အမေ များနေ့မှာ အမေ မရှိတဲ့ သားအတွက် အမျိုးသမီး ဝတ်စုံနဲ့ ပွဲတက် ခဲ့တဲ့ဖခင် ”

ချစ်ပရိသတ်ကြီး ရေ မိဘတွေဟာ ကိုယ့်ရဲ့သားသမီး တွေကို အကောင်းဆုံး ဖြစ်အောင် ထားချင် ကြပါတယ်။

ဒါပေမယ့် လည်း တစ်ခါတစ်ရံမှာ ဆက်ဆံရေး တစ်ခုကို ဘယ်လောက်ပဲ ကောင်းမွန်အောင် ထိန်းသိမ်းနေပါ‌စေ တစ်စုံ တစ်ယောက်ကို အတင်းအကျပ်စေခိုင်းပြီး ချစ်ခိုင်းလို့ တော့ မရပါဘူး။

အကြောင်း အမျိုးမျိုးနဲ့ မိဘတွေရဲ့ သဘောထား မတိုက်ဆိုင် မှုကြောင့် ကွဲကွာ သွားခဲ့တဲ့ မိသားစုတွေ လည်း အများကြီးရှိ ကြပါတယ်။

အိမ်ထောင် တစ်ခုမှာ မိဘတစ်ဦးက ခွဲခွာသွား တဲ့အခါမှာ လည်း ကျန်ခဲ့တဲ့ မိဘတစ်ဦးဟာ သားသမီး အားလုံးကို တာဝန်ယူ စောင့်ရှောက်ကြရမှာပါ။

များသော အားဖြင့် ကလေးများကို မိခင်က စောင့်ရှောက် လေ့ရှိကြပေမယ့် ဖခင်က သားသမီးတွေကို လူလား မြောက်အောင် ပြုစုပျိုးထောင်ရတဲ့ အခြေအနေ တွေလည်း ရှိပါတယ်။

ထိုင်းနိုင်ငံမှ အသက် ၃၂နှစ်အရွယ် Chatchai Parn-uthai လို့ခေါ်တဲ့ အမျိုးသားတစ်ဦးဟာ သူ့ရဲ့သား အားမငယ်စေဖို့ အတွက်အမေများနေ့ အခမ်းအနားကို တက်ရောက် ပေးဖို့

ပန်းရောင် အမျိုးသမီးဝတ်စုံကို ဝတ်ဆင်ကာ ခေါင်းမှာဖဲပြား လေးတပ်ပြီး အခမ်းအနားကို တက်ရောက် ပေးခဲ့ပါတယ်။

သူ့ရဲ့သား ကိုချစ်တဲ့ကြီးမား လွန်းတဲ့မေတ္တာဟာ အခမ်းအနား ထဲမှာ ရှက်ကြောက် စိတ်လုံးဝမရှိခဲ့ပါဘူး။

ကမ္ဘာ့အမေ များနေ့ကို မေလအတွင်းမှာကျင်းပ ကြပေမယ့် ထိုင်းနိုင်ငံမှာ သူတို့ရဲ့ ဘုရင့် မိဖုရားကြီး Sirikit ရဲ့မွေးနေ့ ဖြစ်တဲ့ ဩဂုတ်လ ၁၂ မှာကျင်းပ ကြပါတယ်။

Chatchai မှာ တော့ အသက် ၃ နှစ်နဲ့ ၅ နှစ်အရွယ် ကလေးနှစ်ဦးရှိပြီး သူရဲ့ ဇနီးကတော့ လွန်ခဲ့တဲ့ ၃ နှစ်လောက်က သူတို့ရဲ့မိသားစုထဲကနေ ထွက်ခွာသွားခဲ့ပါတယ်။

အမေများ နေ့မှာ ကလေးတွေဟာ သူတို့ရဲ့ မိခင်တွေနဲ့အတူ ပျော်ရွှင်စွာ ဆင်နွှဲ့လေ့ရှိ ကြပေမယ့် Chatchai ရဲ့ကလေး နှစ်ဦးမှာတော့ မိခင်မရှိတာကြောင့် ကျင်းပခွင့် မရကြပါဘူး။

ဒါကြောင့် Chatchai ဟာ သူ့ကလေး တွေကို ပျော်ရွင်စရာ အချိန်ကောင်းတွေ ပေးချင်တာ ကြောင့် သူ့အနေနဲ့ အမျိုးသမီးလို ဝတ်စားဖို့ဆုံးဖြတ်ခဲ့တာပါ။

“ကျွန်တော်ဟာ ကလေးနှစ်ဦးရဲ့ ဖခင်တစ်ယောက်ပါ။ ကျွန်တော်သားတွေ အတွက်ဆို ဘာမဆို လုပ်နိုင်တယ်”လို့ Chatchai က ဆိုပါတယ်။

“ကျွန်တော်ကလေးတွေ စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းနေတာ ကိုမလိုချင်ပါဘူး။ သူတို့ အမြဲပျော်နေတာပဲမြင်ချင်တာပါ။

ကျွန်တော် ဒီအမျိုးသမီးဝတ်စုံကို ဝတ်ရလို့လုံးဝမရှက်ပါဘူး။

အဲဒါက ကျွန်တော်သားတွေကို အရမ်းချစ်လို့ပါပဲ။ သူတို့ပျော်နေတာမြင်ရတဲ့ကာလပတ်လုံး ကျွန်တော်ပေးဆပ်ရကျိုးနပ်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

လူတွေက သူ့ရဲ့ဝတ်စုံကို ကြည့်ပြီး ပြုံးရီခဲ့ကြပေမယ့် Chatchai ကတော့ သူ့ရဲ့သားတွေ ပျော်ရွှင်စေဖို့ အတွက် သူ့ရဲ့ အရှက် သိက္ခာတွေကို လျစ်လျူရှု ထားခဲ့ပါတယ်။

Unicode

Add a Comment

Your email address will not be published. Required fields are marked *