ချစ်စရာ ကောင်းတဲ့ ဟန်ပန် အမူအရာလေးနဲ့ ဆွဲဆောင်မှုအပြည့်ရှိနေတဲ့ မင်းသမီးချောလေး စံရတီမိုးမြင့်ရဲ့ အမိုက်စား ပုံရိပ်လေးများ…..
|ပရိသတ်ကြီးရေ…. အနုပညာ လောကမှာ အောင်မြင်မှု တွေကို အခိုင်အမာ ရရှိ သိမ်းပိုက် ထားပြီး ညို့အားပြင်းတဲ့ ဆွဲဆောင်မှု အလှတရား တွေကို ပိုင်ဆိုင်ထားတဲ့
သူလေးကတော့ မော်ဒယ် သရုပ်ဆောင် မင်းသမီး ချောလေး စံရတီမိုးမြင့် ပဲဖြစ် ပါတယ်။
ပရိသတ်တွေက ချစ်စနိုး ခေါ်ကြတဲ့ သဲကတော့ သရုပ်ဆောင် ကောင်းသူလေး ဖြစ်တဲ့ အပြင် ချစ်စရာ ကောင်းတဲ့ ဟန်ပန် အမူအရာ လေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားထားတဲ့ မင်းသမီး တစ်လက်လည်း ဖြစ်ပါတယ်။
စံရတီမိုးမြင့်ဟာ ဗီဒီယို ဇာတ်ကား ပေါင်းများစွာကို ရိုက်ကူး ထားသူလေး ဖြစ်ပြီး ဇာတ်ကောင်ကို ပီပြင်အောင် ကြိုးစား သရုပ်ဆောင် နိုင်တဲ့ အပြင် ကျော့ရှင်းတဲ့
အလှတရားတွေနဲ့ ခန္ဓာကိုယ် အချိုးအစား ကလည်း မိန်းကလေးတိုင်း သဘောကျတဲ့ ဘော်ဒီလေးကို ပိုင်ဆိုင်ထား သူလေး ဖြစ်ပါတယ်နော်။
သဲကတော့ သူမရဲ့ အနုပညာ လှုပ်ရှားမှု ပုံရိပ်လေးတွေ ကို အမြဲ မျှဝေလေ့ရှိတာ ဖြစ်ပြီးတော့ လတ်တလော မှာ ဆိုရင်လည်း ကြော်ငြာတွေနဲ့ Live Sale တွေမှာ ပရိသတ်တွေ နဲ့ အဆက်အသွယ် မပြတ်ရှိနေ သူပဲ ဖြစ်ပါတယ်။
ယခုအခါမှာတော့ သဲ ရဲ့ လူမူကွန်ယက် စာမျက်နှာ ထက်တွင် “သူမချစ်ခိုင်း လည်း မုန်းလို့ မဖြစ် အချစ်က အမုန်းမ ဟုတ်ဘဲနော် အသက် သွေး နဲ့ဘဝ”ဆိုတဲ့ ကဗျာ ဆန်တဲ့ စာသားလေးနဲ့ အတူ အကြမ်းစား ပုံရိပ် လေးတွေကို မျှဝေပေး လာတာ ဖြစ်ပါတယ်။
ချစ်ပရိသတ်တွေ ကလည်း စံရတီမိုးမြင့် ကို ထပ်ပြီး ချစ်ခင် အားပေး နိုင်စေရန် အတွက် သဲရဲ့ လှသွေးကြွယ် နေတာ လေးကို ကြည့်ရှုခံစား ရအောင် ပြန်လည် ဖော်ပြပေး လိုက်ပါတယ်။
Photo Credit -Naing Naing Tun ( Exposure )
celethatin