ကိုယ်တတ်နိုင်တဲ့ ဘက်ကနေကို အလှူအတန်းတွေ လုပ်ပေးနေတာ သူမ တက်နိုင်သလောက် လှူတန်းနေတာကို ဖြူဖြူထွေး နဲ့နှိုင်းကာ ခနဲ့သလိုလို ပြောလာတဲ့သူကို ချက်ကျလက်ကျ ပြောလိုက်တဲ့ ချယ်ရီသင်း….

ချစ် ပရိတ်သတ်ကြီးရေ….ဂီတ လောကမှာ အချစ်သီချင်း ကောင်းလေးတွေကို သီဆို တတ်ပြီး ပရိတ်သတ် တွေရင်ထဲမှာ နေရာတစ်နေရာကိုအပြည့်အဝ ရရျိထားတဲ့ တေးသံရှင် ကတော့ ချယ်ရီသင်းပဲ ဖြစ်ပါတယ်နော်..။

ချယ်ရီသင်းက လတ်တလော ဖြစ်ပေါ်နေတဲ့အခြေအနေ တွေမှာဆိုရင် လည်း ပြည်သူလူထုနဲ့ အတူ တရားမျှတတဲ့ ဒီမိုကရေစီ ပြန်လည်း ရရှိဖို့အတွက် ကြိုးပမ်းနေတဲ့ သူတစ်ယောက် လည်းဖြစ်ပါတယ်။

ချယ်ရီသင်းက နွေဦးတော် လှန်ရေးမှာ ပါဝင်ရင်း ကျဆုံးသွားတဲ့ အာဇာနည် သူရဲကောင်းတွေရဲ့ ကျန်ရစ်သူ မိသားစုအတွက် အလှူငွေများကိုလည်း

သူမတတ်နိုင် သလောက်ကိုယ်တိုင် သွားရောက်လှူဒါန်းခဲ့ တာကိုလည်း တွေ့ခဲ့ရပါ သေးတယ်နော်..။အခုတစ်ခါမှာဆိုရင်လည်း သူမအလှူအတန်းလုပ်နေတာကို ဘေးထိုင်ဘုပြောနေတဲ့သူကို ထိထိမိမိချေပလိုက်တာပဲဖြစ် ပါတယ်နော်။

“နောက်ဆို အဲ့လိုမတည်ပြီးအလှူခံပေးဖို့အရမ်း စဉ်းစားသွားပါပြီကိုယ် မှန်တာဘုရားသိတယ်ဆိုပေမဲ့ဘုရားဒကာဘေးထိုင်ဘုပြောလူ့ကန့်လန့်တွေကမသိဘူးဖြစ်နေတော့ကျမ ဘယ်လောက်မှန်မှန်ကျ မလည်းဘယ်လို နေပြီးဘာလုပ်ပေးရ မှန်းတကယ်မသိတော့ပါဘူး

ပထမအဲ့ရပ်ကွက်ကို မထင်မှတ်ပဲလှူဖြစ်မိရာကနေအဲ့ ကတာဝန်ရှိ လူကြီးမင်းကပြောပြလို့ သူတို့ကျူးအတွက်ရေရဖို့ရာ အခက်အခဲဖြစ်နေတယ်ပြောလို့ တားနေတဲ့ကြားကကျမ ၁သိန်းခွဲမတည်ပြီး အလှူခံခဲ့တာပါ

ဒါတောင် Post တင်အလှူခံတာ မဟုတ်ပဲကျမလှူခဲ့တဲ့ Post အောက်မှာပဲ Comment မှာရေးပြီးစေတနာရှိ သလောက်ပါဝင်ဖို့ ရေးခဲ့တာပါဒီအချိန်အားလုံးခနနားဖို့စိတ်ပူ ပြီးတားတဲ့ကြားကအဲ့ကျူးရေရ ဖို့ကိုစိတ်ကမနေနိုင်လို့ကို လုပ်လိုက်တာပါကျမကသီချင်းဆိုတဲ့ Artist တယောက်ထက်မပိုပါ ဘူးကျမစိတ်ထဲသဒ္ဒါထက်သန် ပြီးကျမလှူနိုင်ရင်လှူလိုက် တယ်မနိူင်တဲ့ အခါ

ပရိတ်သတ်ထဲ ကရပ်ဝေးရပ်နီးကမိဘပြည်သူ တွေနိုင်သလောက်ပါဝင်လှူဒါန်းပေးကြယဒီလောက် ပါပဲပရဟိတအသင်းကြီးထောင်ထားတာလည်း မဟုတ်ပါဘူးအလှူခံ ပြလှူပြပြီး Attention ယူရအောင်လည်း ကျမကဒီနေရာကိုကြုံ တဲ့အပေါက်က ဝင်လာတဲ့ သူမဟုတ်ပါဘူး

အလှူငွေနဲ့ပက်သက်ရင် တကျပ်မှမစားမိအောင် နေတယ်အကုသိုလ် အဖြစ်မခံဘူး လှူတဲ့အခါ တင်ပြတာလည်း အများနဲ့လုပ်ရပါတယ်အခုအချိန်အလှူဗန်းပြ လိမ်စားနေတဲ့လူတွေ ကြားချယ့်ကို ယုံကြည်ပြီးမှလှူပေးကြတဲ့ သူတွေစိတ်လုံခြုံမှုရ အောင်တင်ပေးတာပါချယ်လှူတာကြည့်ပြီးလှူချင် တဲ့လူတွေ သွားလှူလို့ရ အောင်လည်းပါပါတယ်

ချယ်အဲ့လိုစာရှည် ကြီးရေးဖြေရှင်းတာက ရင့်ကျက်တဲ့အလုပ် မဟုတ်ဘူးလို့ခံ ယူထားတဲ့မိန်းခလေးပါဒါပေမဲ့တချို့ စကားတွေက စေတနာနဲ့မတန်လို့ရေးတာပါ ဒီလောက်ပါပဲ စိတ်ထဲက စေတနာပါပါလုပ်ခဲ့လို့စိတ်သန့်သန့်ပဲ ရှိနေပါတယ် ချယ်ရီ သင်း ” ဆိုပြီးရေးသားလာတာ ပဲဖြစ်ပါတယ်နော်။

Credit

Add a Comment

Your email address will not be published. Required fields are marked *