မြန်မာ့ဂုဏ်ဆောင် ‘အောင်လအန်ဆန်းနဲ့ ဒီရိုင်ဒါ’တို့ရဲ့ မကြေပွဲကို ကြည့်ရတော့မယ်ဗျာ

ပရိသတ်ကြီးရေ လာပြီနော် ‘One Championship’က(၂၀၂၁)အတွင်းကျင်းပမည့် ‘MMA’ ပွဲစဉ်များတွင်’အောင်လအန်ဆန်’၏ မစ်ဒယ်ဝိတ်တန်းတစ်ကျော့ပြန် ချန်ပီယံစိန်ခေါ်ပွဲ ပါဝင်ဖွယ်ရှိ ကြောင်းဟောင်ကောင်အခြေစိုက် ‘South China Morning Post’ကရေးသားဖော် ပြခဲ့သည်။

‘အောင်လအန်ဆန်’သည်ပြီးခဲ့သည့် အောက်တိုဘာ (၃၀)ရက်ကစင်ကာပူနိုင်ငံ ၌ကျင်းပခဲ့သည့်၊’MMA’မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲတွင် စိန်ခေါ်သူ’ဒီရစ်ဒါ’ကိုပထမအချီအတွင်းချုပ်ကွက်မိ ကာရှုံးနိမ့်ခဲ့သည်။

မြန်မာဂုဏ်ဆောင်’အောင်လအန်ဆန်’ကလက်လွှတ်ခဲ့ရသည့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို ပြန်လည်ရယူမည် ဟုပြောကြားထားပြီး ‘One’ကစီစဉ်ပါက’ဒီရစ်ဒါ’နှင့် မကျေပွဲပြန်လည် ယှဉ်ပြိုင်မည်ဟု ဆိုထားသည်။

‘MMA’ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ သစ် နယ်သာလန်ဖိုက်တာ’ဒီရစ်ဒါ’၏ ခါးပတ်ကို စိန်ခေါ်နိုင်သည့် ကစားသမား များစာရင်းကို နိုဝင်ဘာအတွင်းက’One’က ထုတ်ပြန်ခဲ့ရာ ‘အောင်လအန်ဆန်’လည်းပါဝင်သည်။အသက်(၃၅)နှစ်အရွယ် ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည် ‘MMA’ပြိုင်ပွဲတစ်လျှောက် (၃၇)ပွဲကစား၊(၂၆) ပွဲနိုင်၊ (၁၁)ပွဲရှုံးနိမ့်ထားသည်။

‘အောင်လအန်ဆန်’သည် ‘MMA’ မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်ကို လက်လွှတ်ခဲ့ရသော် လည်းလိုက်ဟဲဗီးဝိတ်ချန်ပီယံအဖြစ် ဆက်လက်ရပ်တည်နေသည်။ကဲ..ဖတ်ရှုအားပေး သောချစ်ပရိသတ် ကြီးလည်း  သာယာပျော် ရွှင်သောနှစ်သစ်လေး ပိုင်ဆိုင်နိုင်ကြပါစေ လို့ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်နော်၊Crd

Add a Comment

Your email address will not be published. Required fields are marked *