COVID-19 ကာကွယ်ဆေးဝယ် ယူရန် အစီအစဉ် အသေး စိတ် ရေးဆွဲေ နကြောင်း ကျန်းမာရေးဝန်ြ ကီးဌာနတာ ဝန်ရှိသူ ပြော

COVID-19 ကာကွယ်ဆေးဝယ် ယူရေး အသေးစိတ်အစီအမံများရေးဆွဲနေပြီး ဗြိတိန်နိုင်ငံ AstraZeneca ဆေး ကုမ္ပဏီနှင့် အောက်စ်ဖို့ဒ်တက္ကသိုလ်တို့ ပူးပေါင်းထုတ်လုပ်လိုက်သည့် ကာကွယ်ဆေးသည် ထိရောက်မှု၊ ဆေးသိုလှောင်မှုနှင့် ဈေးနှုန်းအခြေအနေအရ မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများအသုံးပြုရန် သင့်တော်မှုရှိသည့် အနေအထားဖြစ်နေကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနတာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် တရုတ်ကာကွယ်ဆေး ၄ မျိုးနှင့် ရုရှားကာကွယ်ဆေး၂ မျိုးမှာ ယာယီသုံးစွဲခွင့် limited approval ရထားပြီး ဘေဂျင်း Sinopharm မှ ထုတ်သည့် ကာကွယ်ဆေးသည်လည်း နှစ်ကြိမ်စာအတွက် US ၁၄၄ ဒေါ်လာ (ယွမ် ၁ဝဝဝ) ရှိနေသည်။ အမေရိကန်ဆေးကုမ္ပဏီ Pfizer နှင့် ဂျာမနီဆေးကုမ္ပဏီ BioNTech တို့ ပေါင်းထုတ်သည့် ကာကွယ်ဆေးတလုံးလျှင် ဒေါ်လာ ၂ဝ ခန့်ကုန်ကျပြီး အမေရိကန်အခြေစိုက် Moderna ထုတ်ဆေးမှာ တလုံးလျှင် ၃၂ မှ ၃၇ ဒေါ်လာအထိ ကုန်ကျမည်ဟုသိရသည်။ ထိရောက်မှုအနေဖြင့် Pfizer/BioNTech ဆေးသည် ၉၄ ဒသမ ၅ ရာခိုင်နှုန်း၊ Moderna သည် ၉၅ ရာခိုင်နှုန်းကာကွယ်နိုင်ကြောင်း သိရသည်။ သိုလှောင်မှုအတွက် cold chain အအေးခန်းစနစ်သည် အထူးအအေးခန်း ultra-cold storage လိုအပ်မည်ဖြစ်ပြီး Pfizer/BioNTech သည် (အနုတ် ရဝ-၈ဝ ဒီဂရီစင်တီဂရိတ်အတွင်း)၊ Moderna သည် (အနုတ် ၂ဝ ဒီဂရီစင်တီဂရိတ်)တို့တွင် ထားရှိသိုလှောင်ရမည်ဖြစ်သည်။

AstraZeneca ကာကွယ်ဆေးသည် တကြိမ်ထိုးရုံဖြင့် ထိရောက်မှုမှာ ၉ဝ ရာခိုင်နှုန်းကာကွယ်နိုင်ပြီး ဈေးနှုန်းမှာ လည်း အခြားကာကွယ်ဆေးများထက် သက်သာကာ ဆေးတလုံးလျှင် ၄ ဒေါ်လာ ခန့်သာကုန်ကျမည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူးဒေါက်တာခင်ခင်ကြီးက ပြောသည်။

”သူ့က ပထမအကြိမ်မှာ Dose တဝက်ထိုးမယ်။ ဒုတိယအကြိမ်မှာ Dose အပြည့်ထိုးမယ်ဆိုရင်တော့ ၉ဝ ရာခိုင်နှုန်းကာကွယ်မှုရပြီးတော့ သိုလှောင်တာကလည်း ၂ အသ ၈ ဒီဂရီစင်တီဂရိတ်မှာ သိုလှောင်နိုင်တယ်ဆိုတော့ ကလေးတွေကိုထိုးနေတဲ့ ကာကွယ်ဆေးထိုးစီမံချက်က ထိုးမယ့် cold chain အတိုင်းဖြစ်လို့ ဒါကတော့ အာဆီယံနိုင်ငံတွေအတွက် အသင့်တော်ဆုံးပဲဖြစ်တယ်။ ဒါနဲ့ပတ်သက်လို့ ကျွမ်းကျင်ပညာရှင်တွေကလည်း Oxford University နဲ့ AstraZeneca ကထုတ်တဲ့ ကာကွယ်ဆေးကတော့ အာဆီယံနိုင်ငံတွေတင် မကဘူး။ တကမ္ဘာလုံးအသုံးပြုဖို့ ကာကွယ်ဆေးဖြစ်လာနိုင်တယ်လို့ ပြောထားတာရှိပါတယ်။ ဒီဆေးသာရရင်တော့ အာဆီယံနိုင်ငံတွေတင် မကဘူး။ အားလုံးအတွက် မျှော်လင့်ချက်ပေါ့”ဟု ဒေါက်တာခင်ခင်ကြီးက ပြောသည်။

