ချစ်ရတဲ့ သူအဖေလို အစ်ကိုလို ကွယ်လွန်သွားပြီ ဖြစ်တဲ့ အစ်ကို ဖြစ်သူရေမွန်ရဲ့ ညီမလေး ရင်နဲ့ မဆံ့အောင်နာကျင်စွာနဲ့ ရေးသားလာတဲ့ ရေမွန်ရဲ့အကြောင်းလေး….

ချစ်ပရိသတ်ကြီးရေ ဘပီ…. မိသားစုထဲမှာ သားအကြီး မောင်နမ ၂ယောက်လုံးက မွေးလာ ကတည်းက အတောင် တဖက်စီ ပဲ့လာသူအချင်းချင်းမို့ ကိုယ့်ခံစားချက် သူနားလည်သလို သူ့ခံစားချက် တိုင်းလဲနားလည် ပေးတယ် ငယ်ငယ် ကဆို အမေသီချင်း ထွက်ဆိုတိုင်း မထိန်းတတ် ထိန်းတတ်နဲ့ နို့ဘူးတွေ ဖျော်အနှီး တွေလဲနဲ့ ထိန်းလာပေးတဲ့

အကို မိစုံဖစုံ နဲ့ကြီးပျင်းလာတာ မဟုတ်တဲ့ အတွက် ကိုယ့်မှာ အားကိုးစရာ ဆိုလို့ သူပဲရှိခဲ့တယ် အဖေလို အကို လိုမျိူး ချစ်ရတဲ့သူ သံယောဇဉ် အရှိဆုံးသူ ပွဲလမ်းတွေ သွားချင်တဲ့ အခါတိုင်း

အမေ့ကို ခွင့်တောင်း ပေးပီး အမြဲလိုက် ပို့ပေးတယ် အပြန်ကျရင်မေးတယ် “ပျော်လား ပြူးစိန် “တဲ့ငါ့ညမက အမြဲစိတ်ဓာတ်ကျ တတ်လို့နင်ပျော်ဖို့ အရေးကြီး တယ် ငါအားရင် လိုက်ပို့မယ် ဆိုပြီးပြောနေကျ

အမေနဲ့ရန် ဖြစ်တိုင်းလဲ ကားနဲ့လာလာ ခေါ်ထုတ်ပေးပီးစိတ်ပျော် အောင်ထားတယ် ဘာစားမလဲ ဘာလုပ်မလဲ အကုန်နားလည်ပေးပီး နှစ်သိမ့်တတ် ဆုံးသူမို့အခုချိန် ပိုခံစားရတယ်Covid အချိန်ကတည်းက အိမ်ကစီးပွားရေ အဆင်မပြေလို့သူပဲ ထောက်ပံ့ခဲ့တာ အိမ်လခ စျေးဖိုးက အစသူ့ ဘက်က ဘယ်လောက် အဆင်ပြေပြေ မပြေပြေကိုယ် တွေကို ထုတ်မပြော ဘူးမရရအောင် ရှာဖွေပြီးလာ ပေးတတ်တဲ့

သူ…Streamer လုပ်တုန်းကလဲ သူ အရမ်းကြိုးစားတယ် နဂိုထဲက ဂိမ်းဆော့ရ ဝါသနာ ပါတဲ့သူမို့ သူနဲ့ အဆင်ပြေတာ ပေါ့တခါတလေတော့လဲ အရမ်းညည်းတယ် ပင်ပန်းလိုက်တာတဲ့…ပျင်းလို့ဆော့ တာမျိုးမဟုတ်ပဲ အလုပ်တခု အနေနဲ့ လုပ်ရတော့ညလဲမအိပ်ဖြစ် မျက်ရိုးတွေကိုက်နဲ့ အရမ်းပင်ပန်းရှာတယ် သနားလွန်းလို့ ဘပီရယ် အဲ့လောက်ကြီး အလုပ်တွေဖိ မလုပ်ပါနဲ့ နားပါဦးဆိုလဲ

