ကောလဟာလ သတင်းတွေ Speak Out တစ်ခါလုပ် ရင်အခကြေးငွေ သိန်း (၁၀၀)ယူတယ် ဆိုတဲ့ ချက်ကျလက်ကျ ဖြေရှင်းလိုက်တဲ့ ဆရာမ ချမ်းမြမြသော်….

လက်ရှိ တောင်ကို ရီးယားနိုင်ငံမှာ နေထိုင်ပြီး၊ ကိုရီးယား ရုပ်သံ မီဒီယာများကို မြန်မာ နိုင်ငံက အာဏာ သိမ်းမှု အကြောင်း Speak Out လုပ်ပေးနေတဲ့ ကိုရီးယားဘာသာ စကား ဆရာမ ချမ်းမြမြသော်က Speak Out တခါ လုပ်ရင် သိန်း ၁၀၀ ယူတယ် ဆိုတဲ့ ကောလာဟလ သတင်းတွေကို အခုလိုပဲ ဖြေရှင်း ထားပါတယ်။

ကျမကိုလေ Speak Out တခါလုပ်ရင် KBSကနေ သိန်း ၁၀၀ ယူတယ် ဆိုတဲ့ ကောလာဟလနဲ့ ပတ်သက်ပြီး ရှင်းပြဖို့တောင်အ ရေးမပါတဲ့ကိစ္စမို့ ကျမ အရေးတယူ လုပ်ပြီး မရှင်းပြခဲ့ပါဘူး။အဲ ဒီစကားကို ဘယ်နေ့၊ ဘယ်အချိန်က၊ ဘယ် ကိစ္စနဲ့ အစပြုပြီး ဘယ်သူက စလွှင့်ခဲ့သလဲအထိ ကျမမှာ ခိုင်လုံတဲ့ သက်သေ လည်း ရှိထားပြီးပါပြီ။

ပို့စ်တင်ပြီးဖြန့်တဲ့ ကာယကံ ရှင်ဆီကို တိုက်ရိုက် သက်သေနဲ့တ ကွ ချပြနိုင်ကြောင်း ကျမ ကိုယ်တိုင် တိုက်ရိုက် သွားပြောခဲ့ပေမယ့် ကျမကိုသူဘာမှ ပြန်မပြောနိုင်ခဲ့ပါဘူး။ တကယ်ဆို သူတို့ အဲဒီပို့စ် တင်တုန်းက ကျမအလုပ်လုပ် နေတာဟာ KBS ရုပ်သံဖြစ် ပေမယ့် ကျမကို SBS ကသိန်း ၁ဝဝယူပါ တယ်ဆိုပြီး ရေးသား ထားတဲ့ KBS မှန်း၊ SBS မှန်းတောင် မကွဲပြားတဲ့ ရူးနှမ်းနှမ်းစ ကားတွေမို့ ကျမ လစ်လျူရှုခဲ့ပါ တယ်။

ဒီနေ့ဒီစာ ကလည်း အရေးမပါတဲ့ အရူးအနှမ်း စကားတွေကိုရှင်း ဖို့တော့ မဟုတ်ပါဘူး။ ကျမကိုလာပြော ကြတဲ့အထဲမှာ လူအချို့ရဲ့ အတွေးအခေါ် လွဲမှားနေပုံကို စိတ်မသက် မသာစရာ တွေ့နေ ရတာမို့ ကျမဒီနေ့ ဒီစာကိုရေးဖြစ်ပါတယ်။ ကိစ္စကဒီလိုပါ။အခု တလော ကျမ TV ပရိုဂရမ်မှာ Speak Out လုပ်တဲ့ပို့စ်အချို့ အောက်မှာ မြင်ရတဲ့ ကွန်မန့်အချို့ပါလို့ ဆရာမ ချမ်းမြမြသော်က ပြောပါတယ်။

တောင်ကို ရီးယားနိုင်ငံဟာ တိုးတက်ပြီးနိုင်ငံ ဖြစ်တဲ့ အတွက်အဲဒီ နိုင်ငံအတွင်းမှာ နေထိုင်သူတိုင်း အလုပ် လုပ်ရင် လုပ်အားခကိုအချိန်နာရီနဲ့ အတိအကျ ရတယ်လို့ ဆိုပါတယ်။တောင်ကိုရီးယား နိုင်ငံဟာ တိုးတက်ပြီး နိုင်ငံတခု ဖြစ်ပါတယ်။ဒီနိုင်ငံ အတွင်းမှာ နေထိုင်သူတိုင်းအတွက် အလုပ်လုပ်ရင် ကိုယ့်ရဲ့ လုပ်အားခကို အချိန်နဲ့ နာရီနဲ့ အတိအကျ ရပါ တယ်။

