တစ် ဖက် တစ် လမ်း ကနေ ကူညီ နေပြီးအမှိုက် တွေ ကောက်ကာ ကြုံတွေ့ နေရတဲ့ အခက်အခဲ တွေကို ပြောပြလာတဲ့ အောန်ဆိုင်း…

မော်ဒယ်မလေး အောန်ဆိုင်း ကတော့ လတ်တလော ဖြစ်နေတဲ့ လူထု လှုပ်ရှားမှု တွေမှာ သူမရဲ့ ချစ်သူ လေးနဲ့အတူ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေ တာလည်း ဖြစ်ပါတယ်။

လမ်းပေါ် တွင် သူတို့ရဲ့ ဆန္ဒ အမှန်တွေ ကို ထုတ်ဖော် နေကြတဲ့ ပြည်သူ တွေအတွက် လိုအပ်တဲ့ လှူဒါန်းမှု တွေကိုလည်း လုပ်ဆောင်ပေးနေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် လမ်းပေါ်တွင် အမှိုက်တစ်စ မျှမကျန် စေအောင်လည်း သူမရဲ့ မိတ်ဆွေ သူငယ်ချင်းများနဲ့ အတူ လိုက် ကောက်ကာ ကူညီပေးနေတာလည်း ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်းလောက် ကလည်း အောန်ဆိုင်းရဲ့ လူမှုကွန်ယက် စာမျက် နှာမှာ စာလေးတွေ တင်ထားတာလည်း ဖြစ်ပါတယ်။ ဒါကတော့

လမ်းပေါ်တွင်အမှိုက်ကောက်ကာ တစ်ဖက်တစ်လမ်းကနေ ကူညီနေပြီးကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပြောပြလာတာပဲ ဖြစ်ပါတယ်။

သူမကလည်း ” အမှိုက်ကောက်နေတဲ့ သူ တစ်ယောက်အ နေနဲ့ အမှိုက်ပစ်တဲ့ သူ တွေကို တောင်းဆိုပါရစေ အမှိုက်ကိုပစ်ခဲ့မယ် ချခဲ့မယ်ဆိုရင်လမ်းဘေးမှာဘဲ ပစ်ခဲ့ပါ,

မြောင်းထဲပစ်ခဲ့တဲ့အမှိုက် တွေဆို ကောက်ဖို့ ခက်ပါတယ် အချို့မြောင်းတွေဆို စိုနေတယ် ရေရှိနေတယ် ပြီးတော့နက်တော့ကျွန်မတို့ဆင်းကောက်ဖို့ အဆင်မပြေပါဘူး။

နောက်ပြီး ရေဘူးတွေပစ်မယ်ဆိုရင် အဖုံးဖွင့်ခဲ့ပေးပါ မဟုတ်ရင်ကျွန်မတို့က အဖုံး ဖွင့်ပြီး ရေသွန်ရပါတယ်… နောက်ပြီး အစားအသောက်, ရေလှူနေတဲ့သူတွေအများကြီးတွေ့ရတော့ ဝမ်းသာပီတိဖြစ်ပါတယ်

သူတို့ကိုလည်း တစ်ခုတောင်း ဆိုပါရစေ ရေဘူး, အစားအသောက်ဝေတဲ့အခါ ဖြစ်နိုင်ရင် အမှိုက်အိတ်ပါ ထည့်ပေးပါ အမှိုက်အိတ်တွေမရှိတော့ အဆင်ပြေသလို အမှိုက်တွေပစ်တာ တွေ့နေရတယ်

ဒီနေ့ဒီလမ်းကို အမှိုက်ရှင်းလိုက်တယ်နောက်နေ့ကျတော့လည်း မထူးမခြားနား ဆိုတော့ ကျွန်မတို့အခြေအနေ ကိုလည်း နားလည်ပေးပါ ကျေးဇူးတင်ပါတယ်

😇 အရေးအကြီးဆုံးက အားလုံးဘေးကင်းဖို့ အေးချမ်းဖို့ 🙏🏼🙏🏼🙏🏼 We must remain good citizens both in the good times and bad! Be responsible, remain peaceful and stay safe out there! 💪🏼💪🏼💪🏼 Phone Kyaw Moe Myint ” ဆိုပြီး ရေးသားထား တာပဲ ဖြစ်ပြီး

ပရိသတ်တွေအတွက် တစ်ဆင့် ပြန်လည်ကူးယူတင် ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Awn Seng’s Facebook Account

Add a Comment

Your email address will not be published. Required fields are marked *