“အလုပ်လုပ်မှ ပိုက်ဆံ ရမှာ ကြိုးစားရမယ် “တဲ့အသက် 40 ပြည့်ရင် ဘုန်းကြီးဝတ် မယ်ဆိုပဲ ငါဘုန်းကြီးဝတ်သွားရင် ငါရှာထားသမျှအကုန်လုံးက နင်တို့ အတွက်ပဲဆို ပီးပြောနေကြ လူကြီးသူ့အနွံတာ သူအနိုင်ကျင့် သမျှ အခံဆုံးကလဲ ကိုယ်ပဲ ရန်ဖြစ်တိုင်းလဲ သူအဆဲဆုံးပဲ သူပြော နေကျစကား

“ငါကအကြီး ငါ့ကိုဆရာ လာမလုပ်နဲ့ ” x)အမြဲတမ်း ရန်ဖြစ် ပြီးတိုင်း ပန်းစည်းကြီးယူ လာပီးပါးကိုလာနမ်းတယ် စိတ်မဆိုးနဲ့တော့ ပြူးစိန် ဆိုပီ းအပြင်ထွက် ခါနီးတိုင်းလဲ အမေနဲ့ ညမကို နမ်းပီးမှ သွားတတ်တဲ့ သူမျိုးတနေ့ကို ဖုန်းတခေါက် ပုံမှန်မပြော ဖြစ်ဘူးအမြဲ ချစ်တယ် ဆိုပြီး တဖွဖွ မပြောဘူး ဒါပေမယ့် သူအရမ်း ချစ်တယ် ဆိုတာသိတယ်

ဘပီရေ…. ဘပီကြိုက်တဲ့ ဟင်းလေးတွေ မီးမီးချက် ကျွေးချင်သေးတယ် ဘပီ အဝတ်တွေလဲ လျော်ပေး ချင်သေးတယ် ဘပီ စိတ်ဆိုးလို့ အော်ဆဲတဲ့ အသံလေးလဲ ကြားချင်သေးတယ် ဘပီ နေမကောင်းတဲ့ အခါတိုင်း ပြုစု ပေးချင်သေးတယ် ဒီခက်ခဲ ကြမ်းတမ်းတဲ့ ကာလကြီး ပြီးသွားရင် မိသားစုကို ဗုဒ္ဓဂါယာ ဘုရားဖူး လိုက်ပို့ မယ်ဆို?

အခုဖြစ်နေတာ တွေအားလုံးက တကယ် မဟုတ်ရင် သိပ်ကောင်းမယ် ဘပီချစ်တဲ့ ပြူးစိန်က ဘပီလောက် မသန်မာဘူး မရင့်ကျက် သေးဘူး ဘပီရေ ဘပီမရှိတဲ့ နောက် ဘယ်လိုနည်းနဲ့ အသက်ရှင် ရမလဲဆိုတာလဲ မတွေးတတ် တော့ဘူးေ နရာချင်းလဲ ပေးလို့ ရရင်သိပ်ကောင်းမယ် ဒီအချိန်မှာ အရာ အားလုံးက ကိုယ့်တာဝန် ကျလာပီဆိုတော့ အမေ့အတွက် ပိုပိုးလေး အတွက် ကြိုးစားပြီးတော့အသက်ဆက်ရှင် ရဦးမယ်ဒါပေမယ့်

ဘယ်လို ခွန်အားမျိုးနဲ့ ဆက်ရပ်တည် ရမလဲဆိုတာ မသိဘူး(ဘပီသိပ်ကြိုက်တဲ့ အုန်းထမင်းနဲ့ ကြက်သား)အခု ချိန်ဆို ဘပီဘယ်ရောက်နေမလဲ???? မီးမိးတို့ ငိုနေတာ တွေ့ရင် ဘပီကော ဝမ်းနည်းနေမလား??? အတွေးပေါင်းစုံ ဝင်ပြီး ရူးတော့မယ် ဘပီရယ် အပြင်မှာရာသီဥတု သိပ်အေးတယ် ရင်ထဲ မှာတော့ အတော်ပူလောင် နေတယ်ေ မကြီး အတွက်တော့ စိတ်ချနော် မီးမီးရှိတယ် သီချင်းလေး အတိုင်းပဲ စိတ်ဖြောင့်ဖြောင့် သာ ချန်ခဲ့ ပါ သိပ်ချစ်တယ် ငါ့ အကို ..

crd -LaPyaeKabyar

Add a Comment

Your email address will not be published. Required fields are marked *