ဘယ်သူကမှ ဘယ်သူ့ ကိုမှ အလကား ခေါ်ခိုင်းလို့မရပါဘူး။ ဘာသာ ပြန်ခိုင်းရင်လည်း အခကြေးငွေ ပေးရသလို၊ အင်တာဗျူးချင်ရင်လည်း ဗျူးခံမယ့်လူကို ဗျူးမယ့်လူက အခကြေးငွေ ပေးရပါတယ်။ ဒါဟာ မကောင်း မှုတခု မဟုတ်ပါဘူး။အလုပ်လုပ် သူတိုင်းဟာ မိမိလုပ်တဲ့ အလုပ် တခုနဲ့ တန်တဲ့ လုပ် အားခ အခကြေးငွေကို ရယူဖို့ သင့် သလို၊ အလုပ်ပေးတဲ့ လူကလည်း အလုပ်လုပ်ပေးတဲ့ သူကိုထိုက်တန်တဲ့ လုပ်အားခကိုပေး ဆောင်ရပါတယ်။

အထူးသဖြင့် ကိုရီးယားလို နိုင်ငံက ရုပ်သံဌာနတွေမှာ TV မှာ ပါဝင်တဲ့ လူတိုင်းကို အနု ပညာကြေး ပေးရပါတယ်။ ခဏတာခေါ်ပြီး သုံးရင်တောင် ပေးရပါတယ်။ကျမလို ပရိုဂရမ် တခုမှာ နာရီနဲ့ချီပြီး စကားဝိုင်းမှာ ထိုင်ပြောရတဲ့ လူတ ယောက်ကို အနုပညာကြေး မတွက်ပေးရင် အဲဒီပရိုဂ ရမ်နဲ့ ရုပ်သံ ဌာနမှာ ပြဿနာတက်မှာပါ။ ဒီအတွက် အလုပ် ပေးသူနဲ့ အလုပ် လုပ်သူ ကြားမှာ လုပ်အားခ ပေးဆောင်တာဟာဘာမှ ပြဿနာ လုပ်နေရမယ့် ကိစ္စမဟုတ် ကြောင်းကို သဘော ပေါက်ကြ စေချင် ပါတယ်လို့ ချမ်းမြမြသော်က ပြောပါ တယ်။

ဆက်လက်ပြီး Speak Out တခါလုပ်ရင် ဝမ်သိန်း ၁၀၀ ရတယ်ဆိုတဲ့ ကောလာ ဟလ အကြောင်းကိုလည်း ဆရာမချမ်းမြ မြသော်က အခုလိုပဲဆိုပါတယ်။ဒီမှာ သိန်း ၁၀၀ ကိစ္စက ပါလာပါပြီ။ ကျမကို တခါ Speak out လုပ်ရင် ဝမ်သိန်း ၁၀၀ ရတယ်လို့ပြောတဲ့ ပုဂ္ဂိုလ်တို့။ပုဂ္ဂိုလ်တို့ နမိတ် ဖတ်သလို များမကြာမီ အဲဒီလို ဖြစ်လာ ပါစေလို့ ကျမ ဆုတောင်းပါတယ်။ လူတယောက်ကို အကွက်ချ ချောက်ချချင်ရင်တောင် ဦး နှောက် သုံးဖို့ လိုတယ်ရှင့်။ ပါးစပ်ထဲ ရှိရာ လျှောက်ပြောရုံ အဆင့်နဲ့ ဆိုရင်တော့ ကိုယ်တုံးတာ လူသိရုံပဲ ရှိမှာပါ။ ဒါကြောင့်လည်း ကျမက အဖက် ပြန်မလုပ်ခဲ့တာပါ။

ကိုရီးယားနိုင်ငံမှာ လွှမ်းမိုးမှု အများဆုံး အနုပညာသည် တွေထဲက တယောက်ကို ရွေးပါဆိုရင် “Running Man” က Yoo Jae Seok (ယူဂျယ်ဆော့ဂ်) ကို ဥပမာထား ပြောပါမယ်။ သူဟာ အနုပညာ ကြေး အမြင့်ဆုံး အနုပညာ သည်ထဲက တယောက် ဖြစ်ပါတယ်။ သူတခါပါဝင် သရုပ်ဆောင်ရင် ဝမ်သိန်း ၁၅၀ နီးပါး ရပါတယ်လို့ သိထား ရပါတယ်။ဒါဟာ ကိုရီးယားမှာ ထိပ်သီးခေါင် အဆင့် ရှိတဲ့ အနုပညာသည်ရဲ့ အနုပညာ ကြေးပါ။

ဒါကို ကျမကတခါ Speak Out လုပ်ပေးရင် ဝမ်သိန်း ၁၀၀ ရတယ်ဆိုတော့ အရမ်းဟာသ ဆန်သွားပါတယ်။ ဒါကြောင့်လည်း ကျမက ခေါက်ထားခဲ့တာပါ။ ဖြေရှင်းရလောက်တဲ့ တန်ဖိုးမရှိတဲ့ ကိစ္စ မို့ပါလို့ ချမ်းမြမြသော်က ဆိုပါတယ်။ပြီးခဲ့တဲ့ ရက်ပိုင်းက SBS ရုပ်သံမှာ ထုတ်လွှင့်ခဲ့တဲ့ “Master in the House” အစီအစဉ်က ဝမ် ၁၀ သိန်း ပေးမှာ ဖြစ်ပြီး၊ အဲဒီငွေ ကိုလည်း လှူဒါန်းသွားမယ်လို့ ဆိုပါ တယ်။

