အမေ့ ကျန်းမာရေး ကြောင့် တော်လှန်ရေး မှာ မပါဝင် နိုင်ခဲ့တဲ့ အကြောင်းအရင်း ပြောလာတဲ့ မိုးဟေကို…..

အားလုံးသိ စေချင်လို့ တချို့ကလဲ အထင်မြင် လွဲနေကြတဲ့ သူတွေ ရှိနေလို့ အမှန်တကယ် ဖြစ်နေတာလေးကို ကိုယ်ကိုယ်တိုင် မနေ့က ဆေးရုံရောက် သွားတော့မှ အန်တီ့ရဲ့ ခြေနေကို တွေ့လိုက် ရမှဘဲ ငါဆိုရင်ရော ဆိုတဲ့ အတွေးလေး ဝင်လာပြီး မိုးအတွက် အခုလိုလေး ကိုယ်ချင်းစာ နားလည်ပြီး အားလုံး အမြင်လေး ရှင်း စေချင်လို့ပါ

အန်တီကဒီလို ကုတင် ပေ်မှာဘဲ နေပြီး နိုင်ငံခြားမှာ သွားသွားကု နေရတာတော့ ကြာပြီပေါ့နော် ဒါပေမယ့် တကယ်အရေးပေါ် ခြေနေလူစောင့်ကြည့်နေရတဲ့ အနေအထားစပြီး ဖြစ်တာကတော့ january, 2021 ကထဲကပါ ဒါ့ကြောင့် အဲ့ဒီလ တွေရက်တွေကထဲက

မိုးကအနုပညာ အလုပ်တွေဆို ရင်တောင် နယ်ကိုရက်ရှည် ခရီးထွက်ရမည့်အလုပ်ဆိုရင် တောင်မလုပ်နိုင် တော့ဘဲအန်တီ့ အနားမှာဘဲအမြဲ စောင့်ကြည့် နေရတယ် ညဘက်ဆိုလဲ မိခင်ဖြစ်သူကနာကျင် ကိုက်ကဲနေတော့ ညီးတွားသံ ကြားရ ပြန်တော့လဲမိုးလဲ ဘယ် အိပ်ပျော်မလဲ

နိုင်ငံခြားမှာ သွားကုနေ ကြကိုကိုဗစ် ဖြစ်တော့ ပြည်ပ ထွက်ခွင့် မရပြန်တော့ ထွက်မကုရ ပြန်ဘူးထွက်လို့ ရပြန်တော့လဲ အန်တီက နေရာအရွေ့အပြောင်းလေးတောင် မခံနိုင်အောင်နာကျင်စွာ ခံစားနေရတော့ သွားလို့မရတော့ ပြန်မိုးအနေနဲ့ အပြင်ထွက် ပြန်ရင်လဲ ကိုဗစ်ရောဂါ

သူ့ကိုကူးလာရင် အမေ့နားမှာ အမြဲ နေရသူ ကိုယ်တိုင် ပြုစုနေရသူဆိုတော့ အမေ့ကို ပြန်ကူးမှာ ကြောက်နေရပြန်ရောအခု နိုင်ငံရေးမှာလဲသူကိုယ်တိုင်ပထမပိုင်းမှာ ပြည်သူနဲ့ အတူရပ်တည်ပြီး ပါဝင်ခဲ့ပါတယ် တတ်အားသရွေ့လဲ speak out လုပ်ပေးခဲ့တာတွေ ရှိပါတယ်

နောက်ပိုင်း ဘာလို့မလုပ် တာလဲလို့ ပြောရရင်တော့ ၅၀၅ ပြသနာပေါ့ မိုးသာ ၅၀၅အထုတ်ခံရရင် ဝရမ်းထုတ်လိုက်ပြီ ဆိုတာနဲ့ ပြေးရပြီလေအာ့ဆို ဒီအမေကြီးကိုဘယ်သူပြုစုမှာလဲ သူကိုယ်တိုင် ပိုက်ဆံ ရှာသူကိုယ်တိုင် ပြုစုနေရသူ သူသာဝရမ်းကို ရှောင်နေရပြီဆို ကျောက်ကပ် ခဏခဏ ဆေးနေရပြီး

ဆေးရုံပေါ် ၃လကြာ အခုချိန် ထိလဲ ဆေးရုံ ၂ ခုပြောင်းနေရတဲ့ လူမမာ မိခင် အတွက်ဘယ်သူ ပိုက်ဆံရှာပေးမလဲ ဘယ်သူစီစဉ် ညွှန်ကြားမလဲကုန်လိုက်တဲ့ ဆေးဖိုး တွေကလဲ မနည်းလှတော့ဘူးလေ ဒီပိုက်ဆံတွေအတွက် ဒီလိုကာလမှာမိုးကိုယ်တိုင် စီစဉ် လှုပ်ရှားနေရ တာပါ

ကျွန်မလဲ ယော်ကျားမရှိတဲ့ အိမ်ထောင်ဦးစီး တစ်ယောက် ဖြစ်လို့ ကျွန်မသူ့ နေရာကနေ အိမ်ထောင်စုမိသားစု တစ်ခုလုံးအပြင်လူမမာ မိခင်ကြီးအတွက် ရုန်းကန်လှုပ်ရှားပြီးမိခင် အတွက်အားလုံးကို မျကိစိစုံမှိတ်ပြီး နေနေရတာပါ ပြည်သူအတွက် ကွယ်ရာ မှာအံကြိတ် မချိတင်ကဲ ဖြစ်နေရပေမယ့်လဲ

သူမရှိရင်သူ့မိခင်အတွက် အဆင်မပြေမှာစိုးလို့ သူ့ခမျာ ပရိသတ်တချို့ရဲ့ အထင်မြင်လွဲခြင်း ကိုခံနေရတာပါအားလုံးကို နားလည်ခွင့်လွှတ်ပေးကြပါနားလည် ခွင့်လွှတ်ပေးစေချင်ပါတယ်မိုး ကိုယ်တိုင်ကလဲ ပြည်သူနဲ့ တသားတည်း ရှိပါကြောင်း အထင်မြင် မလွဲပါနဲ့လို့ တင်ပြအပ် ပါတယ်

Credit ; Myanmar Celebrity TV Club

Add a Comment

Your email address will not be published. Required fields are marked *