ကာကွယ် ဆေးတော့ မထိုး ချင်ဘူး ကိုဗစ်ဖြစ်ရင် အဖြစ်ခံ လိုက်မယ် ဆို တဲ့ ရွှေအိမ်စည်

ပရိသတ်ကြီးရေ သရုပ်ဆောင် မော်ဒယ်လ် ရွှေအိမ်စည် ကတော့ လက် ရှိမှာ ကိုယ်ပိုင် website တစ်ခု ပြုလုပ် လျှက်ပြီး သူမ အနေနဲ့ နိုင်ငံရပ် ခြားမှာ ထိုးဖောက်ဖို့ အတွက်လည်း ပြင်ဆင် နေတယ် လို့ သိရပါတယ်။

“ လောလောဆယ် modelling နဲ့ ပတ်သက် တဲ့ website တစ်ခု လုပ်နေတယ်။ ဖြစ်နိုင် ရင်တော့ လန်ဒန်ကို ပြန် သွားပြီတော့ အိမ်စည့် ရဲ့ လက်ရှိ မော်ဒယ်လ် အလုပ်ကို ရော သရုပ်ဆောင် ပိုင်းကိုပါ တိုးချဲ့ ချင်တာ။

မြန်မာနိင်ငံ မှာတော့ အိမ်စည်က အတိုင်းအတာ တစ်ခုထိ လုပ်ပြခဲ့ ပြီးပြီလို့ ထင်တယ်။ လန်ဒန်က ကျတော့ ကိုယ်ကြီး ပြင်းခဲ့တဲ့ နေရာလည်း ဖြစ်တော့ လုပ်ချင်တယ်။

ဟိုမှာလည်း အခွင့်အလမ်း များတယ်။ နှစ်နိုင်ငံ ဟိုဘက် လည်း လုပ် ၊ ဒီဘက် လည်း လုပ် အဲ့ဒီလိုဆိုတော့ မကောင်း ဘူးလားပေါ့” လို့ဆိုပါတယ်။

ဒါ့အပြင် ကိုဗစ် ကာကွယ် ဆေး နဲ့ ပတ်သက် ပြီးတော့ လည်း ရွှေအိမ်စည်က “ ကာကွယ်ဆေးနဲ့ ပတ်သက် လို့ကတော့ ဘာပြောလို့ပြောရမှန်းတောင် မသိဘူး။

ကာကွယ်ဆေး မပေါ်ခင် ကလည်း အိမ်စည်က အလုပ်နဲ့ ပတ်သက်ပြီး နေ့တိုင်း သွားနေ လာနေရတာပဲ။ ကိုယ့်ဘက် ကလည်း ဆင်တော့ဆင် ခြင်ပါတယ်။

ဒါပေမယ့် လည်း ဖြစ်မှလည်း ဖြစ်တော့ ကွာပေါ့။ ဒီအတိုင်း ချည်းပဲ ဘာမှမလုပ်ပဲ နေရသွားရ အောင်လည်း အိမ်စည့်ကို ဘယ်သူ ကတင်ကျွေး ထားရမှာလဲ။

အိမ့်စည် ကျတော့ တစ်ယောက် တည်းနေတဲ့အခါကျ တော့ သူများ တွေ လို ကိုယ့်ဆီကနေ မိဘကို ပြန်ကူးမှာတွေ ဘာတွေ လည်း စိတ်ပူစရာမရှိ ဘူးပေါ့။

အဲ့ဒီလို ရှိတဲ့သူတွေက ဒါ သူတို့ ကိစ္စပေါ့။ အဲ့ဒီတော့ ကာကွယ် ဆေးတွေ ဘာတွေ မျှော်မနေဘူး။

ဖြစ်လာရင်လည်း ကွာရန်ဝင်းလိုက်မယ်။ ဖြစ်ပစေ အဖြစ်ခံလိုက် မယ်ဆိုတဲ့ စိတ်မျိုး အိမ်စည့်မှာ ရှိတယ်။

ပြီးတော့ ကာကွယ် ဆေးက ကိုဗစ်ကို ကာကွယ်ပေး နိုင်တယ်ဆိုပေမယ့် ကိုဗစ်က ထပ်ဖြစ်လာတဲ့

ရောဂါအပွား တွေကို အကာအကွယ် မပေးနိုင် ဘူးလေ။ ၁၀၀ ရာခိုင်နှုန်း မကာကွယ် ပေးနိုင်ရင်တော့ ကာကွယ် ဆေးမှ မဟုတ်တာ။

အိမ်စည်က ဆရာဝန် မဟုတ် လို့ သေချာ မသိပေမယ့် ဘေးထွက် ဆိုးကျိုးတော့ ရှိမှာ ပဲလေ။ အဲ့ဒီ ဘေးထွက် ဆိုးကျိုးတွေကို မခံစားချင်ဘူး။

အဲ့ဒီတော့ အိမ်စည် ကတော့ ကာကွယ် ဆေးကို မထိုးဘူး။ အဲ့ဒီလို ပြောလို့ ဝိုးတွေ ဝါးတွေ တော့ လာ မလုပ်နဲ့။ အိမ်စည်က ကိုယ့် တစ်ကိုယ်ရည်စာ အတွက် ပြောတာ” လို့ ပြောပြ ခဲ့ပါတယ်။

crd

zawgyi

Add a Comment

Your email address will not be published. Required fields are marked *