လယ်တီဆရာတော် ဘုရားကြီး ကြိုတင် ဟောကြား ခဲ့ သော ကမ္ဘာတွင် ကပ်ကြီးသုံးပါး ပြင်းထန်စွာ ဖြစ်မည့် အကြောင်းကို ခရစ်နှစ် (1910)ခန့် ကကြိုတင် ဟောကြား ခဲ့…

လယ်တီဆရာတော်ဘုရားကြီး ကြိုတင် ဟောကြား ခဲ့ သော ကမ္ဘာတွင် ကပ်ကြီးသုံးပါး ပြင်းထန်စွာ ဖြစ်မည့် အကြောင်းကို ခရစ်နှစ် (1910)ခန့် ကကြိုတင် ဟောကြား ခဲ့…

လယ်တီဆရာတော်ဘုရားကြီး ကြိုတင် ဟောကြား ခဲ့ သော ကမ္ဘာတွင် ကပ်ကြီးသုံးပါး ပြင်းထန်စွာ ဖြစ်မည့် အကြောင်းကို ခရစ်နှစ် (1910)ခန့် ကကြိုတင် ဟောကြား ခဲ့…

မြန်မာ ပြည်အား အင်္ဂလိပ်တို့ အုပ်ချုပ် သော ကိုလိုနီ ခေတ်တွင် လယ်တီ ဆရာတော် ဘုရားသီတင်း သုံးနေသော ကျောင်းသို့ အင်္ဂလိပ် နယ်ပိုင်မင်း သမီး ” မက်ကလပ် မေရီ” တစ်ယောက် ရောက်ရှိ လာသည်။

ထိုအင်္ဂလိပ် အမျိုးသမီးသည် ခရစ်ယာန် မှ ဗုဒ္ဓဘာသာကို ကူးပြောင်း သက်ဝင် ယုံကြည်သဖြင့် လယ်တီ ဆရာတော် ကို အလွန်မှပင် ယုံကြည် ကိုးကွယ် လေသည်။

သူမ၏ အဖေနယ်ပိုင် မင်းသည် မြန်မာ ပြည်တွင် နှစ်ပေါင်းများစွာ တာဝန်ကျ သဖြင့်သူမသည် လည်း မြန်မာပြည် တွင် မွေးဖွားကာ မြန်မာ စကားကို ရေလည်စွာ တတ် ကျွမ်းလေသည်။

မေရီသည် လယ်တီ ဆရာတော် ဘုရားအား ရှိခိုးပြီး မနေ့ည က သူမထူးဆန်းစွာ မက်သော အိမ်မက်ဆိုးကြီးကို သုံးခုအား ဆရာတော်ထံ လျောက် ထားလေသည်။

ရဟန္တာ ဖြစ်သော လယ်တီ ဆရာတော် သူမအိမ်မက်၏ ရှေ့ဖြစ် အကြောင်းကို သုံးသပ် လေသည်။

ရဟန္တာတို့ မည်သည် ရှေ့ဆက် ဖြစ်လာမည့် အရာများကို ကြိုတင်သိ မြင်သလို ထို သိမြင်သည် များကိုလည်း အကြောင်းမဲ့မဟော။

အကြောင်း တိုက်ဆိုင်ပြီး မေးမြန်းမှ ဟောကြား ဖြေကြား လေသည်။လယ်တီ ဆရာတော်က မက်ကလပ် မေရီအား ဤသို့ မိန့်ကြားလေသည်။

ဒကာမကြီး မက်တဲ့ အိမ်မက် ဆိုးသုံးခုက ကမ္ဘာ့ ကပ်ကြီး သုံးပါး ကျမယ့် အိမ်မက်ပေ ပဲ။နှစ် (100 )အတွင်း ကမ္ဘာမှာ ကပ်ကြီး သုံးခု ပြင်းထန်စွာ ကျလိမ့်မယ်။

မေရီ။ ။ ဘယ်လိုကပ် တွေလည်ဘုရား။

ဆရာတော်။ ။ စစ်ဘေးကပ် ရောဂါကပ် ငတ်မွတ်ခြင်း ကပ်ပါ ဒကာမ။ ခရစ်နှစ် 1940 ခုနှစ်ကနေ 2040 ခုနှစ် အတွင်းကျမှာပါ ဒကာမကြီး။

1940နဲ့ 1955 ကြားမှာ ကမ္ဘာတွင် ကြီးမားသော စစ်ပွဲ တွေ ဖြစ်ပွားလိမ့်မယ်။

လူသန်းပေါင်း များစွာ သေကြ လိမ့်မယ် ။တကမ္ဘာလုံး လက်နက် ကပ်ဘေးတွေ ဆိုက်လိမ့် မယ် ဒကာမကြီး။

2015 နဲ့ 2025 ကြားမှာ ကမ္ဘာတွင် ငလျင်ဘေး သဘာဝဘေး ရေဘေး မီးဘေးတွေ ကြီးစွာ ဖြစ် လိမ့်မယ်။

အဲဒီအပြင် ကြီးမားတဲ့ ကပ်ရောဂါကြီး ဖြစ်ပွား လိမ့်မယ်။ လူပေါင်းများစွာ ကူးစက်မယ်။ သန်းနဲ့ချီသေ လိမ့်မယ်။ လူတွေ ထိတ်လန့်ကြလိမ့်မယ်။

2035 နဲ့ 2040 ကြားမှာ ကမ္ဘာပေါ်တွင် မိုးခေါင်ခြင်း ကြီးစွာဖြစ်လိမ့်မယ်။

ရေရှားမယ်။သီးနှံခင်းတွေ ပျက်စီးကြမယ်။အစာရေ စာရှားပါးမယ်။လူသားပေါင်း များစွာ ငတ်မွတ် ခြင်းကြုံပြီး အငတ် ဘေးဆိုက်လိမ့်မယ်။

ဒီနှစ်(100)အတွင်းဖြစ်မယ် ဒကာမကြီး မေရီ။2040 နောက်ပိုင်းမှ အဆိုးကုန်ပြီး ကင်းစင်မယ်။

2050 ကစလို့ နောက်ပိုင်း ကမ္ဘာမှာ ခေတ် ကောင်းကြီးပြန် ဖြစ်လာမယ်။

ကပ်ဘေး သဘာဝဘေး အမျိုးမျိုး ကင်းစင်ပြီးအေးချမ်းလိမ့်မယ်။

ဘာသာ တရားတွေကို သာလူတွေ အာရုံစိုက် လာကြ တော့မယ် ဒကာမကြီး။

Credit to ဓမ္မရွှေစည်

Via: Cho Mar Than

Add a Comment

Your email address will not be published. Required fields are marked *