ချောမောလှပနေမှုကြီးက မိန်းကလေးအစစ်တွေတောင် ထိုင်ငိုပြီး လက်ဖျားခါသွားရမည့် ချစ်စရာကောင်းနေသော ထိုင်းကောင်လေး…

လောကကြီးရှိ လူသားတို့သည် အချို့မှာ မိမိဖြစ်တည်ရာ ဘဝအခြေအနေကို နှစ်သက်သဘောကျခြင်းမရှိဘဲ ပြောင်းလဲကာ နေထိုင်တတ်ကြသည်။

သို့ဖြစ်၍ အချို့ယောကျာ်းလေးများ မိန်းကလေးတစ်ယောက်လို ပြင်ဆင်ပြီး ဝတ်စားလိုက်လျှင် မိန်းကလေးအစစ်တောင် အရှုံးပေးရမည့်အတိုင်း ဖြစ်သွားသည်ကို မြင်ဖူးကြလိမ့်မည်ဟု ထင်ပါသည်။

ယခု အခါတွင်လည်း ထိုင်းနိုင်ငံမှ Park Meiအမည် ရှိသော အမျိုးသားသည် Nakhon Ratchasimaအထက်တန်းကျောင်းတွင် ပညာ သင်ကြားလျက်ရှိပါသည်။

ထိုကျောင်းသည် ထိုင်းနိုင်ငံဧ။် အမျိုးသားများသာ တက်ရောက်ရသော ကျောင်းဖြစ်ပြီး Park Meiဧ။် ထူးခြားချက်ကတော့ မိန်းကလေးတစ်ယောက်လို ဝတ်စားပြီး အတန်းတက်ခြင်း ဖြစ်သည်။

အကြောင်းမှာ Park Meiသည် ယောကျာ်းလေးတစ်ယောက် ဖြစ်သော်လည်း ငယ်စဉ်မူလတန်းအရွယ်ကတည်းက မိန်းကလေး အဝတ်အစား များကိုသာ ရွေးချယ် ဝတ်ဆင်ခဲ့ပြီး သူဧ။်ဖြစ်တည်ရာဘဝကို တော့ သဘောကျခြင်း မရှိခဲ့ပေ။

Park Meiသည် ကျောင်းအကပြိုင်ပွဲနှင့် အလှပြင်ပြိုင်ပွဲများစွာတွင်လည်း ပါဝင်ခဲ့ပြီး သူဧ။်သူငယ်ချင်းများကတောင် မိန်းကလေးတစ်ယောက်အဖြစ်သာ မြင်ခဲ့ကြသည်။

နောက်ပိုင်းတွင် Park Meiသည် သူဖြစ်ချင်သော အမျိုးသမီးဘဝအဖြစ်သို့ ပြောင်းလဲခွဲစိတ်ပစ်လိုက်ပြီး တဖြည်းဖြည်း မိန်းကလေးအစစ်နှင့် ပိုတူလာခဲ့ရာ လိုင်းပေါ်တွင် ပုံများတင်ခဲ့ပြီးနောက် အမျိုးသားထုကြီးကြား ရေပန်းစားလာတော့သည်။

လက်ရှိတွင် Park Meiတစ်ယောက် အမျိုးသမီးအစစ်တွေတောင် သူဧ။်လှပမှုမှာ ကြွေဆင်းပြီး အားကျနေရသည့် အဖြစ်ကိုရောက်ရှိနေပြီဖြစ်ပါသည်။

Hlaing(Love Feeling )

Zawgyi

Add a Comment

Your email address will not be published. Required fields are marked *