အိမ်အသစ်ကြီးက အရမ်းကိုကြီးကျယ် ခမ်းနားလှပပြီး ဖက်ရှင်ဆိုင်ကြီး တစ်ဆိုင်လို့တောင် အထင်မှားလောက်တဲ့ အိမ်ကြီးကို ထုတ်ပြလာတဲ့ သရုပ်ဆောင် ‘လမင်းကဗျာ’..

ပရိသတ်ကြီး ရေ သရုပ်ဆောင် ‘လမင်းကဗျာ’ကတော့ ဗီဒီယို ဇာတ်ကားတွေနဲ့ ရုပ်ရှင် ဇာတ်ကားကြီးတွေ တော်တော် များများမှာ ပါဝင်သရုပ်ဆောင် ခဲ့သူဖြစ်လို့ ချစ် ပရိသတ်တွေကြားမှာ မသိသူ မရှိလောက်အောင် နာမည်ရနေပြီးသား ဖြစ်ပါတယ် ။

‘လမင်းကဗျာ’က ကျရာ ဇာတ်ရုပ်မရွေး ပီပီပြင်ပြင်နဲ့ သဘာဝကျကျ ဖန်တီးနိုင်တာ ကြောင့်လည်း ချစ် ပရိသတ်တွေက သူမကိုချစ်ခင်အားပေးခဲ့ကြတာ ဖြစ်ပါတယ် ။

‘လမင်းကဗျာ’က တော့ အနုပညာ အလုပ်တွေအပြင် ကိုယ်ပိုင် စီးပွားရေးကိုလည်း ကြိုးစားပမ်းစား လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။

ချစ်ဖို့အရမ်း ကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ လမင်းကဗျာက ကိုယ်လုံးကိုယ် ပေါက်လှပပြီး အချိုးအစား ပြေပြစ်နေတာလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် ‘လမင်းကဗျာ’က ဖက်ရှင်ကျကျ ဝတ်စား ဆင်ယင်တတ်ပြီး အမြဲတမ်း မိမိုက်နေတာ ဖြစ်ပါတယ် ။

မကြာသေးခင်ကဘဲ  ‘လမင်း ‘လေး တစ်ယောက် သူမ နေထိုင်မယ့် အိမ် အသစ်လေးကို စိတ်တိုင်းကျ ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ် ။ အခုဆိုရင် ‘လမင်းကဗျာ’ရဲ့အိမ်အသစ် လေးက လုံးဝပြီးစီးသွားပြီ ဖြစ်တာကြောင့် အိမ်အသစ် တက်ပွဲကိုပါ ကျင်းပပြုလုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

အခုမှာလည်း လမင်းကဗျာက အိမ်အသစ်လေးမှာ ပျော်ပျော်ရွှင်ရွှင် နေထိုင်ရင်းနဲ့ ဓာတ်ပုံလေး တွေရိုက်ပြီး အမှတ်တရ တင်ထားတာ ဖြစ်ပါတယ် ။

သူမ က “အိပ်မက်တွေအကောင်အထည်ဖော်နိုင်ခဲ့ပြီ ”Home Sweet Home” ဆိုပြီး သူမရဲ့ အသစ်စက်စက် အိမ်လေးကို ပြသလိုက်တာ ဖြစ်ပါတယ် ။

‘လမင်းကဗျာရဲ့’ အိမ်လေးမှာတော့ အိပ်ခန်းကအစ အရမ်းကို ခမ်းနားလှပပြီး ဖက်ရှင်ဆိုင်ကြီးတစ်ဆိုင် လို့တောင် အထင်မှားရလောက်တာ ဖြစ်ပါတယ် ။သရုပ်ဆောင် ‘လမင်းကဗျာ’ကိုယ်တိုင် စိတ်တိုင်းကျ ဖန်တီးထားတဲ့ အိမ်အသစ် လေးရဲ့ပုံရိပ်တွေကို ချစ် ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက် ပါတယ်နော် ။

MM Load

Unicode Version









MM Load

Add a Comment

Your email address will not be published. Required fields are marked *