အမြဲ ရှိပြီးသား လို့ ဆိုကာ လွမ်းနေ ကြောင်း ပြောလာတဲ့ SINON……

Sinon Loresca ကတော့ Cat Walk King အဖြစ် ထင်ရှားကျော် ကြား သလို မော်ဒယ်လ်၊ သရုပ်ဆောင် အဖြစ်လည်း အောင်မြင်နေသူတစ်ယောက်ပါ ။

Sinon က မြန်မာနိုင်ငံ ကိုသာမက ရိုးသားတဲ့ ပြည်သူတွေကိုပါ ချစ်ခင်ပြီး မကြာခဏ ဆိုသလို အလှူအတန်းတွေလည်း လုပ်တတ်ပါ သေးတယ်။

လမ်းမှာ တွေ့တဲ့ ချို့တဲ့သူတွေကိုလည်း ကာလဒါနလေးတွေလုပ်တတ် တာကြောင့် ပရိသတ် တွေကချစ်ခင်အားပေးကြပါတယ်။ စိတ်ထား

ဖြူစင် ပြီး အလုပ်ကြိုးစားသလို ပျော်ပျော် လည်းနေတတ်ပါသေးတယ်။ ဆယ်လက်မ ဒေါက်ဖိနပ်နဲ့ အလန်းစားပုံရိပ်တွေကတော့ Sinon ကို လူသိပိုများ စေခဲ့တဲ့ အဓိကအကြောင်းအရင်းပါပဲ။

ဒါ့အပြင် ဖော်ရွေပြီး အပြောအဆို ချိုသာတဲ့အပြင် မြန်မာပြည်ကိုလည်း အရမ်းချစ်သူပါ။ ငယ်စဉ်ကတည်းက အိမ်ယာမဲ့ တစ်ယောက်အဖြစ်ကြီး ပြင်းခဲ့တာကြောင့် အိမ်ယာမဲ့ ကလေးငယ် တွေရဲ့ဘဝကိုစာနာပြီး ဖေးမဖို့ ကြိုးစားပေးသူ တစ်ယောက်ပါ။

ပရဟိတလုပ်ငန်းတွေကိုလည်း တတ်နိုင်တဲ့ဖက်က အမြဲတမ်းလုပ် ပေးနေခဲ့ပါတယ်။ မြန်မာတို့ရဲ့ အထိမ်းအမှတ်နေ့တွေဆိုလည်း အမြဲတမ်းအလှူတစ်ခုလုပ်ပေးလေ့ရှိပါတယ်။

လတ်တလော အခြေအနေတွေ ကြောင့် ဖိလစ်ပိုင်နိုင်ငံ ကိုပြန်သွားခဲ့ရပေမယ့် မြန်မာပရိသတ် တွေနဲ့ အတူ အမြဲရှိတဲ့ အကြောင်း သူ့ရဲ့ Facebook စာမျက်နှာ မှာ ရေးသားခဲ့ပါတယ်။

မြန်မာပြည်က ထွက်ခွာပြီး ဖိလစ်ပိုင်ကို ရောက်တဲ့ အထိတောင် သံပုံးတီး တာတွေ ပြုလုပ်ခဲ့သလို သူလည်ပတ် ရောက်ရှိနေတဲ့ နိုင်ငံတွေမှာ လည်း မြန်မာအလံကို ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော် ပေးခဲ့တဲ့ အထိကို မြန်မာ့ အရေးမှာ စွမ်းစွမ်းတမံ ကူညီပေးခဲ့သူပါ။

ဒါကြောင့်လည်း Sinon ကို မြန်မာပြည်သူ ပြည်သားတွေက ကျေးဇူးတင် နေကြတာဖြစ်ပါတယ်။ ဒီနေ့မှာလည်း မြန်မာနိုင်ငံ အတွက် သူရဲ့ ရင်ထဲမှာ နေရာအလွတ် အမြဲရှိနေပြီး သတိရနေကြောင်းကို ” ငါ့ နှလုံးသားထဲမှာ မြန်မာအတွက် နေရာလွတ် က အမြဲရှိပြီးသား အရမ်းလွမ်းတယ်

မြန်မာ” ဆိုကာ ရေးသား ဖော်ပြလာခဲ့ပါတယ်။ မြန်မာပြည် ကို ချစ်တဲ့ Sinon ကို မြန်မာပြည်သူ တွေကလည်း အများကြီးချစ်ကြောင်း မှတ်ချက်တွေပေးခဲ့ကြပါတယ်။

Source & Photo Credit : Sinon Loresca Facebook Page

zawgyi

Add a Comment

Your email address will not be published. Required fields are marked *