အတိုင်းမသိ ဝမ်းသာနေရ ပြီး ကြိုးစား ပေးနေကြတဲ့ ပြည်ပရောက် တိုင်းရင်းသားတွေကို ကြည့်ပြီး ဝမ်းသာပီတိ ဖြာခဲ့ရတဲ့ သူဇာဝင့်လွင်…

မော်ဒယ်လ် သူဇာဝင့်လွင် ကတော့ ၆၉ ကြိမ်မြောက် Miss Universe ပြိုင်ပွဲကြီးမှာ ဝင်ရောက် ယှဥ်ပြိုင်ခဲ့ပြီး Best in National Costume ဆုကြီးကို ထိုက်ထိုက် တန်တန်ရရှိခဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

အခက်အခဲတွေ များစွာကြားက ဆုရရှိအောင် ကြိုးစားခဲ့တဲ့ သူမကတော့ မြန်မာ ပြည်ပြန်ဖို့ ခက်ခဲတဲ့ အခြေအနေတွေ ကြောင့် USမှာ နေထိုင်လျက်ရှိ နေခဲ့တာပဲဖြစ်ပါတယ်။

အမှန်တရားဘက် ကနေ ရပ်တည်လျက်ရှိနေတဲ့ သူမကတော့ မြန်မာပြည်ရဲ့ အခြေအနေ မှန်ကို နိုင်ငံတကာက သိအောင် ကြိုးစားပေးခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ယခု မှာတော့ သူဇာဝင့်လွင် တစ်ယောက်ဟာ မြန်မာပြည် အတွက် လှူဒါန်းမယ့် တိုင်းရင်းသားပေါင်းစုံ စုပေါင်းကျင်းပတဲ့ Fundraising ပွဲလေးမှာ ပါဝင်အားဖြည့် ခဲ့သလို ကယားပြည်နယ် အတွက်လည်း တတ်နိုင်သလောက် လှူဒါန်းပေးခဲ့ပါတယ်။

သူဇာဝင့်လွင် ကတော့ ရိုးရှင်းပြီး ကျက်သရေ ရှိတဲ့ မြန်မာဝတ်စုံလေး ဝတ်ဆင်ကာ Fundraising ပွဲလေးကို တတ်ရောက် လာခဲ့တာပဲဖြစ်ပါတယ်။

သူမကတော့ စည်းစည်းလုံးလုံးနဲ့ မြန်မာပြည်သူ တွေအတွက် ကြိုးစားပေးနေတဲ့ ပြည်ပရောက် မြန်မာတွေကို ကြည့်ပြီး ဝမ်းသာ ပီတိဖြစ်မိတဲ့ အကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

သူဇာဝင့်လွင်ကတော့ ” ဒီနေ့တက်ရောက်ဖြစ်တဲ့ IOWA မှာ ပြုလုပ်တဲ့ US ရောက်မြန်မာ တိုင်းရင်းသားပေါင်းစုံ စုပေါင်းကျင်းပတဲ့ Fundraising ပွဲလေးပါဒီပွဲ ကနေရရှိတဲ့ ရန်ပုံငွေတွေ အားလုံးကို ” မြန်မာပြည်” အတွက် လှူဒါန်းသွားမှာ ဖြစ်ပါတယ်

ဒီပွဲလေးမှာ သူဇာကိုယ်တိုင် အားဖြည့်ပါဝင်ခွင့်ရခဲ့သလို ကယားပြည်နယ် အတွက်လည်း တတ်နိုင် သလောက်ပါဝင်လှူဒါန်းပေးခဲ့ပါတယ် အခုလို ပြည်ပရောက် မြန်မာ တိုင်းရင်းသား ပေါင်းစုံစည်းစည်းလုံးလုံးနဲ့ မြန်မာပြည်အတွက် ကြိုးစားပေးနေတာ တွေ့ရတာ အရမ်းကိုဝမ်းသာပီတိ ဖြစ်မိပါတယ်

အားလုံးလည်း အားတင်း ထားပြီး မိမိကိုယ်ကိုယ် ပိုဂရုစိုက် ကြပါနော် “ဆိုပြီး ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ မြန်မာပြည် အတွက် လှူဒါန်းမယ့် Fundraising ပွဲလေးကို တတ်ရောက် လာခဲ့တဲ့ မော်ဒယ်သူဇာဝင့်လွင်ရဲ့ ပုံရိပ်လေးတွေကို ပြန်လည် ဖော်ပြပေး လိုက်ရပါတယ်။

Source: thuzar wint lwin ‘ s facebook page

Add a Comment

Your email address will not be published. Required fields are marked *