လိုအပ် နေတဲ့ မိသားစု တွေ အတွက် လက်ရှိ အခက်အခဲ တွေကြားမှာ တက်နိုင်တဲ့ ဘက်ကနေ ကူညီထောက်ပံ့တဲ့ လှူဒါန်းမှုကို ထပ်မံပြု လုပ်ခဲ့တဲ့ ခန့်စည်သူ…

ချစ်ပရိသတ်ကြီးရေ အနုပညာ လောကမှာ လေးစား အားကျပြီး ပရိသတ် တွေရဲ့ အချစ် တွေကို အပြည့်အဝ ရရှိထားတဲ့ သူက တော့ ဝါရင့်မင်းသားကြီး ခန့်စည်သူပဲ ဖြစ်ပါတယ်။

ခန့်စည်သူဟာ ယနေ့အချိန် ထိလည်း အနုပညာအ လုပ်တွေကို ဖြည်းဖြည်းမှ န်မှန် နဲ့လုပ်ကိုင် နေတဲ့အပြင် လူမှုရေး အကျိုးပြု ပရဟိတ လုပ်ငန်းတွေ ကိုလည်း လုပ်ကိုင် ပေးနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် သူ တစ်ပါးကို အမြဲကူညီ ပေးတတ်ပြီး အလှူ အတန်းတွေ ကိုလည်း ရက်ရက် ရောရော လှူဒါန်းပေးခဲ့ တာတွေ့မြင်ရပါတယ်။

ခန့်စည်သူရဲ့ အလှူလေးတွေ ကလည်း တခြားအလှူရှင် တွေနဲ့ စုပေါင်းကာ ဘယ်နေရာ ဒေသမဆို ကိုယ်တိုင် ကိုယ်ကျ သွားရောက် လှူဒါန်းပေးကာ မှတ်တမ်းတင် ပုံရိပ်လေးတွေကို ပရိသတ်တွေ ထပ်တူထပ်မျှ ကြည်နူးပီတိဖြစ်ရအောင် အမြဲဖော်ပြ ပေးပါတယ်။

ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ တော့ ခန့်စည်သူက ပရိသတ်တွေ ကြည်နူးပီတိ ဖြစ်စေမယ့် အလှူလေး တစ်ခုကို ထပ်မံ ပြုလုပ်ခဲ့ပါတယ်။

ဒီအလှူလေး ကတော့ သင်္ဃန်းကျွန်း မြို့နယ်မှာ ရှိတဲ့ အိမ်ထောင်စု များအတွက် အခြေခံစားသောက် ကုန်များကို တခြားအလှူရှင် တွေနဲ့ စုပေါင်းပြီး လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။

ဒီအကြောင်းလေးနဲ့ပ တ်သက်ပြီး ခန့်စည်သူက ပြောပြထား ရာမှာလည်း ” သင်္ဃန်းကျွန်းမြို့နယ် (င/က) ရပ်ကွက်ရှိ အိမ်ထောင်စု(၃၁၆)စု တို့အတွက်

တစ်အိမ်ထောင် လျှင် ဆန်(၆) ပြည်၊ဆီတစ်ဗူး၊ငွေကျပ် (၃၀၀၀)စီနှင့် ထမင်းကြော်ဘူး (၄၀၀) ကို လှူဒါန်းခဲ့ပါတယ်….ခက်ခဲရှားပါးနေတဲ့ ကြားထဲက ပါဝင်လှူဒါန်းပေးကြသူများ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်….

Sumyat Myat Grace Htwe အလှူရှင်များ ကျန်းမာ၊ချမ်း သာကြပါစေ”ဆိုပြီးရေးသားထား ပါသေးတယ်။

ကဲ….ပရိသတ်ကြီးရေ အဖက်ဖက် က အဆင်မပြေတဲ့အချိန်လေးမှာ မွန်မြတ်တဲ့ အလှူလေးကို ပြုလုပ်ခဲ့တဲ့ ခန့်စည်သူ ကို ဆုမွန်ကောင်းလေး တောင်းပေးလိုက်ပါဦး။

Photo Credit – Kyaw Soe Win fb account

Add a Comment

Your email address will not be published.