လှုပ်ရှား မှုမှာ စိတ်အား ထက်သန်မှု အပြည့် နဲ့ ပါဝင်နေ ခဲ့တဲ့ ရဲလေး…
|အဆိုတော် ရဲလေးကတော့ အသံ အေးအေးချိုချို လေးတွေနဲ့ သီချင်း ကောင်းလေးတွေ များစွာကို သီဆိုခဲ့သူ တစ်ယောက်ဖြစ်ပြီး အောင်မြင်တဲ့
အဆိုတော် တစ်ယောက် အဖြစ် ရပ်တည် ထားနိုင်ခဲ့ကာ ပရိသတ်တွေရဲ့ အားပေးချစ်ခင် မှုကိုလည်း အခိုင်အမာရယူထားနိုင်ခဲ့ပါတယ်။
သီချင်းအသစ် လေးတွေ ထွက်ရှိဖို့ ပြင်ဆင်နေတဲ့ ရဲလေးကတော့ နှင်းဆီအဖွဲ့ဝင် တစ်ယောက် ဖြစ်တဲ့အပြင် အဆိုပါ အဖွဲ့ထဲမှာ အသက်အငယ်ဆုံးပဲ ဖြစ်ပါတယ်။ နှင်းဆီအဖွဲ့လေးကို နေတိုး၊မင်းမော်ကွန်း၊ကျော်ကျော်ဗိုလ်၊ထွန်းထွန်း၊ရဲလေးတို့နဲ့ဖွဲ့စည်းထားခဲ့တာပဲဖြစ်ပါတယ်။
နှင်းဆီအဖွဲ့သားတွေ ကတော့ အနုပညာ အလုပ်တွေကို အတူတကွ လုပ်ကိုင်လျက် ရှိနေပြီး လက်တွေ့ အပြင်မှာ လည်း ညီအကိုရင်းချာလို ခင်မင်ရသူ တွေဖြစ်ကြကာ တစ်ယောက်နဲ့တစ်ယောက် အမြဲစနောက် လေ့ရှိကြတာ ဖြစ်ပါတယ်။
လက်ရှိမှာ ဖြစ်ပွားနေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ပြည်သူချစ် အနုပညာရှင် တွေများစွာက ပြည်သူတွေနဲ့ အတူ ရပ်တည်နေ တာဖြစ်သလို လူထု လှုပ်ရှားမှု တွေမှာလည်း တတ်နိုင်သလောက် ပါဝင်လေ့ရှိတာ ဖြစ်ပါတယ်။
နှင်းဆီအဖွဲ့သားတွေ ကတော့ ယခုတွင် ဆူးလေမှာပြုလုပ်နေတဲ့ လူထုလှုပ် ရှားမှုမှာ မမောနိုင်မပန်းနိုင် ပါဝင်ရင်း ပြည်သူတွေနဲ့အတူ ရပ်တည်နေခဲ့ပါတယ်။
ရဲလေးကတော့ ” ကျွန်တော်တို့ ယနေ့ဆူးလေ “ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။
နှင်းဆီအဖွဲ့သားတွေ နဲ့အတူ လူထုလှုပ်ရှားမှုမှာ အားမာန်အပြည့်နဲ့ ပါဝင်နေတဲ့ အဆိုတော်ရဲလေးရဲ့ ပုံရိပ်လေးတွေကို
ချစ်ပရိသတ်တွေ အတွက် ပြန်လည် ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ် လေးတွေကို အောက်မှာကြည့် နိုင်ပါတယ်။
Source:Ye Tun Min ‘ s Facebook Acc
zawgyi
အဆိုတော် ရဲလေးကတော့ အသံ အေးအေးချိုချို လေးတွေနဲ့ သီချင်း ကောင်းလေးတွေ များစွာကို သီဆိုခဲ့သူ တစ်ယောက်ဖြစ်ပြီး အောင်မြင်တဲ့