မဖူးအပင် ပန်းခံကာ လွန်ခဲ့တဲ့ သုံးနှစ်က လုပ်ပေးထား တဲ့ လက်ဆောင် ကဒ်လေး ကို ​ကြည့်ပြီး သတိရနေကြောင်း ဖွင့်ဟလာတဲ့ စံထိပ်ထားဦး…

​လက်ရှိဖြစ် ပေါ်နေတဲ့ လူထု လှုပ်ရှားမှုများတွင် ပြည်သူ တွေနဲ့အတူ ဓမ္မဘက်က ရပ်တည်ပေးခဲ့ ကြသူများထဲမှာ သရုပ်ဆောင် မေတိုးခိုင်လည်း တစ်ဦး အပါအဝင်ပဲ ဖြစ်ပါတယ်။

အဒေါ်ဖြစ်သူ အူဝဲနဲ့အတူ နေ့စဉ် ရက်ဆက် လမ်းပေါ်ထွက်ကာ ဆန္ဒ ထုတ်ဖော်ခဲ့တဲ့ သူမကို ပရိသတ်တွေက လေးစား ဂုဏ်ယူနေကြတာ ဖြစ်ပါတယ်။ အခုလိုတွေ ပါဝင်ခဲ့တဲ့ မေတိုးခိုင်ကို ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုပြီး ဖမ်းဆီး ထိန်းသိမ်းခြင်း ခံထားရတာ ဖြစ်ပါတယ်။

မေတိုးခိုင်ကို ချစ်ကြတဲ့ မိတ်ဆွေ အပေါင်းအသင်းများကတော့ သူမရဲ့ ဘေးကင်း လုံခြုံရေးအတွက် စိတ်ပူနေကြတာ ဖြစ်ပါတယ်။ အမှန်တရားဘက်က ရပ်တည် ပေးနေကြတဲ့ အနုပညာရှင် များကလည်း ဖမ်းဆီးထိန်းသိမ်းခံ ထားရသူများအားလုံး

အမြန်ဆုံး ပြန်လွှတ်ပေးဖို့ သူတို့ တတ်နိုင်တဲ့ ဘက်ကနေ Speak Out လုပ်ပေး နေကြတာဖြစ်ပါတယ်။ မေတိုးခိုင်နဲ့ ပတ်သက်တဲ့ အမှတ်တရတစ်ချို့ကို သူမကို ချစ်ခင်ကြသူများက လူမှုကွန်ယက်တွင် သတိတရ ဝေမျှပေးနေကြတာလည်း ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်း လောက်က စံထိပ်ထားဦး ရဲ့ Instagram Story တွင် ပုံလေးတစ်ပုံ တင်ထားတာ ဖြစ်ပါတယ်။ဒါကတော့ လွန်ခဲ့တဲ့ သုံးနှစ်က မဖူးအပင်ပန်းခံကာ လုပ်ပေးထားတဲ့ လက်ဆောင် ကဒ်လေးကို ​ကြည့်ပြီး သတိရ နေကြောင်း ဖွင့်ဟ ပြောပြလာတာ ဖြစ်ပါတယ်။

ဒီကဒ်လေးကိုတော့ ထိပ်ထိပ်လေး ရဲ့ မွေးနေ့ အတွက် မေတိုးခိုင်မှ ကိုယ်တိုင် handmade postcard လေး ဖန်တီးပြု လုပ်ပေးထားတာ ဖြစ်ပါတယ်။ စံထိပ်ထားဦးကလည်း ” မဖူးဘေးအန္တရာယ်ကင်းပြီး ကျန်းမာရေး ကောင်းမွန်မယ်လို့ မျှော်လင့်နေပါတယ်။ အရမ်းလည်း လွမ်းနေပါတယ် ” ဆိုပြီး ရေးသား ထားတာ ဖြစ်ပါတယ်။

မေတိုးခိုင်နဲ့အတူ ကြော်ငြာလေးတွေ အတူ ရိုက်ဖူးခဲ့ကြပြီးညီအစ်မအရင်းတွေလို ချစ်ခင် ကြတာဖြစ်တဲ့အတွက် အခုလို အခြေအနေဖြစ်သွားတာကြောင့် ထိပ်ထိပ် တစ်ယောက် အတော်လေးကို စိတ်ထိ ခိုက်နေတာ ဖြစ်ပါတယ်။ ဖမ်းဆီးထိန်းသိမ်း ခံထားရ သူများအားလုံးလည်းဘေးအန္တရာယ် ကင်းရှင်းကြပါစေလို့ ဆုတောင်းပေးလိုက် ရပါတယ်။

Source and Photo Crd-San Htate Htar Oo’s IG/ Facebook Account and May Toe Khine’s Facebook Page

Add a Comment

Your email address will not be published. Required fields are marked *