မြန်မာဆန်ဆန်လေးနဲ့ လှပပီး ကျက်သရေရှိနေတဲ့ ရွှေသမီး….

ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာ သိမ်းပိုက်ထားကြတဲ့ ပြည်သူ့အသည်း ကျော်အနု ပညာရှင်မင်း သမီးချော တွေထဲမှာ ရွှေသမီးကလည်း အပါအဝင် ပါပဲနော်..။

သရုပ်ဆောင် ကောင်းသလို ချစ်စရာ လည်းကောင်းပြီး ကလေးလေး တစ်ယောက်လိုလည်း ရိုးရှင်းပြီး ပွင့်လင်းတဲ့ သူမကိုတော့ ယောကျ်ားမိန်းကလေး ပရိသတ်တွေ အားလုံးက ချစ်ခင် နေကြရတာပါ..။

သူမရဲ့လှုပ်ရှားမှုလေးတွေ နဲ့ ပုံရိပ်လေးတွေကို အမြဲမျှဝေ လေ့ရှိတဲ့ ရွှေသမီးကတော့ အခုတစ်ခါမှာလည်း ရိုးရှင်း အေးချမ်းတဲ့အလှတရားတွေနဲ့ ဓာတ်ဖမ်းထားတဲ့ အလှပုံရိပ် လေးတွေကို ဝေမျှလိုက်ပါတယ်နော်..၊

ပရိသတ်အချစ်တော်လေး သူမကတော့ ရိုးရှင်းပြီးတု နှိုင်းမဲ့လွန်းတဲ့ မြန်မာအမျိုးသမီး တစ်ယောက်ရဲ့ ကျက်သရေရှိရှိ မဟာဆန်နေတဲ့အလှတရားတွေနဲ့မြင်သူတိုင်းကို အေးချမ်းစွာအချစ်ပိုစေတာပဲ ဖြစ်ပါတယ်နော်..။

“Morning မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေလို့ ရွှေကဆုတောင်းပေးပါတယ်ရှင့် ငြိမ်းချမ်းပျော်ရွှင်ခြင်းက ချစ်ခြင်း မေတ္တာ နားလည်မှုဆိုတဲ့အရာတွေကနေ စတယ်လို့ ရွှေကဆိုချင်ပါတယ်

အဲ့အရာတွေကိုရွှေရဲ့မိသားစုနဲ့ ခုရွှေ့ရဲ့စာလေးကိုဖတ်နေတဲ့သူတွေဆီက ရနေပါတယ်ဆိုတာကို ယုံကြည်လိုက်ပါ (ရွှေ့ကို မချစ်ရင်စာတောင်ဖတ်မှာမဟုတ်ဘူးလေနော် ကျော်သွားမှာပေါ့နော်)

ရွှေကလည်း အရမ်းချစ် ရွှေဘယ်လို ကဲနေနေ ဘယ်လိုပဲဖြစ်ဖြစ် ချစ်ပေးနေကြလို့ ချစ်ခြင်း များစွာဖြင့် ရွှေ..” ဆိုပြီးတော့လည်း ချစ်စဖွယ်လေး စကားဆိုထား ပါသေးတယ်နော်..။

ကဲ.. ဒီကနေ့လေးမှာတော့ မြန်မာ ဝတ်စုံလေးနဲ့ ရိုးရှင်းအေးချမ်းစွာ ချစ်စရာကောင်းလွန်းနေတဲ့ ရွှေသမီးရဲ့ ပုံရိပ် လေး တွေကိုလည်း ပရိသတ် တွေအားလုံးအတွက် တက်ဆက်ပေး လိုက်ပါတယ်နော်..။

Source – ရွှေသမီး – Shwe Tha Mee’s Fb Page

Photo Credit – Amazing Grace Photography (Ko Ye Ng Soe)

Add a Comment

Your email address will not be published. Required fields are marked *