာနည်ဇော်တို့ မိသားစုကတော့ ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်ပြီး နေ့စဉ်ရက်ဆက် မမောမပန်းနိုင်ဘဲ လမ်းမပေါ်ထွက်နေကြတာ ဖြစ်ပါတယ်။

လင်းဇာနည်ဇော်တို့ အနုပညာရှင် အသိုင်းအဝိုင်းက ပြည်သူ လူထုနဲ့အတူ ပူးပေါင်းပါဝင်ပြီး တတ်နိုင်တဲ့ ဘက်ကနေကူညီပေးနေတာ ဖြစ်ပါတယ်။

အခုလိုမျိုး အနုပညာရှင်တွေက ထိပ်ဆုံးကနေ တက်တက်ကြွကြွ ပါဝင်နေတာဖြစ်လို့ သူတို့ရဲ့ လုံခြုံရေးကိုလည်း အထူးဂရုစိုက် နေရတာဖြစ်ပါတယ်။

လတ်တလောမှာဆိုရင် ဦးကျော်သူတို့ ဇနီးမောင်နှံကလည်း သူတို့ရဲ့ လုံခြုံရေးအတွက် ခဏရှောင်တိမ်း နေထိုင်နေတာ ဖြစ်ပါတယ်။

ပြည်သူတွေကလည်း ဦးကျော်သူအတွက် တပ်ညီလက်ညီနဲ့  တတ်နိုင်သလောက် ဝန်းရံပေးနေကြတာ ဖြစ်ပါတယ်။

ချစ်ချစ်ဇော်ကတော့ သူမစံထားရတဲ့ ပုဂ္ဂိုလ်တွေဖြစ်တဲ့ ဦးကျော်သူတို့ ဇနီးမောင်နှံကို ဘေးအန္တရာယ်ကင်းဖို့ အတွက်ဆုတောင်းပေးနေတာ ဖြစ်ပါတယ်။

ဦးကျော်သူတို့ ဇနီးမောင်နှံကလည်း လူသားအကျိုးပြုနေကြတဲ့ မေတ္တာရှင်၊ စေတနာရှင်တွေဖြစ်ကြလို့ အခုလိုသူတို့ အန္တရာယ်နဲ့ ကြုံနေရတဲ့အချိန်မှာလည်း ပြည်သူတွေက ပြန်လည် ကူညီကြတာ ဖြစ်ပါတယ်။

အခုချိန်မှာတော့ ပြည်သူလူထုက အချင်းချင်း ကာကွယ်စောင့်ရှောက်ကြပြီး ဖြစ်လာသမျှ အခြေအနေကို စည်းစည်းလုံးလုံးနဲ့ ဖြေရှင်းနေကြတာ ဖြစ်ပါတယ်။

RELATED POSTS

Add a Comment

Your email address will not be published. Required fields are marked *