ဒီနေ့အောင်ဇမ္ဗူ ကျောင်းမှာ သူငယ်ချင်းတွတ်ပီ အတွက်ရည်စူးပြီးနေ့ဆွမ်းအလှူ ရေစက်ချဆရာတော် ငါးပါးအတွက် သင်္ကန်းနှင့်နဝကမ္မ အလှူလေးပြုလုပ်ခဲ့တဲ့ သင်ဇာဝင့်ကျော်

ပရိသတ်ကြီးရေ သရုပ်ဆောင် လောကမှာ ဆယ်စုနှစ် ကျော်တိုင် ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုတွေကို ရရှိထား သူကတော့ သရုပ်ဆောင် မင်းသမီး ချောလေး သင်ဇာဝင့်ကျော်ပဲ ဖြစ်ပါတယ်။

သူမဟာ အနုပညာ အလုပ်တွေကို ဝါသနာ အရင်းခံကာ ကြိုးစား လုပ်ကိုင်နေသူ တစ်ယောက် လည်း ဖြစ်ပါတယ်။ ပရိသတ် တွေကလည်း သူမကို တစ်နေ့ ထက် တစ်နေ့ ချစ်မဝ ဖြစ်နေကြ တာပါ ။

သင်ဇာက ဘာသာ ရေးလည်း အလွန် ကိုင်းရှိုင်းသူ တစ်ယောက် ဖြစ်ပြီး မကြာခဏ ဆိုသလိုလည်း အလှူအတန်း တွေကို တတ်နိုင်တဲ့ ဘက်ကနေ လှူဒါန်းပေး လေ့ရှိသူ တစ်ယောက် လည်း ဖြစ်ပါတယ်။

ဒီနေ့လေး မှာတော့ သင်ဇာက သူမရဲ့ အချစ်ဆုံး သူငယ်ချင်းဖြစ်တဲ့ ကွယ်လွန်သူ ရေမွန် အတွက် ရည်စူးပြီး ကုသိုလ် ကောင်းမှုများစွာပြုလုပ်ခဲ့ ပါတယ် ။

သံဃာတော် များကို ဆွမ်း ဆက်ကပ်ခဲ့တဲ့ အပြင် ရေစက် ချဆရာတော် ငါးပါးအတွက် သင်္ကန်းနှင့် နဝကမ္မ အလှူလေးကို ပြုလုပ်ခဲ့ကြောင်းကို ” ဒီနေ့အောင် ဇမ္ဗူကျောင်းမှာ သူငယ်ချင်းတွတ်ပီ အတွက်ရည်စူးပြီး နေ့ဆွမ်းအလှူ ရေစက်ချ ဆရာတော်ငါးပါးအတွက် သင်္ကန်းနှင့်နဝကမ္မ အလှူလေးပြုလုပ်ခဲ့ပါတယ်။

ဤကုသိုလ် ကောင်းမှု အစုစုတို့ကို သူငယ်ချင်းလေး တွတ်ပီ ရောက်ရာ အရပ်က သာဓုခေါ်နိုင်ပါစေ ” ဆိုတဲ့ စာလေးနဲ့ အတူ အလှူပုံလေးတွေနဲ့တကွ ဖော်ပြထား ရာ ပရိသတ် ကြီးအတွက် ပြန်လည် ဖော်ပြ ပေးလိုက်ပါတယ် ။

Yuan – Cele Zone

Add a Comment

Your email address will not be published. Required fields are marked *