AstraZenneca ထုတ်ကာကွယ်ဆေးကို ဖိလစ်ပိုင်နိုင်ငံက ၂ ဒသမ ၆ သန်းဝယ်ယူရန် စာချုပ်ချုပ်ဆိုထားပြီး ထိုင်းနိုင်ငံအနေဖြင့် ယင်းကာကွယ်ဆေးအရေအတွက် ၂၆ သန်း ဝယ်ယူမည်ဟု နိုင်ငံတကာသတင်းများအရ သိရသည်။ အလားတူ မလေးရှားနိုင်ငံကလည်း Pfizer ထုတ် ကာကွယ်ဆေး ၆ ဒသမ ၄ သန်းဝယ်ယူ မည်ဖြစ်ကြောင်း ကြေညာထားသည်။ ထို အခြေအနေတွင် မြန်မာနိုင်ငံ၏ ကိုဗစ်ကာကွယ်ဆေးဝယ်ယူမည့် အစီအစဉ်ကို မေးမြန်းကြည့်ရာ အမျိုးသားအဆင့်ကာ ကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ (NITAG) က အသေးစိတ် အစီအမံများရေးဆွဲနေကြောင်း သိရသည်။

”ဘယ်ကုမ္ပဏီက ဝယ်မယ်။ ဘယ်ဆေးကို ဝယ်မယ်ဆိုတာက ကျွန်မတို့မှာ NITAG အဖွဲ့အစည်းရှိတယ်။ NITAG ဆိုတာ ကာကွယ်ဆေးထိုးနဲ့ပတ်သက်တဲ့ ကျွမ်းကျင်ပညာရှင်တွေများစွာနဲ့ ဖွဲ့စည်း ထားတာဖြစ်ပါတယ်။ သူတို့က လက်ရှိအနေအထားကို သုံးသပ်ပါတယ်။ ဘယ်ဆေးက အသင့်တော်ဆုံးဖြစ်မလဲ၊ အကောင်းဆုံးဖြစ်မလဲဆိုတာ အသေးစိတ်အစီအမံများ ရေးဆွဲနေပါတယ်။ လက်ရှိ အနေအထားအရကတော့ ဘယ်နိုင်ငံက ကာကွယ်ဆေးကို ဘယ်လောက်ဝယ်မယ်ဆိုတာကတော့ လောလောဆယ် လူကြီးတွေ စီစဉ်နေတုန်း ရှိပါသေးတယ်”ဟု ဒေါက်တာခင်ခင်ကြီးက ပြောသည်။

လက်ရှိအခြေအနေအရ ကမ္ဘာ့နိုင်ငံအချို့၏ ဆေးကုမ္ပဏီများမှ ထုတ်လုပ်သော ကိုဗစ်ကာကွယ်ဆေးများသည် FDA မှ အရေးပေါ်အသုံးပြုခွင့် (emergency use) အတွက် ခွင့်ပြုချက်ပေးထား သည့်ဆေးအဖြစ်သာရှိနေပြီး ကမ္ဘာ့ကျန်း မာရေးအဖွဲ့ (WHO) ၏ Prequalified Vaccine ရာနှုန်းပြည့် သုံးစွဲခွင့်ရှိသော ဆေးမဟုတ်သေးကြောင်း သိရသည်။ ထို့အပြင် AstraZeneca သည်လည်း FDA ခွင့်ပြုချက်မရရှိသေးဘဲ clinical phase 3 trial စမ်းသပ်ဆဲအဆင့်သာရှိသေးကြောင်း သိရသည်။

