ဧပြီလ 21ရက်နေ့မှာ အောင်လအန်ဆန် နဲ့ ဘီဒက်ရှ် နဲ့ ထိုးသတ်ရ မည့်ပွဲစဉ်ကို ONE CHAMPIONSHIP ကြေငြာလိုက်ပြီ
|ချစ်ပရိသတ်ကြီးရေ ကျွန်တော်တို့ မြန်မာ လူမျိုးတွေ အချစ်တော် MMA ဖိုက်တာ တစ်ယောက် ဖြစ်တဲ့
အောင်လ အန်ဆန်းဟာ ဧပြီလ 21ရက်နေ့မှာ ဘစ်ဒက်ရှ်နဲ့ ထိုးသတ် ရမှာဖြစ်တဲ့ အကြောင်း One Championship က တရားဝင် ကြေညာခဲ့ပါတယ်။
စိန်ခေါ်သူ ဘစ်ဒက်ရှ် ကို တွေ့ဆုံတာ ဟာ အောင်လ အတွက် တတိယ အကြိမ်မြောက် လည်း ဖြစ်ပါတယ်။
အောင်လအန်ဆန်းသည် ယခု ထိုးသတ်မည့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဟောင်း ရုရှားနိုင်ငံသား ဘစ်ဒက်ရှ်နှင့် နှစ်ကြိမ် စိန်ခေါ်ထိုးသတ် ခဲ့ဖူးသည်
၂၀၁၇ ဇန်နဝါရီတွင် အင်ဒိုနီးရှား နိုင်ငံ၌ ပထမအကြိမ် ထိုးသတ်ရာ ဘစ်ဒက်ရှ်ကို အောင်လအန်ဆန်း ရှုံးနိမ့်ခဲ့သည်
သို့သော် ၂၀၁၇ ဇွန်လတွင် ရန် ကုန်မြို့၌ ပြန် လည်စိန်ခေါ် ထိုး သတ်ရာ အောင်လ အနိုင် ရ၍ မစ်ဒယ်ဝိတ် ချန်ပီယံခါး ပတ်ကို လွှဲပြောင်းရယူ နိုင်ခဲ့ခြင်း ဖြစ် သည်။
သို့သော် အောင်လအန်ဆန် သည် ပြီးခဲ့သည့် အောက်တို ဘာ ၃၀ ရက်က စင်ကာပူ နိုင်ငံ၌ ကျင်း ပခဲ့သည့် MMA (One Championship) မစ်ဒယ်ဝိတ်တန်း
ကမ္ဘာ့ ချန်ပီယံ ကာကွယ် ပွဲတွင် စိန်ခေါ်သူ ဒီရစ်ဒါကို ပထမ အချီ အတွင်း ချုပ်ကွက် မိကာ ရှုံးနိမ့် ခဲ့ သည်။
အောင်လအန်ဆန်က လက် လွှတ်ခဲ့ရသည့် မစ်ဒယ် ဝိတ်တန်းကမ္ဘာ့ ချန်ပီယံ ခါးပတ်ကို ပြန် လည်ရ ယူမည်ဟု ပြောကြားထား ပြီး One က စီစဉ်ပါက ဒီရစ်ဒါနှင့် မကျေပွဲ ပြန်လည် ယှဉ်ပြိုင် မည်ဟု ဆိုထားသည်။
ယခု ပွဲစဉ် ကတော့ လိုက် ဟဲဗီးဝိတ်တန်း အဖြစ် ယှဉ် ပြိုင်မှာ ဖြစ်ပါတယ် အောင်လ ပိုင်ဆိုင် ထားတဲ့ လိုက် ဟဲဗီးဝိတ် ချန်ပီရံကို စိန်ခေါ်ပွဲကိုတော့ ဧပြီလ 17ရက်နေ့မှာ ရင်ခုန် စိတ်လှုပ်ရှားစွာ စောင့်ကြည့် ရမှာပါ။
TSSoe PHOTOS CREDIT TO OWNERS