အခု SBS “Master in the House” က ဝမ် ၁၀ သိန်း ပေးမယ် ပြောပါတယ်။ ဒီငွေကို လည်း အလှူငွေ ထဲကို ထည့်ဖို့ စီစဉ်ထားပြီးသားပါ။ ကျမဘာလို့ လှူနိုင်တာလဲ ဆိုတော့ ကျမတို့ အိမ်ထောင်မှာ ကိုယ်ပိုင် အလုပ်နဲ့ ဝင်ငွေရှိလို့ပါ။ ခင်ပွန်းသည်က လစဉ် ဝမ်သိန်း ၄၀ ကနေ ၅၀ နီးပါး ဝင်ပါတယ်။ ကျမရဲ့ဝင် ငွေက လည်း တလကို ဝမ်သိန်း ၃၀ နီးပါးရှိပါတယ်။ဒါကြောင့် လင်မယား နှစ်ယောက် ပေါင်းရင်ကျိကျိတက်မချမ်း သာရင်တောင် ချို့တဲ့တဲ့ အဆင့်ထဲတော့ မပါပါဘူး။

ဒါကြောင့် ကိုယ့်တိုင်း ပြည်အတွက် ကိုယ့်လုပ်အားခနဲ့ တတ်နိုင် သလောက်ကို လှူပါတယ်။ Speak out လုပ်လို့ ရုပ်သံ ဌာနကရတဲ့ ငွေ အနည်း ငယ်ကိုလည်း ဘာမက်မောမှု မှမရှိဘဲ လှူပါတယ်လို့ ချမ်းမြမြသော်က ပြောပါတယ်။ဒီမှာ ကျမ ပြောချင်တာက ရှင်တို့ (အမှန်တကယ် နားလည်ပေး အားပေးကြတဲ့သူတွေကို မဆိုလိုပါ၊ ဘေးထိုင်ဘု ပြောသူတွေကို ရည်ရွယ်ပါတယ်) တကယ်လိုချင်တာက ဘာလဲ။ မြန်မာပြည်အခုလို အခြေအနေဆိုက် နေကြောင်းကို ပြည်ပကနေ Speak out လုပ်ပေးဖို့လို လားတာ မဟုတ်ဘူးလား။ အဲဒီတော့ Speak out လုပ်ပေးရုံနဲ့ မကျေနပ်နိုင် ဘူးလား။

အနုပညာကြေး ရတော့ယူတော့ရော ဘယ်သူ့ကို ထိခိုက် သွားသ လဲ။ မြန်မာပြည် အရေးနဲ့ ဆိုင်သလား။ မြန်မာပြည်သူ တွေကိုထိ ခိုက်သလား။ ကျမ သတင်းတခါ သွားဖို့အတွက် ပြင်ဆင်ရတာတွေ ဘယ်သူ တာဝန်ယူပါသလဲ။ ဒီနေ့ဒီစာဟာ အတွေးအခေါ် မှားသူတွေကို အမှန်တရားအတိုင်း သိမြင် ခံစားစေဖို့ ရေးတဲ့စာ ဖြစ်ပါတယ်။ ကျမ စိတ်ထဲ လည်း မထည့်ထားသလို ထပ်မံရှင်း ပြဖို့လည်းမလိုတဲ့ အကြောင်းအရာ ဖြစ် ပါတယ်။

ဒါကြောင့် ကျမကို ချစ်ခင်ကြ သူတွေက စိတ်ထဲမထားဖို့၊ အား တင်းထားဖို့ မပြောလည်း ရပါတယ်ရှင့်။ ကျမမှာ ဒီထက် ပိုပြီး အရေးပါတဲ့ အလုပ်တွေ လုပ်ရမှာ ရှိသလို လုပ်နေဆဲဖြစ်ပါတယ်။ ကျမ နိုင်ငံသားတယောက် အနေနဲ့ လုပ်ပေးနိုင် တာကိုလုပ်ပေးနေတာ ဖြစ်တာကြောင့် ကျေးဇူးမတင် ကြဖို့လည်း ပြောဖူးပါတယ်။ ကျေးဇူးတင် ကြောင်း၊ အားကိုးကြောင်း၊ ချစ်ခင်ကြောင်း ပြောပေးကြတဲ့ ချစ်ခင်သူ

မိဘပြည်သူ အားလုံးကိုလည်း ကျမက အထူးကျေးဇူး တင်ပါတယ်လို့ ဆရာမ ချမ်းမြမြသော်က ပြောထားပါတယ်။ကိုရီးယားဘာသာစကား ဆရာမ ချမ်းမြမြသော် ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက ထုတ်လွှင့် ခဲ့တဲ့ နာမည်ကျော် TV ပရိုဂ ရမ် “Master in the house” အစီအစဉ်မှာ ပါဝင်ခဲ့ပြီးမြန် မာနိုင်ငံရဲ့လက်ရှိ အခြေအနေတွေ အကြောင်းကို Speak Out လုပ်ပေးခဲ့သူ ဖြစ်ပါ တယ်။

Credit

Add a Comment

Your email address will not be published. Required fields are marked *