အမြဲ လိုလို မြန်မာ ဆန် ဆန် ဝတ်ပြီး ဆန္ဒမပြ နိုင်တာ ကို နားလည် ပေးဖို့ “မြနှင်းရည်လွင်” ဆို…..

ပြီးခဲ့တဲ့ ရက်ပိုင်းက “ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရန်ကုန် မြို့မှာ ဆန္ဒပြတဲ့ ထဲမှာ ပါဝင်ခဲ့တဲ့

သရုပ်ဆောင် မြနှင်းရည်လွင် ရဲ့ မြန်မာ ဝတ်စုံ နဲ့ ပုံဟာ ဆိုရှယ် မီဒီယာပေါ် မှာ လူ ပြောများပြီး သဘောကျ နှစ်သက်ခဲ့ ကြပါတယ်။

“ကျမ ကိုယ်တိုင်လည်း ငယ်ငယ် ကတည်းက အမေစုကို လေးစား အားကျခဲ့သူပါ။ အမြဲ အမေ့လို မြန်မာဆန်ဆန် ဝတ်ချင်တာပေါ့။ ဒါပေမဲ့ အခုလို ဆန္ဒတွေ ဖော်ထုတ်နေတဲ့အချိန် အခြေ အနေ အရ ဝတ်သင့်တဲ့အချိန် ကျမ ဝတ်တယ်။

တခြားအချိန် တွေလည်း ရာသီဥတု အပူနဲ့ အပြင်မှာ အ ကြာကြီး ဟိုသွား ဒီသွား၊ ဟိုပြေးရဒီပြေးရ၊ ဟိုလမ်းကူး ဒီလမ်းကူး လုပ်နေရတဲ့ အတွက် ကျမအ တွက် ပေါ့ပါးတာကို ဝတ် ရပါတယ်။

အဲဒီအတွက် နားလည်ပေးပါ။ အမေစုလို ပုံစံ ပြင်ဆင်ပြီး မြန် မာဆန်ဆန် အမြဲ မဝတ်ထားနိုင်တာကို ခွင့်လွှတ် နားလည် ပေးစေချင်ပါတယ်ရှင်” လို့ မြနှင်းရည် လွင်က ပြောပါတယ်။

အဆိုပါ ဆန္ဒပြမှုကိုတော့ MRTV-4 မှ သရုပ်ဆောင်များက စုစည်းကာ မြန်မာ အင်္ကျီများ ဝတ် ဆ င် ၍ ဖမ်းဆီးခံ ထားရသော

နိုင်ငံတော် အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ အမြဲတ မ်း ပန်းပန်နေနိုင်လိမ့်မယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

“နှိုင်းယှဉ်လို့ ဘယ်လိုမှ မရတဲ့ အမေ စုကို ကျမ အတု မခိုးသလို ဆံပင်ပုံ၊ အဝတ်အစားကြောင့် ဆင်သွား တာမျိုးပဲ ရှိပါတယ်။ ဒါကြောင့်လည်း အခုလို ထူးခြားအောင် ဝတ်ဆင်တာပါ။

အဲ့တော့ ထိရောက်တဲ့နည်းတွေ စဉ်းစားပြီး ကျမတို့တွေ ဆန္ဒဖော်ထုတ် နေရတဲ့အတွက် အမှားပါခဲ့ရင် လ ည်း သည်းခံ ခွင့်လွှတ် နားလည်ပေးစေချင်ပါတယ်။

ကျေးဇူး တင်ပါတယ်ရှင့်” လို့ မြနှင်းရည် လွင် က ပြောပါတယ်။

အဆိုပါ ဇာတ်လမ်းတွဲ သရုပ်ဆောင်တွေ အနေနဲ့လည်း ဆန္ဒ ထုတ်ဖော်မှုများ စတင်စဉ်ကတည်း က လမ်းပေါ်မှာ

ပဋ္ဌာန်းရွတ်ဖတ်ခြင်းများ၊ တရားထိုင်ခြင်း၊ အမျှဝေခြင်းစတဲ့ ငြိမ်းချမ်းစွာ ဆန္ဒထု တ် ဖော် ခြင်းများကို ဘယ်သူ့ ကိုမှ ထိခိုက်ခြင်း မရှိဘဲ လုပ်နေတာ ဖြစ်ပါတယ်။

အာဏာရှင် စနစ် ဆန့်ကျင်ရေး ဆန္ဒထုတ် ဖော်မှုများ ကိုတော့ နေ့စဉ် ရက်ဆက်လိုလို ပြုလုပ်နေ ကြပြီး

အနုပညာရှင်များကလည်း ပြည်သူထဲက ပြည်သူ ဖြစ်တဲ့အတွက် ပါဝင်နေ ကြတာဖြစ်တယ် လို့ သိရပါတယ်။

Source:Irrwady

zawgyi

Add a Comment

Your email address will not be published. Required fields are marked *