ငယ်ငယ် ရွယ်ရွယ် နဲ့ မျက်စီ မမှုန် အောင် လိုက်နာ သင့်တဲ့ အချက်များ…

ချစ်ပရိသတ်ကြီး‌ရေ နေကာ မျက်မှန် တွေဟာ နေပူ ကြဲကြဲထဲ ထွက်တိုင်း တပ်သင့်ပါတယ်။ နေကာမျက် မှန် အများစုဟာ အန္တရာယ် ရှိတဲ့ UV ရောင်ခြည် တွေကနေ မျက်လုံးကို ကာကွယ် ပေးနိုင်လို့ ဖြစ်ပါတယ်။”

မျက်စိဟာ လူရဲ့ အရေးပါဆုံးနဲ့ အသုံး အများဆုံး အင်္ဂါအစိတ် အပိုင်းထဲမှာ ပါပါတယ်။ “မျက်စိအဆုံး နားအရှုံး” ဆိုပြီးတောင် မျက်လုံးရဲ့ အရေးပါပုံကို ဆိုထုံးပြုခဲ့ကြသေးတာပါပဲ။

အခုလို စမတ် ဖုန်းတွေ လူတိုင်းကိုင် နိုင်လာတဲ့ ခေတ်မှာတော့ မျက်စိရဲ့ အမြင် အာရုံကို ထိခိုက်စေမယ့် အရာတွေ လည်း အရင်ကထက် ပိုများလာပြီ ဖြစ်ပါတယ်။

မျက်လုံး ဟာ တစ်သက်လုံး သုံးရမယ့် ကိုယ် အင်္ဂါတစ်ခု ဖြစ်လို့ အမြင် အာရုံအားနည်းမှု မဖြစ်အောင် ငယ်စဉ်က တည်းက အခုပြောမယ့် အချက်တွေ လိုက်နာပြီး ကြိုတင် ကာကွယ် သင့်ပါတယ်။

(၁) မှန်ကန်တဲ့ အာဟာရ စားပေးပါ

အာဟာရ ဟာ ရုပ်ကို ပြင်ပေးပါတယ်။ မျက်လုံးအတွက် ဆိုရင် ဗိုက်တာ မင်စီနဲ့ ဗိုက်တာမင်အီး ကြွယ်ဝတဲ့ အစားအစာတွေ စားပေးဖို့ လိုပါတယ်။ အိုမိုဂါ ၃-၆-၉ စတဲ့ ဖြည့်စွက် အစားအစာတွေ ၊ လူတိန်းနဲ့ ဇင့်ဓါတ် ပါတဲ့ အစား အသောက်တွေ စားပေး သင့်ပါတယ်။

စားပေး သင့်တဲ့ အစားအစာ တွေကတော့ အစိမ်းရောင် ဟင်းသီး ဟင်းရွက်များ ၊ ဆယ်လ်မွန်ငါး ၊ တူနာငါး ၊ အစေ့အဆံနဲ့ ပဲအမျိုးမျိုး ၊ သံပုရာ လိမ္မော်စတဲ့ သစ်သီးများ နဲ့ ကမာတို့ ဖြစ်ပါတယ်။

ဒီအစား အသောက်တွေက မျက်လုံး ကျန်းမာရေး အတွက် အထူးပဲ ကောင်းမွန်တဲ့ အစား အသောက်တွေ ဖြစ်ပါတယ်။

(၂) Screen ကြည့်ချိန် လျှော့ပါ

မျက်စိ မထိခိုက် စေဖို့ စမတ်ဖုန်းသုံးတာ ၊ တီဗွီကြည့်တာ ၊ လက်ပ်တော့နဲ့ အလုပ်လုပ် တာ စတဲ့ Screen ရှေ့မှာ အနေ များတဲ့ အကျင့်ကို ပြုပြင် သင့်ပါတယ်။

Screen ပါတဲ့ အီလက်ထရွန်းနစ် ထုတ်ကုန် တေါဟာ မျက်စိထိခိုက် စေပြီး ခေါင်းကိုက်တာ ၊ ကြွက်သား နာကျင်တာတွေ ဖြစ်နိုင်ပါတယ်။ ကွန်ပျူတာ/ဖုန်းသုံးလို့ အနည်းဆုံး ၁ နာရီ ကြာတိုင်း ၁၀ မိနစ်အနား ယူတာမျိုး လုပ် သင့်ပါတယ်။

(၃) မျက်စိမထိခိုက် အောင် ကာကွယ်ပါ

ကိုယ့်အလုပ်က ကွန်ပျူတာရှေ့မှာ တောက်လျှောက် ထိုင်လုပ် နေရတာမျိုး ဆိုရင် Screen အလင်းတွေ ကြောင့် မျက်လုံးမ ထိခိုက်အောင် ကာကွယ်ဖို့က အရေးကြီးပါတယ်။

Screen ရဲ့ အလင်းနဲ့ တောက် ပမှုနှုန်း လျှော့ပါ။ Blue Light Filter မျက်မှန်မျိုး တပ်ပါ။ သက်တောင့် သက်သာ ရှိပြီး နောက်ကျောမနာမယ့် ထိုင်ခုံမျိုးသုံးပါ။

မျက်လုံးခြောက် သွေ့တာ ၊ မျက်စိ ညောင်းညာလာရင် မျက်စဉ်း ခပ်တာ ၊ ခဏနားပြီး လမ်းလေး ဘာလေး လျှောက်တာ မျိုး လုပ်သင့်ပါတယ်။

(၄) နေပူထဲ သွားတိုင်း မျက်မှန်တပ်ပါ

နေကာ မျက်မှန်တွေဟာ နေပူ ကြဲကြဲထဲ ထွက်တိုင်း တပ် သင့်ပါတယ်။

နေကာ မျက်မှန် အများစုဟာ အန္တရာယ် ရှိတဲ့ UV ရောင်ခြည် တွေကနေ မျက်လုံးကို ကာကွယ် ပေးနိုင်လို့ ဖြစ်ပါတယ်။

Photo: Freepik

Add a Comment

Your email address will not be published. Required fields are marked *