ကံတရားက ဖန်တီးပေးလိုက် တဲ့’ယွန်းယွန်း’ဟာတကယ့် ညီမအရင်းလေးတစ်ယောက် ပါဘဲလို့ပြော လာတဲ့ ‘သဇင်ထူးမြင့်’
|ပရိသတ်ကြီးရေ ဟာသလူရွှင်တော် သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ ‘ဦးခင်လှိုင်ရဲ့သမီးလေးသဇင်ထူးမြင့်’ကိုတော့ ချစ် ပရိသတ်ကြီးလည်းသိလောက်မယ်ထင်ပါတယ်။ သူမဟာ ဖခင်နည်းတူ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေပြီး လတ်တလော မှာလည်း ကြော်ငြာလေးတွေကို လက်ခံရိုက်ကူး နေတာဖြစ်ပါတယ်။
‘သဇင်ထူးမြင့်’မှာတော့ မွေးချင်းမောင်နှမ သုံးယောက်ရှိပြီး အကိုနှစ်ယောက်ရဲ့ညီမ အငယ်ဆုံးလေးပဲဖြစ်ပါတယ်။ သူမမှာ မွေးချင်းညီမမရှိပေမယ့် သရုပ်ဆောင်’ယွန်းယွန်း’ကတော့ သူ့အတွက် ကံတရားကဖန်တီးပေးတဲ့ ညီမအရင်းလေးပါ လို့ဆိုပါတယ်။
‘သဇင်ထူးမြင့်နဲ့ယွန်းယွန်း’ကတော့ တစ်ယောက်ကို တစ်ယောက်အရမ်းချစ်ကြတဲ့ အချစ်ဆုံး သူငယ်ချင်းတွေပါ။ သူငယ်ချင်းနှစ်ယောက်က မကြာခဏ တွေ့ဆုံတတ်သလို တကယ့် ညီအစ်မအရင်းတွေလိုလည်း ဂရုစိုက် ကြင်နာတတ် ကြပါတယ်။
‘သဇင်ထူးမြင့်’ကတော့သူအတွက် ‘ယွန်းယွန်း’ဟာ ကံတရားက ဖန်တီးပေးတဲ့တကယ့် ညီမအရင်းလေးဖြစ်ကြောင်း ယခုလိုပဲပြောပြလာခဲ့ပါတယ်။ “မွေးချင်းထဲမှာ ညီမမရှိပေမယ့် ကံတရားကဖန်တီးပေးထားတဲ့ ညီမအရင်း တစ်ယောက်ရနေပြီ”ဆိုပြီး သူတို့ နှစ်ယောက်ရဲ့ချစ်စရာ ပုံရိပ်လေးတွေနဲ့အတူမျှ ဝေလာခဲ့တာဖြစ်ပါတယ်။
သူတို့နှစ်ယောက်ရဲ့ ချစ်စရာ ကောင်းတဲ့ပုံရိပ်လေးတွေကိုတော့ ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ရပါတယ်။ကဲ…ဖတ်ရှုအားပေးသော ချစ်ပရိသတ်ကြီး လည်းသာယာပျော် ရွှင်သောနေ့လေး ပိုင်ဆိုင်နိုင်ကြပါစေ လို့ဆုတောင်းပေးလိုက်ပါ တယ်နော်။
Source:Thazin Htoo Myint