Fortune Plaza Happy COVID Center မှာ လုံခြုံရေးတာဝန်ယူပေးနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေ တပ်ရင်းပြန်ပြီ
|နိုဝင်ဘာ ၁၉
ကိုဗစ်လူနာများကုသရေး Fortune Plaza Happy COVID Center ကြီး စတင် ဖွင့်လှစ်ဖို့ ပြင်ဆင်ခဲ့ကြချိန်ကတည်းက ယနေ့အထိ တစ်လကျော်ကာလအတွင်း စင်တာကြီး တစ်ခုလုံး၏ လုံခြုံရေးကို တာဝန်ထက်ပိုသော စေတနာနှင့် မေတ္တာတရားများထားရှိကာ ကူညီစောင့်ရှောက် ပေးခဲ့ပါသော ရဲတပ်ရင်း (၇) က ဗိုလ်လေး စိုးကျော်သူနှင့် ရဲဘော်များ အယောက်စီတိုင်းကို အထူးကျေးဇူးတင်ရှိ ဂုဏ်ပြုအပ်ပါတယ်လို့ စင်တာက ထုတ်ပြန်ထားပါတယ်။
ယင်းအပြင် ဆရာတို့ ပေးခဲ့တဲ့ လုံခြုံမှု၊ ရင်းနှီးမှု၊ နွေးထွေးမှု မေတ္တာတရားများကို ခံစားခဲ့ကြရတဲ့ စေတနာ့ဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများက ကျေးဇူးတင် အမှတ်ရနေမှာပါ။ နိုင်ငံ့ဝန်ထမ်း ဖြစ်သည့်အလျောက် ညွှန်ကြားချက်ကို လိုက်နာကြရပြီး ပြောင်းရွှေ့ခဲ့ကြရသည်ဆိုပေမယ့်လည်း နိုင်ငံ့တာဝန်နှင့် ရောက်သည့်နေရာတိုင်းမှာ ဆရာတို့ရဲ့ လေးစားဖွယ်ရာ လုပ်ဆောင်မှုတိုင်းကို အမြဲဂုဏ်ယူနေမှာဖြစ်ကြောင်း လေးစားစွာဖြင့် ဖော်ပြလိုက်ရပါတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Source;MyanmaPlatform
နိုဝင္ဘာ ၁၉