Credit;News Watch

COVID-19 ကာကြယ္ေဆးဝယ္ ယူေရး အေသးစိတ္အစီအမံမ်ားေရးဆြဲေနၿပီး ၿဗိတိန္နိုင္ငံ AstraZeneca ေဆး ကုမၸဏီႏွင့္ ေအာက္စ္ဖို႔ဒ္တကၠသိုလ္တို႔ ပူးေပါင္းထုတ္လုပ္လိုက္သည့္ ကာကြယ္ေဆးသည္ ထိေရာက္မႈ၊ ေဆးသိုေလွာင္မႈႏွင့္ ေစ်းႏႈန္းအေျခအေနအရ ျမန္မာနိုင္ငံအပါအဝင္ အာဆီယံနိုင္ငံမ်ားအသုံးျပဳရန္ သင့္ေတာ္မႈရွိသည့္ အေနအထားျဖစ္ေနေၾကာင္း က်န္းမာေရးႏွင့္အားကစားဝန္ႀကီး ဌာနတာဝန္ရွိသူက ေျပာသည္။

လက္ရွိတြင္ တ႐ုတ္ကာကြယ္ေဆး ၄ မ်ိဳးႏွင့္ ႐ုရွားကာကြယ္ေဆး၂ မ်ိဳးမွာ ယာယီသုံးစြဲခြင့္ limited approval ရထားၿပီး ေဘဂ်င္း Sinopharm မွ ထုတ္သည့္ ကာကြယ္ေဆးသည္လည္း ႏွစ္ႀကိမ္စာအတြက္ US ၁၄၄ ေဒၚလာ (ယြမ္ ၁ဝဝဝ) ရွိေနသည္။ အေမရိကန္ေဆးကုမၸဏီ Pfizer ႏွင့္ ဂ်ာမနီေဆးကုမၸဏီ BioNTech တို႔ ေပါင္းထုတ္သည့္ ကာကြယ္ေဆးတလုံးလွ်င္ ေဒၚလာ ၂ဝ ခန႔္ကုန္က်ၿပီး အေမရိကန္အေျခစိုက္ Moderna ထုတ္ေဆးမွာ တလုံးလွ်င္ ၃၂ မွ ၃၇ ေဒၚလာအထိ ကုန္က်မည္ဟုသိရသည္။ ထိေရာက္မႈအေနျဖင့္ Pfizer/BioNTech ေဆးသည္ ၉၄ ဒသမ ၅ ရာခိုင္ႏႈန္း၊ Moderna သည္ ၉၅ ရာခိုင္ႏႈန္းကာကြယ္နိုင္ေၾကာင္း သိရသည္။ သိုေလွာင္မႈအတြက္ cold chain အေအးခန္းစနစ္သည္ အထူးအေအးခန္း ultra-cold storage လိုအပ္မည္ျဖစ္ၿပီး Pfizer/BioNTech သည္ (အႏုတ္ ရဝ-၈ဝ ဒီဂရီစင္တီဂရိတ္အတြင္း)၊ Moderna သည္ (အႏုတ္ ၂ဝ ဒီဂရီစင္တီဂရိတ္)တို႔တြင္ ထားရွိသိုေလွာင္ရမည္ျဖစ္သည္။

AstraZeneca ကာကြယ္ေဆးသည္ တႀကိမ္ထိုး႐ုံျဖင့္ ထိေရာက္မႈမွာ ၉ဝ ရာခိုင္ႏႈန္းကာကြယ္နိုင္ၿပီး ေစ်းႏႈန္းမွာ လည္း အျခားကာကြယ္ေဆးမ်ားထက္ သက္သာကာ ေဆးတလုံးလွ်င္ ၄ ေဒၚလာ ခန႔္သာကုန္က်မည္ဟု က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၊ ျပည္သူ႕က်န္းမာေရးဦးစီးဌာန၊ ဗဟိုကူးစက္ေရာဂါတိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမႉးေဒါက္တာခင္ခင္ႀကီးက ေျပာသည္။

”သူ႕က ပထမအႀကိမ္မွာ Dose တဝက္ထိုးမယ္။ ဒုတိယအႀကိမ္မွာ Dose အျပည့္ထိုးမယ္ဆိုရင္ေတာ့ ၉ဝ ရာခိုင္ႏႈန္းကာကြယ္မႈရၿပီးေတာ့ သိုေလွာင္တာကလည္း ၂ အသ ၈ ဒီဂရီစင္တီဂရိတ္မွာ သိုေလွာင္နိုင္တယ္ဆိုေတာ့ ကေလးေတြကိုထိုးေနတဲ့ ကာကြယ္ေဆးထိုးစီမံခ်က္က ထိုးမယ့္ cold chain အတိုင္းျဖစ္လို႔ ဒါကေတာ့ အာဆီယံနိုင္ငံေတြအတြက္ အသင့္ေတာ္ဆုံးပဲျဖစ္တယ္။ ဒါနဲ႕ပတ္သက္လို႔ ကြၽမ္းက်င္ပညာရွင္ေတြကလည္း Oxford University နဲ႕ AstraZeneca ကထုတ္တဲ့ ကာကြယ္ေဆးကေတာ့ အာဆီယံနိုင္ငံေတြတင္ မကဘူး။ တကမာၻလုံးအသုံးျပဳဖို႔ ကာကြယ္ေဆးျဖစ္လာနိုင္တယ္လို႔ ေျပာထားတာရွိပါတယ္။ ဒီေဆးသာရရင္ေတာ့ အာဆီယံနိုင္ငံေတြတင္ မကဘူး။ အားလုံးအတြက္ ေမွ်ာ္လင့္ခ်က္ေပါ့”ဟု ေဒါက္တာခင္ခင္ႀကီးက ေျပာသည္။

