လမ်းပေါ် ထွက်ပြီး ငြိမ်းချမ်းစွာ တောင်းဆိုခဲ့ ကြတဲ့ R ဇာနည်တို့ ဂီတ လောက သားများ…

ချစ်ပရိသတ်ကြီးရေ လက်ရှိ ဖြစ်ပေါ် နေတဲ့ အခြေအနေတွေမှာ ဆိုရင်တော့ ပြည်သူတွေ အပြင် အနုပညာရှင် တွေ နဲ့ ဂီတ လောကသားတွေ ကပါ လမ်းပေါ် ထွက်ပြီး လူထုလှုပ်ရှားမှု တွေကို လုပ်ဆောင် နေကြတာ ဖြစ်ပါတယ် ။

အနုပညာ ရှင်များအဖွဲ့က နေ့တိုင်းလိုလို ပြည်သူ လူထုတွေနဲ့အတူ တက်တက် ကြွကြွ ပါဝင်သလို ဂီတ လောကသားတွေ ကလည်း သူတို့တတ်နိုင်တဲ့ ဘက်ကနေ ပါဝင် အားဖြည့်ပေးနေ ကြတာ ဖြစ်ပါတယ် ။

ဂီတအနုပညာ ရှင်များ အဖွဲ့မှာ တော့ တေးသံ ရှင်တွေ အများအပြားပါ ဝင်ကြတာ ဖြစ်ပါတယ် ။

မျိုးကျော့မြိုင်၊ R ဇာနည်၊ ရန်ရန်ချမ်း၊ ဖိုးကာ ၊ ဇော်ပိုင်၊ စိုင်းစိုင်းခမ်းလိုင်၊ ကျားပေါက်၊ G Fatt ၊ဖြိုးလေး၊ ဖြိုးပြည့်စုံ၊ ထက်ယံ၊ ဘီလီလမင်းအေး၊ ပိုပိုနဲ့ ဝါဆိုမိုးဦး စတဲ့ နာမည်ကြီး တေးသံရှင်တွေပါဝင်တဲ့အဖွဲ့က

မနေ့က လည်း လမ်းပေါ်ကိုအတူတူ ထွက်ပြီး ကြွေးကြော်ခဲ့ ကြတာ ဖြစ်ပါတယ် ။

ဂီတအနုပညာ ရှင်တွေအားလုံးက စုပေါင်းပြီး ဖမ်းဆီးထိန်းသိမ်းခံ ထားရတဲ့ အနုပညာရှင် တွေကို ပြန်လွှတ် ပေးဖို့ ငြိမ်းချမ်းစွာ တောင်းဆိုပေး ခဲ့ ကြတာပဲ ဖြစ်ပါတယ် ။

ဂီတ အနုပညာရှင် များအဖွဲ့က မြန်မာပလာဇာ အရှေ့မှာထိုင်ပြီး သူတို့ရဲ့ ကြွေးကြော်သံ တွေကို အားလုံးကြား စေရန် စည်းလုံးညီညွတ်စွာ လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ တာပဲ ဖြစ်ပါတယ် ။

ပြည်သူ တွေနဲ့အတူ တစ်သားတည်းရပ် တည်နေကြတဲ့ ဂီတ အနုပညာရှင် တွေက အခုချိန်မှာ တစ်ထောင့် တစ်နေရာ ကနေ ပါဝင်အားဖြည့်ပေးနေ တာလည်း ဖြစ်ပါတယ် ။

ကဲ ဖမ်းဆီး ထိန်းသိမ်းခံ ထားရတဲ့ အနုပညာရှင် များအား ပြန်လည် လွတ်မြောက် ပေးရန်အတွက် တောင်းဆိုခဲ့ ကြတဲ့ ဂီတအနုပညာရှင်များ ရဲ့ပုံရိပ်တွေကို ပြန်လည်မျှ ဝေပေးလိုက် ပါတယ်နော် ။

Source – Myanmarload TV

Add a Comment

Your email address will not be published. Required fields are marked *