မြန်မာမော်ဒယ် တစ်ဦးဖြစ်တဲ့ မေမြတ်နိုး ကတော့ ဂျူဗင်တပ် အသင်းရဲ့ ၂၀၂၁-၂၀၂၂ ရာသီမှာ မိတ်ဆက် မယ့် ယူရို ၉၀ တန် အပေါ် ဝတ်ဂျာကင် ကြော်ငြာမှာ ပါဝင်လာ…

အီတလီစီးရီး အေကလပ် ဂျူဗင်တပ် အသင်း လာမယ့် ၂၀၂၁-၂၀၂၂ ဘောလုံး ရာသီသစ်မှာ ဝတ်ဆင်မယ့် အပေါ်ဝတ် ဂျာကင် အင်္ကျီကို မိတ်ဆက်ကြော်ငြာ ခဲ့ရာမှာ မြန်မာမော်ဒယ် တစ်ဦးဖြစ်တဲ့ မေမြတ်နိုး ပါဝင်လာ ခဲ့တာကို မြင်တွေ့ ခဲ့ရ ပါတယ်။

သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ ပလပ်စတစ် ညစ်ညမ်းမှုကို ကာကွယ်ဖို့ Polyester အသုံးပြု ချုပ်လုပ် ထားပြီး Polyester ၆၇ ရာခိုင်နှုန်း၊

ဝါဂွမ်း ၃၃ ရာခိုင်နှုန်းနဲ့ ပေါင်းစပ် ဖန်တီးထားတဲ့ အင်္ကျီ ဖြစ်ကြောင်း ဂျူဗင်တပ် နဲ့ အာကစား ဝတ်စုံဆိုင်ရာ စပွန်ဆာ စာချုပ် ချုပ်ဆိုထားတဲ့ အက်ဒီးဒတ်စ်က သတင်းထုတ် ပြန်ထားပါတယ်။

ဂျူဗင်တပ်ဟာ လာမယ့် ရာသီသစ်မှာ ဝတ်ဆင်မယ့် အားကစား ဝတ်စုံတွေကို အသင်းကစား သမားတွေနဲ့အတူ နာမည်ကြီး မော်ဒယ်တစ်ချို့ကိုပါ ခေါ်ယူ မိတ်ဆက်ခဲ့ပြီး အဲ့ဒီမော်ဒယ် တွေထဲမှာ မေမြတ်နိုးကလည်း တစ်ဦး အပါအဝင် ဖြစ်ခဲ့ပါ တယ်။

အက်ဒီးဒတ်စ် အားကစား အသုံးအဆောင် ထုတ်လုပ် ရေးလုပ်ငန်းစုဟာ မေမြတ်နိုးနဲ့ မိတ်ဆက် ကြော်ငြာခဲ့တဲ့ အပေါ်ဝတ်ဂျာ ကင်အင်္ကျီကို ယူရို ၉၀ တန်ကြေးသတ်မှတ်ပြီး ရောင်းချ သွားဖို့ ရှိနေပါ တယ်။

မေမြတ်နိုးဟာ လက်ရှိမှာတော့ အီတလီ ဖက်ရှင်လောကအတွင်း အောင်မြင် မှုတွေ စတင်ရ ရှိနေပြီ ဖြစ်ပြီး ကုန်ပစ္စည်း ကြော်ငြာတချို့နဲ့ ဓာတ်ပုံရိုက် ကူးမှုတချို့ကို လက်ခံဆောင်ရွက် ခွင့်ရရှိနေပြီ ဖြစ်ပါ တယ်။

သတင်း – စံတော်ချိန်ဒစ်ဂျစ်တယ်
crd :
zawgyi

Add a Comment

Your email address will not be published. Required fields are marked *