AstraZenneca ထုတ္ကာကြယ္ေဆးကို ဖိလစ္ပိုင္နိုင္ငံက ၂ ဒသမ ၆ သန္းဝယ္ယူရန္ စာခ်ဳပ္ခ်ဳပ္ဆိုထားၿပီး ထိုင္းနိုင္ငံအေနျဖင့္ ယင္းကာကြယ္ေဆးအေရအတြက္ ၂၆ သန္း ဝယ္ယူမည္ဟု နိုင္ငံတကာသတင္းမ်ားအရ သိရသည္။ အလားတူ မေလးရွားနိုင္ငံကလည္း Pfizer ထုတ္ ကာကြယ္ေဆး ၆ ဒသမ ၄ သန္းဝယ္ယူ မည္ျဖစ္ေၾကာင္း ေၾကညာထားသည္။ ထို အေျခအေနတြင္ ျမန္မာနိုင္ငံ၏ ကိုဗစ္ကာကြယ္ေဆးဝယ္ယူမည့္ အစီအစဥ္ကို ေမးျမန္းၾကည့္ရာ အမ်ိဳးသားအဆင့္ကာ ကြယ္ေဆးထိုးလုပ္ငန္းဆိုင္ရာ နည္းပညာအႀကံေပးအဖြဲ႕ (NITAG) က အေသးစိတ္ အစီအမံမ်ားေရးဆြဲေနေၾကာင္း သိရသည္။

”ဘယ္ကုမၸဏီက ဝယ္မယ္။ ဘယ္ေဆးကို ဝယ္မယ္ဆိုတာက ကြၽန္မတို႔မွာ NITAG အဖြဲ႕အစည္းရွိတယ္။ NITAG ဆိုတာ ကာကြယ္ေဆးထိုးနဲ႕ပတ္သက္တဲ့ ကြၽမ္းက်င္ပညာရွင္ေတြမ်ားစြာနဲ႕ ဖြဲ႕စည္း ထားတာျဖစ္ပါတယ္။ သူတို႔က လက္ရွိအေနအထားကို သုံးသပ္ပါတယ္။ ဘယ္ေဆးက အသင့္ေတာ္ဆုံးျဖစ္မလဲ၊ အေကာင္းဆုံးျဖစ္မလဲဆိုတာ အေသးစိတ္အစီအမံမ်ား ေရးဆြဲေနပါတယ္။ လက္ရွိ အေနအထားအရကေတာ့ ဘယ္နိုင္ငံက ကာကြယ္ေဆးကို ဘယ္ေလာက္ဝယ္မယ္ဆိုတာကေတာ့ ေလာေလာဆယ္ လူႀကီးေတြ စီစဥ္ေနတုန္း ရွိပါေသးတယ္”ဟု ေဒါက္တာခင္ခင္ႀကီးက ေျပာသည္။

လက္ရွိအေျခအေနအရ ကမာၻ႔နိုင္ငံအခ်ိဳ႕၏ ေဆးကုမၸဏီမ်ားမွ ထုတ္လုပ္ေသာ ကိုဗစ္ကာကြယ္ေဆးမ်ားသည္ FDA မွ အေရးေပၚအသုံးျပဳခြင့္ (emergency use) အတြက္ ခြင့္ျပဳခ်က္ေပးထား သည့္ေဆးအျဖစ္သာရွိေနၿပီး ကမာၻ႔က်န္း မာေရးအဖြဲ႕ (WHO) ၏ Prequalified Vaccine ရာႏႈန္းျပည့္ သုံးစြဲခြင့္ရွိေသာ ေဆးမဟုတ္ေသးေၾကာင္း သိရသည္။ ထို႔အျပင္ AstraZeneca သည္လည္း FDA ခြင့္ျပဳခ်က္မရရွိေသးဘဲ clinical phase 3 trial စမ္းသပ္ဆဲအဆင့္သာရွိေသးေၾကာင္း သိရသည္။

Credit;News Watch

Add a Comment

Your email address will not be published. Required fields are marked *