ကိုယ့်ဘာသာအေးဆေးမနေဘူး ဖုန်းလိုက်ဆက် အကြောက်တရား လိုက်ထည့် နေသူတွေ အကြောင်းအား ပြောပြ လာတဲ့ သဇင်ထူးမြင့်…

သရုပ်ဆောင် သဇင်ထူးမြင့် ကတော့ မြန်မာ နိုင်ငံတွင် လက်ရှိဖြစ် ပေါ်နေသော လူထု လှုပ်ရှားမှုတွေမှာ ပြည်သူ တွေနဲ့အတူ တက်ကြွစွာ ပါဝင်ခဲ့တဲ့ အနုပညာရှင် တစ်ဦး ဖြစ်ပါတယ်။

နေ့စဉ် ရက်ဆက် လမ်းပေါ်ထွက်ကာ ဆန္ဒထုတ် ဖော်ခဲ့ရုံသာမကဘဲ ညတိုင်း မပျက် မကွက် သံဗုံးတီးခဲ့ သူလည်း ဖြစ်ပါတယ်။ အခု လက်ရှိမှာတော့ သဇင်ထူးမြင့် တစ်ယောက် အခြေအနေ အရပ်ရပ်ကြောင့် ဘေးကင်းရာသို့ ခေတ္တ တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

အခုလို တိမ်းရှောင် နေရပေမယ့်လည်း သွေးအေးမနေဘဲ တော်လှန် ရေးအတွက် ကျရာ နေရာကနေ ပါဝင် ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ လက်ရှိဖြစ်ပေါ်နေသော အခြေအနေ များကိုလည်း လူမှုကွန်ယက်များမှ တစ်ဆင့်ဝေမျှပေးနေပြီး

မကြာသေးခင် နာရီပိုင်း လောက်က သဇင်ထူးမြင့်ရဲ့ Facebook အကောင့်တွင် ပို့စ်လေး တစ်ခု ဝေမျှထားတာ ဖြစ်ပါတယ်။ ဒါကတော့ သူမဆီ ဖုန်းတွေ လိုက်ဆက်ပြီး အကြောက်တရား လိုက်ထည့်နေသူတွေ အကြောင်း ပြောပြလာတာ ဖြစ်ပါတယ်။

သဲကတော့ ဘယ်လို ပုံစံမျိုးနဲ့ အကြောက် တရားတွေ လိုက်ထည့်ပြီး သိမ်းသွင်း နေပါစေ အဆုံးထိ လိပ်ပြာလုံ သွားချင်တဲ့ အကြောင်းကို အခုလို ရေးသား ထားတာ ဖြစ်ပါတယ်။

” အဆုံးထိလိပ် ပြာလုံသွားချင်တယ် …🤍✊🏻တချို့ကတော့ အရပ်တူလို့ အကျင့်တူ သွားတာလားမသိ ကြောက်နေရင် ကိုယ့်ဘာသာအေးဆေးမနေဘူး…ဖုန်းတွေ လိုက်ဆက်ပြီး အကြောက် တရားလိုက်ထည့် ချင်နေတယ်။

တအားကြောက် နေရင်profileက frameလေးတော့ အရင်ချိန်းပါ။ ” ဆိုပြီး ရေးသား ထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေ ကလည်း သဇင်ထူးမြင့်ရဲ့ သတ္တိရှိ မှုတွေအတွက် လေးစားဂုဏ် ယူနေကြတာ ဖြစ်ပါတယ်။

သဇင်ထူးမြင့် တစ်ယောက် ချစ်ရတဲ့ မိသားစုနဲ့ အမြန်ဆုံး ပြန်လည် ဆုံဆည်းနိုင်ပါစေလို့ ဆုတောင်း ပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Thazin Htoo Myint’s Facebook Account

Add a Comment

Your email address will not be published. Required fields are marked *